လှည်းတန်းလမ်းဆုံမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ပြည်သူတွေကိုဖမ်းဆီးပြီး လမ်းရှင်းခိုင်း

ရန်ကုန်၊ မတ် ၁၇-၂၀၂၁
အေးချမ်းသူ(VOM)

ကမာရွတ်မြို့နယ် လှည်တန်းလမ်းမကြီးပေါ်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ မတ် ၁၇ရက် မနက် ၁၁နာရီခွဲအချိန်က ပြည်သူတွေကိုဖမ်းဆီးပြီး လမ်းရှင်းခိုင်းခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

“လမ်းပေါ်ထွက်လာတဲ့ သူတွေကို ဖမ်းတယ် ပြီးတော့ သဲအိတ်တွေ ဖယ်ခိုင်းတယ် လာတဲ့ကားတွေပါ တားပြီးဖမ်းတာဟု ” ဦးထွန်းလင်းခြံလမ်းမှာ နေထိုင်တစ်ဦးက ပြောပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ အမှိုက်ကားအကြီးအသေးနှစ်စီးနဲ့ လာရောက်ပြီး လမ်းပေါ်လာသမျှလူတွေကို ဖမ်းဆီးကာ လမ်းပေါ်ချထားတဲ့ သဲအိတ်တွေကို ရှင်းခိုင်းတာလို့ လှည်းတန်းစျေးအနားက ပြည်သူတစ်ဦးကပြောပါတယ်။

“လာတဲ့ကားတွေရော ဆိုက်ကားတွေရော အမှိုက်လာပစ်တဲ့သူတောင်မချန်ဘူး အကုန်ဖမ်းပြီးလမ်းရှင်းခိုင်းတာ”လို့ ပြောပါတယ်။

လမ်းရှင်းခိုင်းပြီးနောက် ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #လှည်းတန်း #လမ်းရှင်းခိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW