ဖားကန့်ဒေသ မတ် ၂၄ ရက်မြင်ကွင်းများ

ဖားကန့်၊မတ်လ-၂၄ -၂၀၂၁ နောင်ရိုး မတ်လ ၂၄ ရက်ဒီနေ့မှာ ​မြန်မာနိုင်ငံအနှံ့ အသံတိတ်သပိတ်သပိတ်လုပ်မယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့် ဖားကန့်ဒေသက စျေးဆိုင်ခန်းတွေ ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားပေမယ့် တချို့နေရာမှာတော့ လူသွားလူလာ အနည်းငယ် တွေ့ရပါတယ်။ ဖားကန့်မြို့မှာ လူဦးရေ လေးသိန်းနီးပါးရှိနေပေမယ့် အရင်နေ့တွေကထက် တိတ်ဆိတ်နေကြောင်း ဒေသခံတွေကဆိုပါတယ်။ #voiceofmyanmar #vom #ဖားကန့်

Read More

တောင်ငူမြို့က တိတ်တဆိတ်သပိတ်

မတ်၂၄-၂၀၂၁ KLY(VOM) တောင်ငူမြို့ပေါ်မှာ ဒီကနေ့ မနက် ၆ နာရီကနေ ညနေ၃ နာရီအထိ ပြုလုပ်နေတယ့် Silence Strike (တိတ်တဆိတ်သပိတ်) ၈၀ % အောင်မြင်တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ ” မနက်က ပျံကျဈေး‌အချို့မှာ လူအနည်းငယ်ရှိပေမယ့် ဈေးကြီးတွေမှာ လူလုံးဝမရှိဘူး။ ဆိုင်တွေလည်း ပိတ်ထားကြတယ်။ မြို့ထဲလို့ခေါ်တဲ့ဗိုလ်မှူးဖိုးကွန်းလမ်း ကုန်သည်ကြီးလမ်းနဲ့ ၆ လမ်းလိုနေရာတွေဆို ဘာဆိုင်မှကိုမဖွင့်ဘူး”လို့ မြို့ထဲကို လိုက်လံကြည့်ရှူနေသူ တစ်ဦးက ပြောပါတယ်။ တောင်ငူမြို့ပေါ်က လူတန်းစားအလွှာအသီးသီးဟာ ဖေဖော်ဝါရီ ၈ ရက်နေ့ ကတည်းက ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ်ပြုလုပ်နေကြတာဖြစ်ပြီး အခုရက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ပွဲအချို့ နည်းပါးသွားပေမယ့် Silence Strike ကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပေးခဲ့ကြပါတယ်။ တောင်ငူမှာ ဆန္ဒဖော်ထုတ်ပွဲတွေကို ဖြိုခွဲတာတွေပြုလုပ်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရသူ သေဆုံးသူမရှိပေမယ့် ဖမ်းဆီးခံထားရသူ ၄၀ နီးပါးရှိနေပြီး အချို့ကို…

Read More

မန္တလေးမြို့ မတ်လ ၂၄ ရက်နေ့ မြင်ကွင်း

မန္တလေး၊ မတ်- ၂၄- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့အတွင်းမှာ အရင်ရက်တွေကထက် အသွားအလာ နည်းပါးပြီး ဈေးဆိုင်အများအပြား ပိတ်ထားတာကိုလည်း တွေ့ရပါတယ်။ မန္တလေးဘူတာကြီးထဲမှာတော့ မီးရထားဝန်ထမ်းဟောင်းတွေကို ပင်စင်လစာ ထုတ်ပေးနေတာကိုလည်း တွေ့ရပါတယ်။ အောင်ပင်လယ်ရပ်ကွက်နဲ့ မနော်ဟရီလမ်းတွေပေါ်မှာတော့ စစ်တပ်နဲ့ ရဲတွေက အင်အားအများအပြားနဲ့ ကင်းလှည့်နေတယ်လို့လည်း သိရပါတယ်။ #VOM #Mandalay #voiceofmyanmar #မန္တလေး #ပင်စင်

Read More

လူသူကင်းမဲ့နေတဲ့ တောင်ကြီးမြို့

မတ် ၂၄-၂၀၂၁ နေနန်းနွယ် (VOM) ဒီနေ့ မတ် ၂၄ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံး အသံမဲ့သပိတ် (Silent Strike) အဖြစ် လူမှုကွန်ယက်ကနေ ဆော်ဩထားတာကြောင့် တောင်ကြီးမြို့မှာလည်း စျေးဆိုင်တွေ၊ ကုန်တိုက်တွေ အကုန်ပိတ်ပြီး လူသွားလူလာကင်းမဲ့နေတာကို တွေ့ရပါတယ်။ #VoiceOfMyanmar #VOM #တောင်ကြီး #အသံတိတ်သပိတ်

Read More

လုံခြုံရေးကားတွေ မြို့တွင်းလှည့်လည်နေပေမယ့် ကသာမှာ ဆန္ဒဆက်ပြ

ကသာ၊မတ် ၂၄-၂၀၂၁ SKT စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ ဒီနေ့ မတ် ၂၄ရက် မနက်ပိုင်းက လုံခြုံရေးကားတွေ မြို့တွင်းလှည့်လည်နေပေမယ့် အာဏာရှင်စနစ်ကျဆုံးရေးအတွက် ပြည်သူတွေက ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကား၊ ရဲကား၊ အချုပ်ကားတွေပါဝင်တဲ့ လုံခြုံရေးကား လေးစီးဟာ မြို့တွင်လှည့်ပတ်နေတာကို အခုရက်ပိုင်းအတွင်း တွေ့ရှိနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လုံခြုံရေးကားတွေ လှည့်လည်နေပေမယ့် ကသာမြို့ဒေသခံတွေကလည်း နေ့စဉ်မနက်ပိုင်း လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်ခြင်းနဲ့ ညပိုင်းမီးထွန်းဆုတောင်းဆန္ဒဖော်ထုတ်ခြင်းကို မပျက်မကွက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ကသာ #ဆန္ဒပြ

Read More

ရန်ကုန်မြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ ၇၀၀ကျော်ကို ပြန်လွှတ်​

ရန်ကုန်၊ မတ် ၂၄-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူတွေအနက် အယောက် ၇၀၀ကျော်ကို ဒီနေ့ မတ် ၂၄ ရက် မနက်ပိုင်းက အင်းစိန်အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့တယ်လို့ ရှေ့နေတွေကနေ သိရပါတယ်။ ဒီနေ့ ပြန်လည်လွတ်​မြောက်သူတွေဟာ မတ်လ၂ရက်နဲ့ ၃ရက်နေ့က ရန်ကုန်မြို့ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးထားသူတွေထဲက အချို့ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေဦးမြင့်အောင်က VOMကို ပြောပါတယ်။ “ဒီနေ့တော့ သုံးရာလောက်ပဲလွှတ်မယ်ထင်တယ်၊ ခွဲလွတ်မယ်လို့သိရတယ်။ အားလုံးပေါင်း ၇၀၀ပြန်လွှတ်တာပါ” လို့ ပြောပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ တောင်ဥက္ကလာပမှာ နေထိုင်သူတစ်ဦးက “ကျွန်မက ဆန္ဒပြလဲမပြဘူး fbပေါ်မှာဘာပို့စ်မှလည်းမတင်ဘူး ဒလန်ကချွန်လို့သံပုံးတီးလို့ အိမ်ပေါ်အထိတက်ဖမ်းတာ” လို့ VOMကို ပြောပါတယ်။ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးရာမှာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းအသီးသီးသို့ YBSယာဉ်တွေနဲ့ တင်ဆောင်ပြီးနောက် ရဲစခန်းကနေတဆင့် ပြန်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ တပ်မတော်မှ အာဏာရယူပြီးနောက် ဖေဖော်ဝါရီ၁ရက်ကနေ မတ်လ…

Read More

မတ်လ ၂၃ရက် အောင်ပင်လယ် ပစ်ခတ်မှုဖြစ်စဥ်မှာ ၁၂ နှစ်အရွယ် မိန်းကလေး ကျည်ထိမှန်သေဆုံးခဲ့

မတ် ၂၄ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ၁၀၅လမ်းနဲ့ ၁၀၆လမ်းကြား ၅၂Cလမ်းမှာ မနေ့ မတ်လ၂၃ရက် ပစ်ခတ်မှုဖြစ်စဥ်အတွင်း မခင်မျိုးချစ်၊ အသက် ၁၂ နှစ်အရွယ် ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ မနေ့က ပစ်ခတ်မှုဖြစ်စဥ်အတွင်း နေအိမ်အတွင်း အပေါ်ထပ်မှာ တိမ်းရှောင်နေချိန် ၇ နှစ် အရွယ် မခင်မျိုးချစ် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာတော့ ရေးသားဖော်ပြထားကြတာကိုလည်း တွေ့ရပါတယ်။ ဆေးခန်းမှာဖခင်ကိုယ်တိုင် ကနဦးအကြောင်းကြားချက်မှာ ၁၂ နှစ်လို့ပြောခဲ့တယ်လို့သိရပြီး နောက်ပိုင်းလူမှုကွန်ယက်မှာ ၇ နှစ်လို့ထွက်ပေါ်ရေးသားတာတွေ့ရပေမယ့် ဖွားစာရင်းမကြည့်ရသေးသလို မိသားစုနဲ့ VOM သီးခြားမတွေ့ရသေးတာမို့ သေဆုံးသူရဲ့ အသက်သီးခြား အတည်ပြုချက်မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ ဆန္ဒပြမှုဖြစ်စဥ်တွေအတွင်း ကျည်ထိမှန် ကျဆုံးခဲ့သူအရေအတွက်ဟာ မတ်လ ၂၂ရက်နေ့အထိ ၂၁၇ဦး ရှိပြီဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #၁၂နှစ်အရွယ် #မိန်းကလေး…

Read More

ကျွန်းလှမြို့က အသံတိတ်သပိတ်

မတ် ၂၄ -၂၀၂၁ Photo-ANM စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ပေါ်မှာ ဒီကနေ့မနက်ပိုင်းစပြီး စျေးဆိုင်တွေပိတ်၊ အိမ်တံခါးတွေပိတ်ပြီး အသံတိတ်သပိတ်ပြုလုပ်နေတာပဲဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကျွန်းလှ #အသံတိတ်သပိတ်

Read More
VOM News

FREE
VIEW