လုံခြုံရေးကားတွေ မြို့တွင်းလှည့်လည်နေပေမယ့် ကသာမှာ ဆန္ဒဆက်ပြ

ကသာ၊မတ် ၂၄-၂၀၂၁
SKT

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ ဒီနေ့ မတ် ၂၄ရက် မနက်ပိုင်းက လုံခြုံရေးကားတွေ မြို့တွင်းလှည့်လည်နေပေမယ့် အာဏာရှင်စနစ်ကျဆုံးရေးအတွက် ပြည်သူတွေက ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကား၊ ရဲကား၊ အချုပ်ကားတွေပါဝင်တဲ့ လုံခြုံရေးကား လေးစီးဟာ မြို့တွင်လှည့်ပတ်နေတာကို အခုရက်ပိုင်းအတွင်း တွေ့ရှိနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လုံခြုံရေးကားတွေ လှည့်လည်နေပေမယ့် ကသာမြို့ဒေသခံတွေကလည်း နေ့စဉ်မနက်ပိုင်း လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်ခြင်းနဲ့ ညပိုင်းမီးထွန်းဆုတောင်းဆန္ဒဖော်ထုတ်ခြင်းကို မပျက်မကွက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ကသာ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW