မန်းသံပုရာကန်ရေနံချက်စက်ရုံကို အစားထိုးဝန်ထမ်းတွေနဲ့လည်ပတ်ဖို့ ကြိုးပမ်းနေ

မတ် ၂၄ -၂၀၂၁ Voice Of Myanmar မကွေးတိုင်း၊ အထက်မင်းလှမြို့၊ မန်းသံပုရာကန်ရေနံချက်စက်ရုံကို အစားထိုးဝန်ထမ်းတွေ နေ့စားလုပ်သားတွေနဲ့ လည်ပတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အဲ့ဒီစက်ရုံက အရာထမ်း အမှုထမ်းတွေဟာ CDM အဖြစ် ဆက်လက်ရှိနေကြတယ်လို့လည်း သိရပါတယ်။ နစခကောင်စီရဲ့အမိန့်ကိုနာခံပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်ရုံလည်ပတ်ဖို့ ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။ ” CDMလုပ်နေတဲ့ ဝန်ထမ်း ဦးအောင်နိူင်ဦးကို ၅၀၅ က နဲ့ တရားစွဲဆိုထားပြီး ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့တယ်၊ CDMလုပ်ထားတဲ့ ဝန်ထမ်းတွေကိုလည်း တရားစွဲဆိုတာတွေမဖြစ်လိုရင် အလုပ်ဆင်းကြဖို့ ခြောက်လန့်ပြောဆိုတာတွေလည်း ရှိနေပါတယ်၊ တပ်မတော်အင်ဂျင်နီယာကျောင်းဆင်းတဲ့ စစ်ဗိုလ်တွေဦးဆောင်ပြီး စက်ရုံလည်ပတ်ဖို့ ကြိုးစား‌နေပေမယ့် စက်ရုံကတော့ လည်ပတ်လာခြင်းမရှိသေးဘူး”လို့ CDM ပြုလုပ်နေတဲ့ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။ အခုလက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်က အမှတ်(၃) ဓါတ်မြေဩဇာစက်ရုံ ကျော်စွာ၊ အမှတ်(၄)ဓါတ်မြေဩဇာစက်ရုံ မြောင်းတကာ၊…

Read More

အလှူအိမ်က ထမင်းပေါင်းအိုး ပေါက်ကွဲလို့ လူ ၂ ဦးသေ ၅ ဦး ဒဏ်ရာရ

မတ် ၊ ၂၄ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ ညောင်ပင်သာကျေးရွာမှာ ပြုလုပ်တဲ့ အလှူပွဲတစ်ခုမှာ ဒီကနေ့ မတ် ၂၄ ရက် မနက် ၉ နာရီ ဝန်းကျင်က ဧည့်ပရိတ်သတ် ကျွေးမွေးဧည့်ခံဖို့ တည်ထားတဲ့ ထမင်းဘွိုင်လာပေါင်းအိုး ပေါက်ကွဲခဲ့တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ အလှူပွဲမှာသွားရောက် ကူညီလုပ်ကိုင်ပေးနေသူ တစ်ယောက်က ” ဖြစ်တာက ဘုန်းကြီးကျောင်းထဲမှာပါ ၊ ထမင်းပေါင်းအိုး ပေါက်ကွဲထိမှန်တဲ့အတွက် အသက် (၂၂) နှစ်အရွယ် လူငယ် အမျိုးသား တစ်ယောက်က ဦးခေါင်းပြတ်ဒဏ်ရာနဲ့ သေဆုံးတယ် ၊ နောက်တစ်ယောက်က အသက် (၂၅) တစ်ယောက်က ဝမ်းဗိုက်ပွင့် ဒဏ်ရာနဲ့ သေဆုံးပြီး လူ ၅ ဦး…

Read More

မန္တလေး အင်ဂျင်နီယာ အဖွဲ့ရဲ့ အသံတိတ်သပိတ်

မန္တလေး၊ မတ်- ၂၄- ၂၀၂၁ ဓာတ်ပုံ (MEG) မန္တလေးမြို့က အင်ဂျင်နီယာတွေ ပူးပေါင်းပြီး ဒီကနေ့ အိမ်ထဲကနေ အိမ်အပြင်ကို မထွက်ပဲ အသံတိတ်ဆန္ဒပြမှု(Silent Strike)ကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #Engineers #Group #SilentStrike

Read More

မန္တလေးသံဃသမဂ္ဂစစ်ကြောင်းရဲ့ အာနာပါနဿတိ သပိတ်

မတ် ၂၄ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့ သံဃသမဂ္ဂသပိတ်စစ်ကြောင်း သံဃာတော်တွေရဲ့ အာနာပါနဿတိ သပိတ်ကို ဒီကနေ့ နေ့လယ်ပိုင်းကပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #သံဃသမဂ္ဂ #အာနာပါနဿတိသပိတ်

Read More

AP သတင်းထောက် အမှုကနေ ပြန်လည်လွတ်မြောက်

ရန်ကုန်၊မတ် ၂၃-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်က ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်တွေထဲက APသတင်းဌာနက ဓာတ်ပုံသတင်းထောက်ကိုသိန်းဇော်ကို ဒီနေ့ မတ် ၂၄ရက်နေ့ ရုံးချိန်းမှာ တရားလိုက အမှုရုပ်သိမ်းခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်ပြီဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်ကနေ သိရပါတယ်။ “ဒီနေ့ သတင်းထောက်လေးဦး ရုံးချိန်းမှာ APသတင်းဌာနက ကိုသိန်းဇော်ကို တရားလိုဖြစ်တဲ့ ဒုရဲမှုးက အမှုပိတ်သိမ်းကြောင်းလျှောက်တယ်။ ပြန်လွတ်ပြီပေါ့ ကျန်တဲ့သူတွေတော့မပါသေးဘူး”လို့ VOM ကို ပြောပါတယ်။ ကမာရွတ်မြို့မရဲစခန်းက ဒုရဲမှုးမျိုးဦးက တရားလိုလုပ်ပြီး 7dayသတင်းဌာနမှ သတင်းထောက်အောင်ရဲကို၊ ဇီးကွက်သတင်းဌာနမှ သတင်းထောက်ဟိန်းပြည့်ဇော်၊ အလွတ်တန်းသတင်းထောက်ကိုဗညားဦး၊ MPA သတင်းဌာနက ကိုရဲမျိုးခန့် နဲ့ APသတင်းဌာနမှ ကိုသိန်းဇော်တို့ကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာမှာ ဒီနေ့မှာ AP သတင်းထောက်တဦးတည်းကို အမှုပိတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဆန္ဒပြပွဲသတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့…

Read More

ဖားကန့်ဒေသ မတ် ၂၄ ရက်မြင်ကွင်းများ

ဖားကန့်၊မတ်လ-၂၄ -၂၀၂၁ နောင်ရိုး မတ်လ ၂၄ ရက်ဒီနေ့မှာ ​မြန်မာနိုင်ငံအနှံ့ အသံတိတ်သပိတ်သပိတ်လုပ်မယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့် ဖားကန့်ဒေသက စျေးဆိုင်ခန်းတွေ ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားပေမယ့် တချို့နေရာမှာတော့ လူသွားလူလာ အနည်းငယ် တွေ့ရပါတယ်။ ဖားကန့်မြို့မှာ လူဦးရေ လေးသိန်းနီးပါးရှိနေပေမယ့် အရင်နေ့တွေကထက် တိတ်ဆိတ်နေကြောင်း ဒေသခံတွေကဆိုပါတယ်။ #voiceofmyanmar #vom #ဖားကန့်

Read More

တောင်ငူမြို့က တိတ်တဆိတ်သပိတ်

မတ်၂၄-၂၀၂၁ KLY(VOM) တောင်ငူမြို့ပေါ်မှာ ဒီကနေ့ မနက် ၆ နာရီကနေ ညနေ၃ နာရီအထိ ပြုလုပ်နေတယ့် Silence Strike (တိတ်တဆိတ်သပိတ်) ၈၀ % အောင်မြင်တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ ” မနက်က ပျံကျဈေး‌အချို့မှာ လူအနည်းငယ်ရှိပေမယ့် ဈေးကြီးတွေမှာ လူလုံးဝမရှိဘူး။ ဆိုင်တွေလည်း ပိတ်ထားကြတယ်။ မြို့ထဲလို့ခေါ်တဲ့ဗိုလ်မှူးဖိုးကွန်းလမ်း ကုန်သည်ကြီးလမ်းနဲ့ ၆ လမ်းလိုနေရာတွေဆို ဘာဆိုင်မှကိုမဖွင့်ဘူး”လို့ မြို့ထဲကို လိုက်လံကြည့်ရှူနေသူ တစ်ဦးက ပြောပါတယ်။ တောင်ငူမြို့ပေါ်က လူတန်းစားအလွှာအသီးသီးဟာ ဖေဖော်ဝါရီ ၈ ရက်နေ့ ကတည်းက ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ်ပြုလုပ်နေကြတာဖြစ်ပြီး အခုရက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ပွဲအချို့ နည်းပါးသွားပေမယ့် Silence Strike ကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပေးခဲ့ကြပါတယ်။ တောင်ငူမှာ ဆန္ဒဖော်ထုတ်ပွဲတွေကို ဖြိုခွဲတာတွေပြုလုပ်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရသူ သေဆုံးသူမရှိပေမယ့် ဖမ်းဆီးခံထားရသူ ၄၀ နီးပါးရှိနေပြီး အချို့ကို…

Read More
VOM News

FREE
VIEW