မတ် ၂၁ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့မှာ ဆန္ဒပြတာတွေကို တားဆီးမှုတွေလုပ်နေပေမယ့် မြတောင်သပိတ်စစ်ကြောင်းကတော့ ပုံမှန်အတိုင်း ချီတက်လမ်းလျှောက်ဆန္ဒပြတာကို ဒီကနေ့မနက်မှာ ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မြတောင်စစ်ကြောင်း
Read MoreMonth: March 2021
မန္တလေး အင်ဂျင်နီယာအဖွဲ့ရဲ့ ဒုတိယအကြိမ် လူမဲ့သ ပိတ်
မန္တလေး၊ မတ်- ၂၁- ၂၀၂၁ ဓာတ်ပုံ(MEG) မန္တလေးမြို့ အင်ဂျင်နီယာများအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် လူမဲ့သပိတ်ကို ဒီကနေ့မနက်ပိုင်းက မနော်ဟရီလမ်းမပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #MEG #ဆန္ဒပြ #မန္တလေး #အင်ဂျင်နီယာ
Read Moreအိန္ဒိယရောက် မြန်မာတွေကို ကူညီထောက်ပံ့ဖို့ အိန္ဒိယ အနုပညာရှင်တွေ ရန်ပုံငွေရှာ
မတ် ၂၁ -၂၀၂၁ ကိုတိုးကြီး(VOM) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်း အချိန်ကစလို့ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် အိုက်ဇောမြို့ကို ခိုလှုံနေထိုင်ဖို့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီထောက်ပံ့ဖို့ အစီအစဥ် တစ်ရပ်အနေနဲ့ အိန္ဒိယ အနုပညာရှင်တွေက မနေ့ မတ် ၂၀ ရက်နေ့မှာ ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။ မီဇိုရမ်းပြည်နယ် အိုက်ဇောမြို့ရဲ့ မတူကွဲပြားတဲ့နေရာတွေမှာ အနုပညာရှင်တွေက Mobile Charity Concert ဖျော်ဖြေမှုတွေပြုလုပ်ပြီး ရံပုံငွေ ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်မှုနဲ့ ကူညီပေးခဲ့ကြတဲ့ အတွက် မနေ့ စနေနေ့တစ်ရက်ထဲမှာ ရန်ပုံငွေ ၅ သိန်း ၊ ၁ သောင်း ၊ ၉ ရာ ၊ ၉ ရူပီး ရရှိခဲ့ပါတယ်။ အဲ့ဒီ ဒေသကို ခိုလှုံနေထိုင်ဖို့ ဝင်ရောက်လာတဲ့…
Read Moreမန္တလေးက “ဒေါင်းစစ်သည်” သပိတ်စစ် ကြောင်း
မန္တလေး၊ မတ်- ၂၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဒေါင်းစစ်သည်အမည်နဲ့ သ ပိတ်စစ်ကြောင်းတစ်ခု ဒီကနေ့မနက်အစောပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #MDY #Mandalay #ဒေါင်းစစ်သည် #ဆန္ဒပြ #မန္တလေး
Read MoreCDM လုပ်ထားတဲ့ မီးရထားဝန်ထမ်းတွေ လိုင်းခန်းတွေကနေ အပြီးရွှေ့ပြောင်းနေရ
မန္တလေး၊ မတ်-၂၁- ၂၀၂၁ ရှိုင်းအောင်(VOM) အာဏာရှင် ဆန့်ကျင်တဲ့အနေနဲ့ မန္တလေးမြို့၊ ဘူတာကြီးက မီရထားဝန်ထမ်းတွေလည်း CDM မှာ ပါဝင်ခဲ့တာကြောင့် နေထိုင်ရာ လိုင်းခန်းတွေကနေ အပြီးရွှေ့ပြောင်းနေကြရတာဖြစ်ပါတယ်။ မန္တလေးတိုင်း စီမံအုပ်ချုပ်ရေးကောင်စီက မတ်လ ၂၀ ရက်နေ့မှာ မီးရထားဝန်ထမ်းတွေကို ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီညွှန်ကြားစာမှာတော့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းဖြစ်စေ၊ မပါဝင်တဲ့ ဝန်ထမ်းဖြစ်စေ မတ်လ ၂၂ ရက်နေ့မှာ ရုံးပြန်တက်ဖို့ ညွှန်ကြားထား တာကိုတွေ့ရပါတယ်။ ရုံးတက်ရောက်ခြင်းမရှိတဲ့ ဝန်ထမ်းတွေကိုတော့ မတ်လ ၂၅ ရက်နေ့နောက်ဆုံးထားပြီး နေထိုင်ရာလိုင်းခန်းတွေကနေ ဖယ်ရှားပေးဖို့နဲ့ ဖယ်ရှားခြင်းမရှိတဲ့ နေအိမ်လိုင်းခန်းတွေကို အင်အားသုံးဖယ်ရှားဖို့လည်း ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။ “အစီအစဥ်မရှိဘဲ ရွှေ့ရတော့ နေရေးထိုင်ရေးအတွက် အခက်အခဲရှိတာပေါ့၊ CDM လုပ်ပြီး အခန်းပိတ်ပြီးထွက်သွားမယ်ဆိုရင် သူတို့က အင်အားသုံးပြီး ဖယ်ရှားမယ်ပြောတော့ ဝန်ထမ်းတွေက စိုးရိမ်စိတ်များပြီး…
Read Moreစစ်တပ်က ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေသလို လူငယ်တွေကလည်း ဆိုင်ကယ်သပိတ်ပြုလုပ်
မန္တလေး၊ မတ် ၂၀- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ရဲ့နေရာအနှံ့မှာ စစ်တပ်က ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေပေမယ့် မြို့ခံတွေကတော့ ဒီကနေ့ ညနေပိုင်းမှာ ဆိုင်ကယ်တွေမောင်းနှင်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #မန္တလေး #ဆိုင်ကယ်သပိတ်စစ်ကြောင်း #ဆန္ဒပြ
Read Moreညသပိတ်မှာ ပေါင်ရင်းကျည်မှန်တဲ့အမျိုးသမီးကို ဖမ်းခေါ်သွားပြီးနောက် မနက်ပိုင်းမှာသေဆုံး
မတ် ၂၀-၂၀၂၁ NLP(VOM) မနေ့ မတ် ၁၉ ရက် ည ၉ နာရီက မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်၁ရပ်ကွက် ည သပိတ်ကို လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၇ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ သေဆုံးသူဟာ ပခုက္ကူမြို့၊ အမှတ် ၁ရပ်ကွက်၊ မဟာဝိသုတာရာမ လမ်းနေသူ အသက်၃၈နှစ်ရှိ ဒေါ်မာလာဝင်းဖြစ်ပြီး ညာဘက်ပေါင်ရင်းကျည်ဆံထိမှန်ကာ သေဆုံးခဲ့တာလို့ သိရပါတယ်။ အဲ့ဒီ အမျိုးသမီးကို အခြားအမျိုးသား ၇ဦးနဲ့အတူ အချုပ်ကားနဲ့ ဖမ်းခေါ်သွားပြီးနောက် ဒီနေ့ မတ် ၂၀ရက် မနက်မှာ သေဆုံးကြောင်း သိရတာလို့ မိသားစုက ပြောပါတယ်။ “အဲဒီညကသေဆုံးသူနဲ့အတူ အမျိုးသား၇ဦးပါ ရဲနဲ့စစ်က အချုပ်ကားပေါ်တင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲနောက်နေ့မနက်မှာ စခန်းမှူးက အမျိုးသမီးတစ်ဦး ရင်ခွဲရုံမှာ ပို့ထားတယ်လို့ အကြောင်းကြားတယ်။သွားရောက်ကြည့်တဲ့အခါ…
Read Moreစစ်တပ်အကြမ်းဖက်မှု ကုလအတွင်းရေးမှူးချုပ် ဆက်လက် ရှုတ်ချ
မတ် ၂၀ -၂၀၂၁ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်မှုတွေ ဆက်လက် လုပ်ဆောင် နေတဲ့ အပေါ် အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာ၊ သတင်းထောက် တွေပါ မကျန် ထင်ရာစိုင်း ဖမ်းဆီးမှုတွေဟာ လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။ အခြေခံလူ့အခွင့်အရေး ချိုးဖေါက်နေတာတွေ အဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်းကို ပြန်သွားရေး၊ ကုလ လုံခြုံရေး ကောင်စီ အပါအဝင် တောင်းဆိုမှုတွေ အားလုံးကို မြန်မာစစ်တပ် ဟာ ဆက်လက် အာခံနေဆဲလို့ ဆိုပါတယ်။ နိုင်ငံတကာအနေနဲ့ ခိုင်မာပြတ်သားပြီ ညီညွတ်တဲ့ တုံ့ပြန် ဆောင်ရွက်မှု လုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း သူကပြောပါတယ်။ တည်ငြိမ် အေးချမ်းပြီး သာယာကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်လာရေး မြန်မာပြည်သူတွေရဲ့…
Read Moreလမ်းပိတ်ဆို့ထားတဲ့ကြားက ပင်လည်ဘူးမှာ သိန်း ၁ သောင်းကျော် မူးယစ်ဆေးတွေ ဖမ်းမိ
မတ် ၊ ၂၀ -၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ ပင်လည်ဘူး – ကောလင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် ၅၂ / ၂ နဲ့ ၃ အကြားနေရာမှာ မနေ့ မတ် ၁၉ ရက် ညပိုင်းက ဘိန်းဖြူဆပ်ပြာခွက် ၁ ထောင့် ၃ ရာကျော်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ” လမ်းပန်းဆက်သွယ်ရေး တင်းကြပ်စွာ ပိတ်ဆို့ထားတဲ့ကြားက လင့်ခရူဇာ ပါရာဒို ကားတစ်စီး ဖြတ်မောင်းလာတယ် ၊ မသင်္ကာလို့ တားဆီးမေးတဲ့အခါ ရွှေလုပ်ငန်းလုပ်ဖို့ ဗန်းမောက်ကိုသွားမယ်ပြောတယ်၊ အဲ့ဒီအချိန်မှာ နောက်ထပ် ၁၂ ဘီးကားတစ်စီး ရောက်လာပြန်တယ် ၊ အဲ့ဒီကားကို ရှာဖွေစစ်ဆေးလိုက်တဲ့အခါ ကားနောက်ဘီး ၂ ဘက်လုံးက အဖုံးတွေထဲက ဘိန်းဖြူ ဆပ်ပြာခွက် (၁၃၂၀)…
Read Moreကလေးမြို့မှာ အရင်ရက်တွေက ပစ်ခတ်ကြောင့် လူသေဆုံးမှုတွေရှိပေမယ့်လည်း ဆက်လက်ဆန္ဒပြ
ကလေး-မတ်-၂၀-၂၀၂၁ သိမ်မွေ့ကဗျာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ကလေးမြို့က ဒေသခံပြည်သူတွေဟာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးလက်ဒေသတွေမှာပါ သပိတ်စစ်ကြောင်းများစွာခွဲပြီး ဒီနေ့မတ်လ ၂၀ မနက်က ဆက်လက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး ဆန့်ကျင်ဆန္ဒပြလာကြတဲ့ ကလေးမြို့မှာ ဒီနေ့ဆိုရင် ဆန္ဒပြတာ ၄၁ ရက်မြောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့
Read More