လမ်းပိတ်ဆို့ထားတဲ့ကြားက ပင်လည်ဘူးမှာ သိန်း ၁ သောင်းကျော် မူးယစ်ဆေးတွေ ဖမ်းမိ

မတ် ၊ ၂၀ -၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ ပင်လည်ဘူး – ကောလင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် ၅၂ / ၂ နဲ့ ၃ အကြားနေရာမှာ မနေ့ မတ် ၁၉ ရက် ညပိုင်းက ဘိန်းဖြူဆပ်ပြာခွက် ၁ ထောင့် ၃ ရာကျော်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

” လမ်းပန်းဆက်သွယ်ရေး တင်းကြပ်စွာ ပိတ်ဆို့ထားတဲ့ကြားက လင့်ခရူဇာ ပါရာဒို ကားတစ်စီး ဖြတ်မောင်းလာတယ် ၊ မသင်္ကာလို့ တားဆီးမေးတဲ့အခါ ရွှေလုပ်ငန်းလုပ်ဖို့ ဗန်းမောက်ကိုသွားမယ်ပြောတယ်၊ အဲ့ဒီအချိန်မှာ နောက်ထပ် ၁၂ ဘီးကားတစ်စီး ရောက်လာပြန်တယ် ၊ အဲ့ဒီကားကို ရှာဖွေစစ်ဆေးလိုက်တဲ့အခါ ကားနောက်ဘီး ၂ ဘက်လုံးက အဖုံးတွေထဲက ဘိန်းဖြူ ဆပ်ပြာခွက် (၁၃၂၀) ခွက် သယ်ဆောင်လာတာကို တွေ့ရတယ်”လို့ ပင်လည်ဘူးမြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းနေတဲ့ ရဲဝန်ထမ်းတစ်ဦးက VOM ကိုပြောပါတယ်။

ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁ သောင်း ၃ ထောင် ၂ ရာ တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်စန်မြို့ကနေ သယ်ဆောင်မောင်းနှင်လာတာဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာနဲ့ပတ်သက်လို့ ပင်လည်ဘူး မြို့မရဲစခန်းက အမျိုးသား ၄ ဦးကို အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ပင်လည်ဘူး #မူးယစ်ဆေးဝါး #ဘိန်းဖြူ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW