စစ်တပ်က ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေသလို လူငယ်တွေကလည်း ဆိုင်ကယ်သပိတ်ပြုလုပ်

မန္တလေး၊ မတ် ၂၀- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ရဲ့နေရာအနှံ့မှာ စစ်တပ်က ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေပေမယ့် မြို့ခံတွေကတော့ ဒီကနေ့ ညနေပိုင်းမှာ ဆိုင်ကယ်တွေမောင်းနှင်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #မန္တလေး #ဆိုင်ကယ်သပိတ်စစ်ကြောင်း #ဆန္ဒပြ

Read More

ညသပိတ်မှာ ပေါင်ရင်းကျည်မှန်တဲ့အမျိုးသမီးကို ဖမ်းခေါ်သွားပြီးနောက် မနက်ပိုင်းမှာသေဆုံး

မတ် ၂၀-၂၀၂၁ NLP(VOM) မနေ့ မတ် ၁၉ ရက် ည ၉ နာရီက မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်၁ရပ်ကွက် ည သပိတ်ကို လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၇ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ သေဆုံးသူဟာ ပခုက္ကူမြို့၊ အမှတ် ၁ရပ်ကွက်၊ မဟာဝိသုတာရာမ လမ်းနေသူ အသက်၃၈နှစ်ရှိ ဒေါ်မာလာဝင်းဖြစ်ပြီး ညာဘက်ပေါင်ရင်းကျည်ဆံထိမှန်ကာ သေဆုံးခဲ့တာလို့ သိရပါတယ်။ အဲ့ဒီ အမျိုးသမီးကို အခြားအမျိုးသား ၇ဦးနဲ့အတူ အချုပ်ကားနဲ့ ဖမ်းခေါ်သွားပြီးနောက် ဒီနေ့ မတ် ၂၀ရက် မနက်မှာ သေဆုံးကြောင်း သိရတာလို့ မိသားစုက ပြောပါတယ်။ “အဲဒီညကသေဆုံးသူနဲ့အတူ အမျိုးသား၇ဦးပါ ရဲနဲ့စစ်က အချုပ်ကားပေါ်တင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲနောက်နေ့မနက်မှာ စခန်းမှူးက အမျိုးသမီးတစ်ဦး​​​ ရင်ခွဲရုံမှာ ပို့ထားတယ်လို့ အကြောင်းကြားတယ်။သွားရောက်ကြည့်တဲ့အခါ…

Read More

စစ်တပ်အကြမ်းဖက်မှု ကုလအတွင်းရေးမှူးချုပ် ဆက်လက် ရှုတ်ချ

မတ် ၂၀ -၂၀၂၁ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်မှုတွေ ဆက်လက် လုပ်ဆောင် နေတဲ့ အပေါ် အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာ၊ သတင်းထောက် တွေပါ မကျန် ထင်ရာစိုင်း ဖမ်းဆီးမှုတွေဟာ လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။ အခြေခံလူ့အခွင့်အရေး ချိုးဖေါက်နေတာတွေ အဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်းကို ပြန်သွားရေး၊ ကုလ လုံခြုံရေး ကောင်စီ အပါအဝင် တောင်းဆိုမှုတွေ အားလုံးကို မြန်မာစစ်တပ် ဟာ ဆက်လက် အာခံနေဆဲလို့ ဆိုပါတယ်။ နိုင်ငံတကာအနေနဲ့ ခိုင်မာပြတ်သားပြီ ညီညွတ်တဲ့ တုံ့ပြန် ဆောင်ရွက်မှု လုပ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း သူကပြောပါတယ်။ တည်ငြိမ် အေးချမ်းပြီး သာယာကြွယ်ဝတဲ့ နိုင်ငံတခု ဖြစ်လာရေး မြန်မာပြည်သူတွေရဲ့…

Read More

လမ်းပိတ်ဆို့ထားတဲ့ကြားက ပင်လည်ဘူးမှာ သိန်း ၁ သောင်းကျော် မူးယစ်ဆေးတွေ ဖမ်းမိ

မတ် ၊ ၂၀ -၂၀၂၁ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ ပင်လည်ဘူး – ကောလင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် ၅၂ / ၂ နဲ့ ၃ အကြားနေရာမှာ မနေ့ မတ် ၁၉ ရက် ညပိုင်းက ဘိန်းဖြူဆပ်ပြာခွက် ၁ ထောင့် ၃ ရာကျော်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ” လမ်းပန်းဆက်သွယ်ရေး တင်းကြပ်စွာ ပိတ်ဆို့ထားတဲ့ကြားက လင့်ခရူဇာ ပါရာဒို ကားတစ်စီး ဖြတ်မောင်းလာတယ် ၊ မသင်္ကာလို့ တားဆီးမေးတဲ့အခါ ရွှေလုပ်ငန်းလုပ်ဖို့ ဗန်းမောက်ကိုသွားမယ်ပြောတယ်၊ အဲ့ဒီအချိန်မှာ နောက်ထပ် ၁၂ ဘီးကားတစ်စီး ရောက်လာပြန်တယ် ၊ အဲ့ဒီကားကို ရှာဖွေစစ်ဆေးလိုက်တဲ့အခါ ကားနောက်ဘီး ၂ ဘက်လုံးက အဖုံးတွေထဲက ဘိန်းဖြူ ဆပ်ပြာခွက် (၁၃၂၀)…

Read More

ကလေးမြို့မှာ အရင်ရက်တွေက ပစ်ခတ်ကြောင့် လူသေဆုံးမှုတွေရှိပေမယ့်လည်း ဆက်လက်ဆန္ဒပြ

ကလေး-မတ်-၂၀-၂၀၂၁ သိမ်မွေ့ကဗျာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ကလေးမြို့က ဒေသခံပြည်သူတွေဟာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးလက်ဒေသတွေမှာပါ သပိတ်စစ်ကြောင်းများစွာခွဲပြီး ဒီနေ့မတ်လ ၂၀ မနက်က ဆက်လက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး ဆန့်ကျင်ဆန္ဒပြလာကြတဲ့ ကလေးမြို့မှာ ဒီနေ့ဆိုရင် ဆန္ဒပြတာ ၄၁ ရက်မြောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့

Read More

မိုးကုတ်မှာ ပစ်ခတ်ခဲ့ရလို့ သေဆုံးသူကို ဗမွန်သုဿန်မှာ သင်္ဂြိုလ်

မတ် ၂၀ ၂၀၂၁ ကိုတိုးကြီး (VOM) မန္တလေးတိုင်း မိုးကုတ်မြို့ လယ်ဦးတောင်နီကွေ့မှာ မနေ့ မတ် ၁၉ ရက်ည က ရပ်ကွက်ကင်းစောင့်နေစဉ် လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့တဲ့ ကိုနိုင်လင်းအောင် အသက် (၃၀) နှစ်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ မတ် ၂၀ ရက် နေ့ခင်း ၁၂ နာရီက ဗမွန် သုဿန်ကို ပို့ဆောင်သဂြိုလ်ခဲ့ပါတယ်။ ဓာတ်ပုံ ကိုဖိုးလပြည့် မြတ်စေတနာမွန် လူမှုကူညီရေး #voiceofmyanmar #VOM #မိုးကုတ်

Read More

ရဲကင်းစခန်းထဲက သေနတ်နဲ့ ကျည်ဆံတွေပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး ရွာသား ၈ ဦး ဖမ်းဆီးခံထားရ

မတ် ၂၀-၂၀၂၁ Voice Of Myanmar စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ခံသာနယ်မြေရဲကင်းစခန်းရဲ့ လက်နက်တိုက်ထဲက သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ ပျောက်ဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံရွာသား ၈ ယောက်ကို ရဲတပ်ဖွဲ့က မနေ့ မတ် ၁၉ရက် ညပိုင်းမှာ ဖမ်းဆီးပြီး အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ကောလင်းမြို့နယ် ကျောက်တန်းကျေးရွာနေ ဒေသခံ ပြည်သူတစ်ယောက်က “ခံသာရဲကင်းစခန်းက သေနတ်နဲ့ ကျည်ဆံတွေ ပျောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဖမ်းခံထားရသူ ၈ ယောက်ရှိတယ်။ သိရသလောက်ကတော့ ကိုဖြိုးမောင်မောင်၊ ကိုကျော်လုံး၊ ကိုကျော်လွင်၊ ကိုမြတ်သိန်းထွန်း၊ ကိုသန်းမြင့်လွင်၊ ကိုတင်မောင်ဆွေ၊ ကိုထွန်းနိုင်ဝင်း၊ ကိုစိုးလွင်တို့ဖြစ်တယ် “လို့ VOM ကို ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးက ” ၁၆ ရက်နေ့ နေ့ခင်း…

Read More

ရဲတပ်ဖွဲ့နှင့် စစ်တပ်ရဲ့ လိုက်လံတားဆီးမှုကြားက သီပေါ ပြောက်ကျားသပိတ်

မတ်လ ၂၀- ၂၀၂၁ Shayi Violin(VOM) ဒီနေ့ မတ် ၂၀ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ရဲတပ်ဖွဲ့နှင့် စစ်တပ်တွေက သပိတ်စစ်ကြောင်းကို လိုက်လံတားဆီးတာ ရှိပေမယ့် ပြည်သူတွေက ပြောက်ကျားသပိတ်ပုံစံပြောင်းပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ “လာရင်ပြေး၊ ပြန်စု၊ ပြန်ကြွေးကြော် ပြောက်ကျားစနစ်နဲ့လုပ်တာ။ အရင်ရက်တွေမှာတော့ ဖြိုခွင်းခံခဲ့ရတာတွေရှိတယ်”ဆန္ဒပြရာမှာ ပါဝင်သူတဦးက ဆိုပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလဆန်းကစလို့ သီပေါမှာ လမ်းလျှောက်သပိတ်၊ လူမဲ့သပိတ်၊ ရေနစ်သပိတ် စတဲ့ပုံစံမျိုးစုံနဲ့ ဆန္ဒပြခဲ့တာ ဒီနေ့နဲ့ဆို ၄၁ ရက်ရှိပြီလို့ သိရပါတယ်။ Photo: SNNO #VoiceOfMyanmar #VOM #သီပေါ #ပြောက်ကျားသပိတ်

Read More

ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး လက်နက်တွေ ပျောက်နေတဲ့ကိစ္စ ဒေသခံ ရွာသား ၆ ယောက်ကို ဖမ်းဆီးထား

မတ် ၂၀-၂၀၂၁ Voice Of Myanmar မတ်လ ၁၈ရက်နေ့မှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီး ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂ယောက်သေဆုံးပြီး သေနတ်တွေ ပျောက်ဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာက ဒေသခံ ရွာသား ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ တည်တောကျေးရွာနေ ဒေသခံတစ်ယောက်က “ရွာက ဘုန်းကြီးကျောင်းမှာ လုံခြုံရေးတွေ ရှိတယ်။ ရွာက ဖမ်းခံထားရသူ ၆ ယောက်ရှိတယ်။ ဦးငွေပို ၊ ကိုညီညီထွန်း ၊ ကိုအောင်မြိုင် ၊ ဦးကျော်ရွှေ ၊ ကိုသန်းထွန်းအောင်၊ ကိုညီညီဦးတို့ ဖြစ်တယ် “လို့ ပြောပါတယ်။ အဲ့ဒီနေ့ညနေပိုင်းက မူးကမ်းကြီး ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ မူးကမ်းကြီးကနေ…

Read More

မိုးကုတ်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားလို့ ၁ ဦး သေ ၊ ၂ ဦး ဒဏ်ရာရ

မတ် ၂၀-၂၀၂၁ Voice Of Myanmar မန္တလေးတိုင်း မိုးကုတ်မြို့ လယ်ဦးတောင်နီကွေ့အနီးမှာ မနေ့ မတ် ၁၉ ရက် ည ၁၁ နာရီခွဲက လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ရပ်ကွက်ကင်းစောင့်နေတဲ့ လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ခံ တွေဆီက သိရပါတယ်။ သေဆုံးသူဟာ လယ်ဦးရပ်ကွက်၊ မိုးကုတ်မြို့မှာ နေထိုင်တဲ့ အသက် ၃၀ နှစ်ရှိ နိုင်လင်းအောင်ဆိုသူ ဖြစ်ပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို သွားရောက် ကယ်ဆယ်ကူညီပေးခဲ့သူ စေတနာ့ ဝန်ထမ်း တစ်ယောက်က ” ပစ်ခတ်မှုမှာ သေဆုံးတာနဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ အသင်းက သိရလို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အသင်းကား ၂ စီး ၊ မြတ်စေတနာ လူမှုကူညီရေး…

Read More
VOM News

FREE
VIEW