မိုးကုတ်မြို့မှာ ပစ်ခတ်မှုဖြစ်ပွားလို့ ၁ ဦး သေ ၊ ၂ ဦး ဒဏ်ရာရ

မတ် ၂၀-၂၀၂၁
Voice Of Myanmar

မန္တလေးတိုင်း မိုးကုတ်မြို့ လယ်ဦးတောင်နီကွေ့အနီးမှာ မနေ့ မတ် ၁၉ ရက် ည ၁၁ နာရီခွဲက လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ရပ်ကွက်ကင်းစောင့်နေတဲ့ လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ခံ တွေဆီက သိရပါတယ်။

သေဆုံးသူဟာ လယ်ဦးရပ်ကွက်၊ မိုးကုတ်မြို့မှာ နေထိုင်တဲ့ အသက် ၃၀ နှစ်ရှိ နိုင်လင်းအောင်ဆိုသူ ဖြစ်ပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို သွားရောက် ကယ်ဆယ်ကူညီပေးခဲ့သူ စေတနာ့ ဝန်ထမ်း တစ်ယောက်က ” ပစ်ခတ်မှုမှာ သေဆုံးတာနဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ အသင်းက သိရလို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အသင်းကား ၂ စီး ၊ မြတ်စေတနာ လူမှုကူညီရေး ကား ၂ စီးနဲ့ သွားခဲ့တယ် ၊ အခင်းဖြစ်တဲ့နေရာမှာ ကိုနိုင်လင်းအောင် ဆိုသူကတော့ ဦးခေါင်း ဒဏ်ရာနဲ့ သေဆုံးနေတယ် ၊ အသက်ကတော့ ၃၀ ဝန်းကျင်ဖြစ်မယ် ၊ ကျန် လူနာ ၂ ယောက်ထဲက ၁ ယောက်က မျက်နှာမှာ ဒဏ်ရာရထားတယ် “လို့ ပြောပါတယ်။

သေနတ်ထိမှန် ဒဏ်ရာရထားတဲ့ သူ ၂ ဟာလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက မှတ်ချက်ပြုထားတယ်လို့ သိရပါတယ်။

အခုသေဆုံးမှုဟာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လုံခြုရေးတပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ မိုးကုတ်မြို့ရဲ့ ပထမဆုံး လူသေဆုံးမှုဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #မိုးကုတ် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW