ရဲကင်းစခန်းထဲက သေနတ်နဲ့ ကျည်ဆံတွေပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး ရွာသား ၈ ဦး ဖမ်းဆီးခံထားရ

မတ် ၂၀-၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ခံသာနယ်မြေရဲကင်းစခန်းရဲ့ လက်နက်တိုက်ထဲက သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ ပျောက်ဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံရွာသား ၈ ယောက်ကို ရဲတပ်ဖွဲ့က မနေ့ မတ် ၁၉ရက် ညပိုင်းမှာ ဖမ်းဆီးပြီး အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ကောလင်းမြို့နယ် ကျောက်တန်းကျေးရွာနေ ဒေသခံ ပြည်သူတစ်ယောက်က “ခံသာရဲကင်းစခန်းက သေနတ်နဲ့ ကျည်ဆံတွေ ပျောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဖမ်းခံထားရသူ ၈ ယောက်ရှိတယ်။ သိရသလောက်ကတော့ ကိုဖြိုးမောင်မောင်၊ ကိုကျော်လုံး၊ ကိုကျော်လွင်၊ ကိုမြတ်သိန်းထွန်း၊ ကိုသန်းမြင့်လွင်၊ ကိုတင်မောင်ဆွေ၊ ကိုထွန်းနိုင်ဝင်း၊ ကိုစိုးလွင်တို့ဖြစ်တယ် “လို့ VOM ကို ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးက ” ၁၆ ရက်နေ့ နေ့ခင်း ၁ နာရီက လူစုလူဝေး ၃၀၀ ကျော်က ခံသာ ရဲကင်းစခန်းကို လူဦးရေ သာလွန် အင်အားနဲ့ ဝင်ရောက်ပြီး တပ်ဖွဲ့ဝင်တွေကို ခိုက်ရန်ပြုတယ်။ စခန်းပိုင် ပစ္စည်းတွေ ဖျက်စီးတယ်၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးများတယ် “လို့ VOM ဆက်သွယ်မေးမြန်းချက်ကို တုန့်ပြန်ပြောဆိုပါတယ်။

အဲ့ဒီဖြစ်စဥ်မှာ ရဲကင်း လက်နက်တိုက်ထဲက လက်နက်တွေ ရိုက်ချိုးဖျက်ဆီးခံရပြီး BA – 63 သေနတ် ၁ လက်နဲ့ အတူ ကျည်ဆံတွေ ပျောက်ဆုံးခဲ့ပြီး ကောလင်းမြို့မရဲစခန်းက (ပ)၃၈ /၂၀၂၁၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု(ယာယီ)အက်ဥပဒေ ပုဒ်မ ၂၁(၁) က အရ အရေးယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ မနက်ပိုင်း ဆန္ဒပြပွဲ ဖြိုခွင်းခံရမှုကြောင့် ဆန္ဒပြသူတဦးသေဆုံးပြီး ဖမ်းခံရသူနှစ်ဦးရှိခဲ့ပါတယ်။

#VoiceOfMyanmar #VOM #ကောလင်း #ခံသာနယ်မြေရဲစခန်း #သေနတ်ပျောက် #ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW