မန္တလေးက မြတောင်သပိတ်စစ်ကြောင်း

မန္တလေး၊ ဧပြီ ၈- ၂၀၂၁
ရှိုင်းအောင်(VOM)

ကျောင်းတိုက်ရှေ့မှာ စစ်တပ်က တပ်စွဲထားပေမယ့် မြတောင်သပိတ်စစ်ကြောင်းအဖွဲ့ကတော့ နေ့စဥ်နဲ့အမျှ ​ဆန္ဒပြနေကြတာပဲ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ဆန္ဒပြတဲ့ သပတ်စစ်ကြောင်းတွေ အများကြီးရှိတဲ့အထဲက မြတောင်သ ပိတ်စစ်ကြောင်းကတော့ ဖြိုခွင်းခံရမှု အကြိမ်ရေအများဆုံး သပိတ်စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။

မနက်ခင်းပိုင်းမှာ မြို့ခံလူငယ်တွေ ဖွဲ့စည်းထားတဲ့ မြတောင်သပိတ်စစ်ကြောင်းအဖွဲ့အပြင် နေ့လည်ပိုင်းမှာတော့ သံဃသမဂ္ဂအဖွဲ့ တစ်ကြိမ် တစ်ရက်ကို နှစ်ကြိမ်နေ့စဥ်ပုံမှန် ဆန္ဒပြ ချီတက်နေကြတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #မြတောင် #သပိတ်စစ်ကြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW