ကသာမြို့မှာ ဆန္ဒပြသူတွေနဲ့ စစ်တပ် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့

ကသာ၊ ဧပြီ ၉-၂၀၂၁
SKT

ဒီနေ့ ဧပြီ ၉ရက်မနက်ပိုင်းက ကသာမြို့က ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်လှည့်လည်ပြီးအပြန် စစ်ကား၊ ရဲကားနဲ့ အချုပ်ကားတွေ အချက်ပေးသံတွေနဲ့ရောက်လာကာ ကားတွေပေါ်ကနေ စစ်သားတွေလက်နက်တွေနဲ့ ဆင်းလာလို့ ဆန္ဒပြသူတွေ ထိတ်လန့်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ဆန္ဒထုတ်ဖော်တဲ့ လမ်းအပြန်လို့ပြောရမှာ။ သပိတ်စစ်ကြောင်း ထိပ်ပိုင်းကတော့ လမ်းအကွေ့ထဲဝင်သွားပြီ။အနောက်ပိုင်းက လူစုပဲ လမ်းအကွေ့ထဲဝင်ခါးနီးမှာ စစ်ကားရဲကားက ဝိုင်ယာလက်အသံနဲ့အတူ ရပ်လိုက်ပြီး ကားပေါ်ကနေ လက်နက်တွေနဲ့ ဆင်းလာကြတော့ နောက်ဆုံးကျန်တဲ့ ပြည်သူတွေက ထင်မှတ်ထားပဲကြုံလိုက်ရတာပါ။ ဒါနဲ့ ထိတ်လန့်တကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတယ်” လို့ ကသာမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကသာမြို့မှာ ဖေဖော်ဝါရီလ(၇)ရက်နေ့ကတည်းက နေ့စဉ်ဆန္ဒဖော်ထုတ်နေတာဖြစ်ပြီး ခုလို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ကြုံရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #ကသာ

Related posts

Leave a Comment

VOM News

FREE
VIEW