ဧပြီ ၁၁-၂၀၂၁ KLY(VOM) ပဲခူးမှာ ပရဟိလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဒေါက်တာနေမျိုးကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီးနောက် ဒီနေ့ ဧပြီ ၁၁ မနက်က မြို့ခံဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဝေယံမျိုးလွင်ကို ထပ်မံ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ” သူက ဒေါက်တာ နေမျိုးတို့နဲ့အတူ တွဲပြီး သုခ ပရဟိတ ဆေးကုသရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူပါ။ ဒီနေ့မနက်က ဆေးခန်းတစ်ခုမှာ ဘွားအေတော်စပ်သူကို ကြည့်ပြီး အပြန်မှာ ဖမ်းဆီးခံခဲ့ရတာပါ” လို့ မြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ ဒေါက်တာဝေယံမျိုးလွင်ဟာ ကိုဗစ်ကာလကတည်းက အခမဲ့ဆေးကုသရေးလုပ်ငန်းတွေကိုဒေါက်တာနေမျိုးတို့နဲ့အတူ သုခ ကုသိုလ်ဖြစ်ဆေးခန်းမှာ ဆေးရုံပိတ်ထားချိန် ဖျားနာလူနာကအစ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသပေးနေတာမျိုးရှိတဲ့အတွက် ခုလိုဖမ်းဆီးခံရတာဖြစ်နိုင်ကြောင်း ပဲခူးမြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ ဒီနေ့ဖမ်းခံရတဲ့ ဒေါက်တာ ဝေယံမျိုးလွင်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။ #voiceofmyanmar #vom #ပဲခူး
Read MoreDay: April 11, 2021
အရာတော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပွားလို့ လူ ၁ ဦးသေ ၁ ဦးဒဏ်ရာရ
ဧပြီ ၁၁ ၊ ၂၀၂၁ KTG (VOM) စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ် ဝါးရောင်းကျေးရွာမှာ ဧပြီ ၁၀ ရက် မနေ့မနက်ပိုင်းက ဆန္ဒပြလူစု လူဝေးကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့တာမှာ ဆန္ဒပြသူ လူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဝါးရောင်းရွာခံတွေဆီက သိရပါတယ်။ .” ကျည်ဆံထိမှန် သေဆုံးတဲ့သူဟာ ကိုရှိုင်းဝေဖြိုး အသက် ၂၁ နှစ်ဖြစ်တယ် ” လို့ သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတော်စပ်သူ တစ်ယောက်က VOM ကိုပြောပါတယ်။ ဒါ့အပြင် ဆန္ဒပြ လူငယ် တစ်ယောက်လည်းသေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဝါးရောင်း တွဲဖက် အထက ကျောင်းအနီးမှာ လူအင်အား ၄၀၀ လောက်က ဆန္ဒပြနေတဲ့ အတွက်…
Read Moreကိုဗစ်ကြောင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မှာ သောင်တင်နေတဲ့ မြန်မာကုန်တင်ကားတွေအတွက် ဂိတ်ပေါက် ခေတ္တဖွင့်
ဧပြီလ ၁၁၊ ၂၀၂၁ Shayi Viloin (VOM) တရုတ်နိုင်ငံ ကျယ်ဂေါင်မှာ ဧပြီလဆန်းကတည်းက သောင်တင်နေခဲ့တဲ့ မြန်မာကုန်တင်ကားတွေအတွက်၊ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက မန့်ဝိန်း ဂိတ်ပေါက် ခေတ္တဖွင့်ပေးတယ်လို့ မူဆယ် ယာဥ်ထိန်း တပ်ဖွဲ့ထံက သိရပါတယ်။ ရွှေလီမြို့မှာ Covid – 19ရောဂါ ပိုးတွေ့တဲ့ ဧပြီလ ၁ ရက်နေ့က စလို့ မြန်မာ – တရုတ် နှစ်နိုင်ငံ အဓိက ကုန်သွယ်စီးဆင်းရာ အဝင်၊ အထွက် နယ်စပ်ဂိတ်ပေါက် တစ်ပေါက်ဖြစ်တဲ့ မန့်ဝိန်းဂိတ်ကို လုံးဝ ပိတ်လိုက်တာကြောင့်၊ တရုတ်နိုင်ငံ ဘက်ခြမ်း ကျယ်ဂေါင်မှာ အခုလို ကားတွေ ပိတ်မိခဲ့တာပါ။ “ဒီနေ့ကတော့ သူတို့နိုင်ငံထဲမှာ မပိတ်ခင်တုန်းက ကုန်တင်ပြီးသားကားတွေရှိတယ်။ အဲ့ဒီကား တွေ သူတို့ ထုတ်ပေးတာ။ ပိတ်မိနေတဲ့ကားတွေ။ ကျယ်ဂေါင်ထဲမှာ…
Read Moreဖမ်းဆီးမှုတွေကြားက စမ်းချောင်းမြို့နယ် မှပြောက်ကျားနည်းနဲ့ ဆန္ဒပြ
ရန်ကုန်၊ဧပြီ ၁၁၊၂၀၂၁ အေးချမ်းသူ(VOM) အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒပြတဲ့ လူငယ်တွေကို ဖမ်းဆီးနေတဲ့ကြားက စမ်းချောင်းမြို့နယ်က လူငယ်တွေဟာ ဒီနေ့မနက်ပိုင်းက ပြောက်ကျားပုံစံ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ စမ်းချောင်မြို့နယ်က လူငယ်တွေဟာ တပ်မတော် အာဏာရယူခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၉ရက်နေ့ကစပြီး ဆန္ဒပြခဲ့တာမှာ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ဖမ်းခံရသူတွေလည်းရှိပါတယ်။ ရန်ကုန်က မြို့နယ်တချို့မှာ ခုရက်ပိုင်းအတွင်းစစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်သူတွေ၊ CDMပြုလုပ်သူတွေကို လိုက်လံဖမ်းဆီးနေတာမျိုးတွေလည်းရှိနေပါတယ်။ #voiceofmyanmar #vom #စမ်းချောင်း
Read Moreကွတ်ခိုင်မြို့က သင်္ကြန်မုန့်ဖက်ထုပ် လှုပ်ရှားမှု
ကွတ်ခိုင်မြို့က သင်္ကြန်မုန့်ဖက်ထုပ် လှုပ်ရှားမှု ကွတ်ခိုင်-ဧပြီ ၁၁-၂၁ MNWM ကွတ်ခိုင်မြို့က လူငယ်တွေဟာ အတာကူးကာလမှာ အိမ်မှာဘဲနေဖို့ ရည်ရွယ်ချက်နဲ့ သင်္ကြန်မုန့်ဖက်ထုပ် (၁၂၀၀)ခုကျော်ပေါ်မှာ”အာဏာရူးတွေ စိုးမိုးကာလ ပျော်ပွဲရွှင်ပွဲ ရပ်နားထားကြ”စာသားနဲ့ ပြည်ထောင်လမ်းမI မြို့မဈေးတွေမှာ လူထုတွေကို လိုက်လံဝေငှခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ နံနက် ၁၀နာရီမှာ လူငယ် ၁၀၀ကျော်ခန့်က မြို့မဈေးအတွင်းမှာ “သင်္ကြန်အတွင်း အိမ်မှာနေဖို့ နဲ့ အာဏာရူးတွေ စိုးမိုးကာလ ပျော်ပွဲရွှင်ပွဲ ရပ်နားထားကြဖို့”လိုက်လံ အော်ဟစ် ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။ #voiceofmyanmar #VOM #ကွတ်ခိုင်
Read More