မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၅၀ အမေရိကန်လှူဒါန်းမယ်

၀ါရှင်တန်၊ သြဂုတ်-၁၁-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းတွေမြင့်တက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ဖြစ်ပေါ်နေတာကြောင့် ကူညီထောက်ပံ့မှုအဖြစ် ဒေါ်လာ သန်း ၅၀ လှူဒါန်းမယ်လို့ အမေရိကန်က သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
 
အမေရိကန်ဟာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံကိုလည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာငါးသန်း ပေးအပ်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်က ပြောပါတယ်။
 
မြန်မာနိုင်ငံအတွက်ရန်ပုံငွေတွေကတော့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးနေရသူတွေအပြင် အစားအစာ၊ သောက်သုံးရေနဲ့ အမိုးအကာကဲ့သို့ မရှိမဖြစ်လိုအပ်တာတွေကို လုပ်ဆောင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေကို ကူညီသွားမှာဖြစ်တယ်လို့ နက်ဒ်ပရိုက်ကပြောပါတယ်။
 
ရန်ပုံငွေတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေပိုမိုပြည့်မှီလာဖို့ အရေးပါပြီး ထိုင်းနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရဲ့သက်ရောက်မှုတွေကို လျော့ပါးသက်သာစေလိမ့်မယ်လို့ သူကဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ ကပ်ရောဂါစတင်ပြီးနောက် လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူ ၃၃၃၁၂၇ ဦးရှိပြီး ၁၂၀၁၄ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။
 
Ref : CNA
Photo: Reuters
#voiceofmyanmar #vom #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW