မြန်မာနဲ့ မန္တလေးဘီယာ ဖက်စပ်ထုတ်တဲ့ ဂျပန်ကုမ္ပဏီ ခြောက်လအတွင်း ဒေါ်လာ ၁၉၃ သန်း အရှုံးပေါ်

တိုကျို၊ သြဂုတ်-၁၁-၂၀၂၁ မျိုးဆက် (VOM)   မြန်မာ့စီးပွားရေးဦးပိုင်နဲ့အတူ ပူးပေါင်းပြီး ဘီယာထုတ်လုပ်မှုဟာ ဇွန်လအထိ ခြောက်လတာကာလအတွင်း အတွင်း ဒေါ်လာ ၁၉၃ သန်းအရှုံးပေါ်ခဲ့တယ်လို့ ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ ဂျပန်အခြေစိုက် Kirin Holdings က သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   ဒီဆုံးရှုံးမှုဟာ စံချိန်တင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေတွေ မရေရာမသေချာဆက်လက်ဖြစ်ပေါ်နေတဲ့ အလားအလာကို ပြန်လည်သုံးသပ်နေပြီး ဖေဖော်ဝါရီလအတွင်းမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် မြန်မာ့နိုင်ငံအခြေအနေဟာ ဘေးအန္တရာယ်မြင့်တက်နေတယ်လို့ဆိုပါတယ်။   Kirin Holdingsဟာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့အတူ မြန်မာနဲ့မန္တလေးဘီယာတို့ကို ပူးပေါင်းထုတ်လုပ်နေပြီး ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။   နိုင်ငံရေးအပြောင်း အလဲဖြစ်ပွားပြီးနောက် မြန်မာပြည်သူတွေဟာ အဲ့ဒီဘီယာကုမ္ပဏီတွေကို သပိတ်မှောက်တာမျိုးလုပ်ခဲ့သလို စားသောက်ဆိုင် အများအပြားကလည်း အဲ့ဒီဘီယာတွေရောင်းချတာတွေကို ရပ်ဆိုင်းခဲ့ကြပါတယ်။   လတ်တလောမှာတော့ မြန်မာနိုင်ငံကထွက်ခွာဖို့ မစဉ်းစားထားသေးကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်နဲ့…

Read More

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၅၀ အမေရိကန်လှူဒါန်းမယ်

၀ါရှင်တန်၊ သြဂုတ်-၁၁-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းတွေမြင့်တက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ဖြစ်ပေါ်နေတာကြောင့် ကူညီထောက်ပံ့မှုအဖြစ် ဒေါ်လာ သန်း ၅၀ လှူဒါန်းမယ်လို့ အမေရိကန်က သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။   အမေရိကန်ဟာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံကိုလည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာငါးသန်း ပေးအပ်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်က ပြောပါတယ်။   မြန်မာနိုင်ငံအတွက်ရန်ပုံငွေတွေကတော့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးနေရသူတွေအပြင် အစားအစာ၊ သောက်သုံးရေနဲ့ အမိုးအကာကဲ့သို့ မရှိမဖြစ်လိုအပ်တာတွေကို လုပ်ဆောင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေကို ကူညီသွားမှာဖြစ်တယ်လို့ နက်ဒ်ပရိုက်ကပြောပါတယ်။   ရန်ပုံငွေတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေပိုမိုပြည့်မှီလာဖို့ အရေးပါပြီး ထိုင်းနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရဲ့သက်ရောက်မှုတွေကို လျော့ပါးသက်သာစေလိမ့်မယ်လို့ သူကဆိုပါတယ်။   မြန်မာနိုင်ငံမှာ ကပ်ရောဂါစတင်ပြီးနောက်…

Read More

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်နေ

ဘန်ကောက်၊ သြဂုတ်-၁၁-၂၀၂၁ မျိုးဆက် (VOM)   ထိုင်းနိုင်ငံမှာ ကပ်ရောဂါအပေါ် အစိုးရရဲ့ကိုင်တွယ်ဆောင်ရွက်မှုတွေကို အများပြည်သူမကျေ နပ်ဖြစ်နေချိန်မှာဘဲ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေလည်း တကျော့ပြန်အရှိန်မြင့်နေပါတယ်။   သြဂုတ်၁၀ ရက်မှာတော့ မြို့တော်ဘန်ကောက်နဲ့ အခြားနေရာတွေမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ သြဂုတ် ၇ ရက်မှာ ဘန်ကောက်မှာ လူတစ်ထောင်ကျော်ပါ၀င်တဲ့ ဆန္ဒပြပွဲပြီးနောက် ဆက်တိုက်ဖြစ်ပေါ်လာဖြစ်ပါတယ်။   ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှုက်ထွက်ရေးအတွက် တောင်းဆိုနေကြပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ၀ယ်ယူမှုနှောင့်နှေးနေတဲ့အပေါ်လည်း အစိုးကို အပြစ်တင်နေကြပါတယ်။   ဆန္ဒပြသူအချို့ဟာ လမ်းပိတ်ထားတဲ့ ရဲတွေကို ကျောက်ခဲတွေနဲ့ပစ်ပေါက်ခဲ့ကြပြီး အချို့ကကတော့ ရဲကင်းတွေကို မီးရှို့ခဲ့ကြလို့ ရဲအချို့ ဒဏ်ရာရခဲ့ပါတယ်။   ရဲတွေကလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။   ထိုင်းနိုင်ငံမှာ ခရီးသွားမှုနဲ့ စီးပွားရေးလုပ်ငန်းများအပေါ် ကာလကြာရှည်ကန့်သတ်ချက်တွေနဲ့အတူ…

Read More

တရုတ်နိုင်ငံမှာ လှည့်လည်သွားလာနေတဲ့ဆင်အုပ်ကြောင့် လူတစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း

ပေကျင်း၊ သြဂုတ်-၁၁-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံမှာ လှည့်လည်သွားလာနေကြတဲ့ ဆင်အုပ်စုကြောင့် ဆင်တွေဦးတည်ရာလမ်းကြောင်းမှာရှိတဲ့ ဒေသခံ တစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တရုတ်တာ၀န်ရှိသူတွေက သြဂုတ် ၁၀ ရက်မှာ ပြောပါတယ်။   လပေါင်းများစွာ လှည့်လည်သွားလာနေတဲ့ အဲဒီအာရှဆင် ၁၄ ကောင်နဲ့ဒေသခံတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်လာမှာကို ယူနန်ပြည်နယ်တာ၀န်ရှိသူတွေက စိုးရိမ်နေကြပါတယ်။   ရဲတပ်ဖွဲ့၀င် နှစ်သောင်းငါးထောင်ကျော်ဟာ မော်တော်ယာဉ်တွေ ဒရုန်းတွေကိုအသုံးပြုပြီး အဲဒီဆင်အုပ်ကို စောင့်ကြည့်နေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။   ဆင်အုပ်ဟာ လူတွေအခြေချနေထိုင်ရာနေရာသို့ချဉ်းကပ်လာချိန်မှာ ဒေသခံတွေက သူတို့ရဲ့ ကောက်ပဲသီးနှံတွေနဲ့ နေအိမ်တွေကို ကာကွယ်ဖို့ကြိုးရင် ပဋိပက္ခတွေဖြစ်လာမှာကို ကာကွယ်တာဆီးဖို့ ရွှေ့ပြောင်းမှုများပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။   ဇွန်လအတွင်းကလည်း ယူနန်ပြည်နယ် မြို့တော်ကူမင်းရဲ့ ဆင်ခြေဖုန်းဒေသထိ အဲဒီဆင်အုပ်စု ရောက်ရှိခဲ့ပါသေးတယ်။   Ref : BBC…

Read More

ဘုတလင်မြို့ပေါ်က အဆောက်အဦးနဲ့ နေရာတချို့ ပေါက်ကွဲမှုတွေဖြစ်ပြီး လူ ၁ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၁၁ – ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှာရှိတဲ့ အရေးကြီး အဆောက်အဦးနဲ့ နေရာတချို့မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက်ဖြစ်ခဲ့ပြီး လူ ၁ ဦး ဒဏ်ရာရထားတယ်လို့ ဘုတလင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ဒီမနက် ၈ နာရီထိုးပြီးတော့ ဆက်သွယ်ရေးရုံး (MPT) ဘက်မှာ အရင်ပေါက်ကွဲတယ် ၊ အဲ့ဒီနောက် မိနစ်အနည်းငယ်ခြားပြီး ရဲစခန်းဘက်မှာ ဆက်ပေါက်တယ် ” လို့ ဘုတလင်မြို့ခံတစ်ယောက်က ပြောပါတယ် ။   ဒီမနက် ၈ နာရီ ၇ မိနစ်အချိန်မှာ ဘုတလင်မြို့၊ မြဝတီရပ်ကွက်၊ ဘုတလင်-ကနီကားလမ်းအနီးက မြန်မာ့ဆက်သွယ်ရေးရုံးမှာ ဗုံးပေါက်ကွဲမှု…

Read More

မန္တလေးမြို့မှာ ရပ်ကွက်ရုံး အစောင့်ကျနေတဲ့စစ်သား(၁)ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

မန္တလေး၊ ဩဂုတ် ၁၁-၂၀၂၁ Ko Hik(VOM)   မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုမှာ ဒီကနေ့မနက် ၆နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အစောင့်ကျနေတဲ့ စစ်သား(၁)ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။   ” အဲ့ဒီရုံးရှေ့ လုပ်ထားတဲ့ သဲအိတ်ထဲမှာ အစောင့်ကျနေတဲ့ စစ်သားတစ်ဦးကို အမည်မသိလူ(၂)ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ (၃)ချက်ပစ်သွားတာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။   သေနတ်ပစ်ခံရတဲ့ စစ်သားရဲ့ ညာဖက်နံကြားဖောက်ဝင် ဒဏ်ရာရပြီး နာရီပိုင်းအကြာ ဆေးရုံကိုပို့ဆောင်အပြီးမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။   အဲ့ဒီလို ပစ်ခတ်မှုဖြစ်တဲ့အချိန် အခြား အစောင့်ကျနေတဲ့ စစ်သားတွေက သေနတ်နဲ့ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။   ဖြစ်စဉ်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရဖို့ VOMအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။   #voiceofmyanmar #VOM #မန္တလေး

Read More

မုံရွာ-ဂန့်ဂေါ ကားလမ်းမှာ ဒလန်လို့ နာမည်ထွက်နေတဲ့ လူ(၂)ဦး အသတ်ခံရ

သြဂုတ် ၊ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံရွာ-ဂန့်ဂေါကားလမ်း ၅၇ မိုင်မှာနေတဲ့ လူ ၂ ဦးဟာ မနေ့ သြဂုတ် ၁၀ ညပိုင်းက အသတ်ခံရတယ်လို့ ဝမ်းဘဲချိုင့်ကျေးရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ၇ မိုင်စခန်းက ကိုပေသီနဲ့ ကိုနိုင်စိုးတို့ ၂ ယောက်ကို သတင်းပေး ဒလန်ဆိုပြီး ညက ၁၀ နာရီလောက်မှာ အသတ်ခံလိုက်ရတယ် ၊ ဘယ်သူတွေ သတ်တယ်ဆိုတာတော့မသိဘူး ” လို့ ဝမ်းဘဲချိုင့်ရွာနေ ဒေသခံတစ်ယောက်ကပြောပါတယ် ။   ပုလဲမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာက လူတွေဟာ ပုံတောင်ရိုးမဘက်ကို တောင်ယာလုပ် ၊ ထင်းခုတ် ၊ မီးသွေးဖုတ် စတာတွေ သွားလုပ်တဲ့အခါ စခန်းချ…

Read More

တရုတ်ဘက်က မြန်မာပြန်တွေကို နန်း‌တော်ပေါက်ကနေ တရားဝင် လွှဲပြောင်းထွက်ခွင့်ပြုခြင်း ယာယီရပ်နားမယ်

ဩဂုတ် ၁၁-၂၀၂၁ Shy V (VOM)   တရုတ်ဘက်က မြန်မာပြည်တော်ပြန်တွေကိုနန်း‌တော်ပေါက်ကနေ တရားဝင်လွှဲပြောင်း ထွက်ခွင့်ပြုခြင်းကို ယာယီရပ်နားမှာဖြစ်ကြောင်း နီးစပ်သူတွေဆီကနေ သိရပါတယ်။   “ဩဂုတ်လ ၁၁ရက် ပြည်တော်ပြန် လွှဲပြောင်းတာပိတ်တယ်။ တရုတ်ဘက်က ပိတ်တာ။ ဘယ်နှရက်နားမှာလဲ မသိသေးဘူး။ မပြောသေးဘူး ငါတို့ကို။ ဘယ်နေ့ ပြန်ဖွင့်မှာ မသိသေးဘူး။” လို့ မြန်မာပြည်တော်ပြန်တွေကို လွှဲပြောင်းလက်ခံတဲ့ထဲ ပါဝင်သူတစ်ဦးက ပြောပါတယ်။   ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း(ရွှေလီ)ဥက္ကဋ္ဌ ကိုချမ်းမြေ့ကို ဆက်သွယ်ရာမှာတော့ “တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင် လူ အဝင်/ အထွက်ဂိတ်ကို တရုတ်ဘက်က ရက်အတိအကျ မသိ ယာယီ ပိတ်ထားကြောင်း ဟုတ်ပါတယ်ခင်ဗျ။ ခဏ ယာယီထောက်ပံ့မှုတွေ လုပ်ပြီးတော့ သူတို့ နားတဲ့ သဘောပါ။ သူတို့ ဒီဘက်က ထောက်ပံ့မှုတွေ လိုက်လုပ်နေတယ်။…

Read More
VOM News

FREE
VIEW