ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်နေ

ဘန်ကောက်၊ သြဂုတ်-၁၁-၂၀၂၁
မျိုးဆက် (VOM)
 
ထိုင်းနိုင်ငံမှာ ကပ်ရောဂါအပေါ် အစိုးရရဲ့ကိုင်တွယ်ဆောင်ရွက်မှုတွေကို အများပြည်သူမကျေ နပ်ဖြစ်နေချိန်မှာဘဲ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေလည်း တကျော့ပြန်အရှိန်မြင့်နေပါတယ်။
 
သြဂုတ်၁၀ ရက်မှာတော့ မြို့တော်ဘန်ကောက်နဲ့ အခြားနေရာတွေမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ သြဂုတ် ၇ ရက်မှာ ဘန်ကောက်မှာ လူတစ်ထောင်ကျော်ပါ၀င်တဲ့ ဆန္ဒပြပွဲပြီးနောက် ဆက်တိုက်ဖြစ်ပေါ်လာဖြစ်ပါတယ်။
 
ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှုက်ထွက်ရေးအတွက် တောင်းဆိုနေကြပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ၀ယ်ယူမှုနှောင့်နှေးနေတဲ့အပေါ်လည်း အစိုးကို အပြစ်တင်နေကြပါတယ်။
 
ဆန္ဒပြသူအချို့ဟာ လမ်းပိတ်ထားတဲ့ ရဲတွေကို ကျောက်ခဲတွေနဲ့ပစ်ပေါက်ခဲ့ကြပြီး အချို့ကကတော့ ရဲကင်းတွေကို မီးရှို့ခဲ့ကြလို့ ရဲအချို့ ဒဏ်ရာရခဲ့ပါတယ်။
 
ရဲတွေကလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
 
ထိုင်းနိုင်ငံမှာ ခရီးသွားမှုနဲ့ စီးပွားရေးလုပ်ငန်းများအပေါ် ကာလကြာရှည်ကန့်သတ်ချက်တွေနဲ့အတူ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေမြင့်တက်လာချိန်မှာ ဆန္ဒပြပွဲတွေ ပိုမိုအရှိန်မြင့်ပြီး ပဋိပက္ခတွေလည်း မြင့်တက်လာနေပါတယ်။
 
Ref :NHK
Photo : AP
#voiceofmyanmar #vom #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW