တရုတ်နိုင်ငံမှာ လှည့်လည်သွားလာနေတဲ့ဆင်အုပ်ကြောင့် လူတစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း

ပေကျင်း၊ သြဂုတ်-၁၁-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံမှာ လှည့်လည်သွားလာနေကြတဲ့ ဆင်အုပ်စုကြောင့် ဆင်တွေဦးတည်ရာလမ်းကြောင်းမှာရှိတဲ့ ဒေသခံ တစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တရုတ်တာ၀န်ရှိသူတွေက သြဂုတ် ၁၀ ရက်မှာ ပြောပါတယ်။
 
လပေါင်းများစွာ လှည့်လည်သွားလာနေတဲ့ အဲဒီအာရှဆင် ၁၄ ကောင်နဲ့ဒေသခံတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်လာမှာကို ယူနန်ပြည်နယ်တာ၀န်ရှိသူတွေက စိုးရိမ်နေကြပါတယ်။
 
ရဲတပ်ဖွဲ့၀င် နှစ်သောင်းငါးထောင်ကျော်ဟာ မော်တော်ယာဉ်တွေ ဒရုန်းတွေကိုအသုံးပြုပြီး အဲဒီဆင်အုပ်ကို စောင့်ကြည့်နေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
 
ဆင်အုပ်ဟာ လူတွေအခြေချနေထိုင်ရာနေရာသို့ချဉ်းကပ်လာချိန်မှာ ဒေသခံတွေက သူတို့ရဲ့ ကောက်ပဲသီးနှံတွေနဲ့ နေအိမ်တွေကို ကာကွယ်ဖို့ကြိုးရင် ပဋိပက္ခတွေဖြစ်လာမှာကို ကာကွယ်တာဆီးဖို့ ရွှေ့ပြောင်းမှုများပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
 
ဇွန်လအတွင်းကလည်း ယူနန်ပြည်နယ် မြို့တော်ကူမင်းရဲ့ ဆင်ခြေဖုန်းဒေသထိ အဲဒီဆင်အုပ်စု ရောက်ရှိခဲ့ပါသေးတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #vom #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW