ပုဏ္ဏားကျွန်း သိမ်းဖို့ အစိုးရတပ်က စစ်ရေးအရှိန်နဲ့ထိုးစစ်ဆင်နေ

စက်တင်ဘာ ၂၂ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ပြန်လည် သိမ်းယူနိုင်ဖို့ အစိုးရတပ်က စစ်ရေးအရှိန် မြှင့်တင်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပိုမို ပြင်းထန်လာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ အစိုးရတပ်တွေက တိုက်ပွဲ ဖော်ဆောင်လာလာတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ရက်ပေါင်း ၂၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ “အစိုးရတပ်က တဖက်မှာလည်း ပုဏ္ဏားကျွန်းကိုရဖို့ ထိုးစစ်ဆင်နေသလို တဖက်မှာလည်း စစ်တွေကို မပေးရရေး ကြိုးပမ်းနေတယ်။ ပုဏ္ဏားကျွန်း – စစ်တွေအစပ်နဲ့ စစ်တွေမြို့ရဲ့ အနီးတဝိုက်က ကာကင်းစခန်းတွေကို အစိုးရတပ်က အဓိက ခြေကုတ်ယူထားတာ တွေ့ရတယ်။ စစ်တွေမြို့ဘက်ကို ဦးတည်တဲ့ စစ်မျက်နှာပြင်မှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်။ နှစ်ဖက်စလုံးက စစ်ရေးအရ…

Read More

စမ်းချောင်းမှာ ကျောင်းသားနှစ်ယောက်ကို ဓားနဲ့ထိုး ရိုက်နှက်ခဲ့တဲ့ ကျူးလွန်သူ ရှစ်ယောက်ကိုဖမ်းမိ

စက်တင်ဘာ ၂၂ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ စမ်းချောင်းလင့်ခ် ၊ ညစျေးတန်းမှာ ကျောင်းသားနှစ်ယောက်ကို ဓားနဲ့ထိုးသွားသူတွေထဲက မိန်းကလေးတယောက်အပါအဝင် လူငယ်ရှစ်ယောက်ကို ဖမ်းဆီးရမိပြီလို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေက အသက် ၁၈ နှစ်အရွယ်တွေဖြစ်တဲ့ ရွှေရည်ဝတီ (ခ) သဒ္ဒါ ၊သူရိန်ထွန်း ၊ ဇင်ကို ၊ အသက် ၁၇ နှစ်အရွယ်ဖြစ်တဲ့ မင်းထက်ကျော် နဲ့ နိုင်မင်းခန့် ၊ အသက် ၂၁ နှစ် အောင်အောင်ဦး၊ အသက် ၁၄ နှစ် အောင်မြတ်သူ ၊ အသက် ၁၆ နှစ်အရွယ် ပြည့်စုံအောင် တို့ ဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့က ဖမ်းမိတာလို့ သိရတယ်။ ခုဖမ်းမိတဲ့အထဲက ကောင်မလေးကို တယ်လီဂရမ်မှာ စနောက်လို့ဆိုပြီး…

Read More

အုတ်တွင်းမြို့နယ် တိုက်ပွဲဆက်ဖြစ်​နေလို့ ဒေသခံတွေ နေရပ်မပြန်နိုင်သေး

စက်တင်ဘာ ၂၂ – ၂၀၂၆ SS (VOM) ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အုတ်တွင်းမြို့နယ်ထဲက ကရင်ရွာ၊ ရွှေလောင်း၊ အင်းဝိုင်းနဲ့ ဘိုကုန်းကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲ သုံးရက်ကြာ ငြိမ်သက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့၊ ညနေပိုင်းက ကရင်ရွာကြီးဝန်းကျင်မှာ တကြိမ်၊ မနေ့ စက်တင်ဘာ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ပဲကြီးခုံကျေးရွာမှာ တကြိမ် ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “မနေ့က တိုက်ပွဲဖြစ်တဲ့အချိန်…

Read More

မုန်တိုင်းအရှိန်ကြောင့် မိုးရွာ လေပြင်းတိုက်လို့ စပါးခင်း ၊ ပြောင်းခင်းတွေ လဲကျပျက်စီးခဲ့သလို မြေပဲ၊ကြက်သွန်ခင်းတွေလည်း ပျက်စီး

စက်တင်ဘာ ၂၂ ၊ ၂၀၂၆ CC (VOM) ဒီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် မိုးရွာ ၊ လေပြင်းတိုက်လို့ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း စပါးစိုက်ခင်းအများအပြား နဲ့ ရှမ်းပြည်နယ်ထဲက ပြောင်းစိုက်ခင်းတချို့ အပင်​တွေလဲကျပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာဆိုရင် ပုသိမ် ၊ အိမ်မဲ၊ ကျောင်းကုန်း၊ ညောင်တုန်း၊ ပန်းတနော်၊ မအူပင်စတဲ့မြို့နယ် တွေက စပါးစိုက်ဧက ရာနဲ့ချီပြီး လဲကျ ပျက်စီးမှုရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင်လည်း တွံတေးမြို့နယ်၊ ခရမ်းမြို့နယ် ၊ သုံးခွ ၊ သန်လျင်မြို့နယ် အပါအဝင် စတဲ့မြို့နယ်တချို့ မှာ လေပြင်းတိုက်ခတ်မှုကြောင့် စပါးစိုက်ဧက ရာနဲ့ချီပြီး လဲကျခဲ့ကြောင်း ၊ စိုက်ခင်းထဲရေရှိတဲ့ စပါးခင်းတွေကတော့ ပျက်စီးဆုံးရှုံးမှုပိုများတယ်လို့သိရပါတယ်။ ” စပါးအဖုံးအလုံးတွေဖြစ်နေပြီ။အနှံထွက်တဲ့အပင်ကတချို့တလေပဲထွက်သေးတယ်။အဖုံးရင့်တဲ့အချိန်လဲသွားရင် စပါးအောင်မြင်ဖို့ ၃၅ နဲ့…

Read More

သူတို့အိမ် အခန်း (၂၂၇)

    ဆူးငှက်     ဝမ်းအပ်နှင့် ပြန်ခဲ့တယ် ———————— ရန်ကုန်က မနက်ထွက်သည့် ရထားကို ၂၅နာရီကျော် တအိအိစီးပြီးမှ မန္တလေးရောက်သည်။ နောက်ရက် မနက် ၁၀နာရီနီးပါးမှာ အိမ်သို့ရောက်တော့ အမေက သတိမရတစ်ချက် ရတစ်ချက်နှင့် အိပ်ရာထဲမှာပဲ အိပ်နေသည်။ မမခင်ဝင်းတို့က အမေ့ဘေးမှာပဲရှိနေကြသည်။ ခင်သော်ဇင်ကတော့ မီးဖိုခန်းထဲမှာပေါ့။ ကလေးတွေက ကျောင်းသွား ကြသတဲ့။ ကျွန်တော်လည်း ရောက်တာနှင့် ၃ညဆက်တိုက် အိပ်ရေးပျက်တာမို့ မှေးခနဲ အိပ်ပျော်သွားလိုက်တာ ညနေ နေဝင် မီးထွန်းမှ နိုးတော့သည်။ ကလေးတွေလည်း ကျောင်းက ပြန်ရောက်ကြပြီ။ မြစ်ဖြစ်သူ ကျော်မင်းဦးလည်း ရှိနေသည်။     အမေက အိပ်ဆဲ၊ တစ်ခါလား နိုးလာ သတိရပြီး ကျွန်တော့်ကို မေးသတဲ့။ မြေးဖြစ်သူ ရွှေစင်ဇော်ဝင်းက လေးဆန်း ရှိတယ် အမေကြီး…

Read More

ဂျွန်ဒျူဝီအတွေးအခေါ်၊ တရုတ်ပညာရေးနဲ့ မြန်မာပြည်အတွက် အတုယူစရာ

MT(VOM) ဆရာကြီး John Dewey ရဲ့ “ပညာရေးဆိုတာ အနာဂတ်အတွက် ပြင်ဆင်တာမဟုတ်ဘူး၊ ဘဝကိုယ်တိုင်ဟာ ပညာရေးဖြစ်တယ်” ဆိုတဲ့ အယူအဆနဲ့ပဲ စလိုက်ရအောင်။ သူက စာအုပ်ထဲက သီအိုရီတွေကို ကျက်မှတ်နေတာထက် လက်တွေ့လုပ်ဆောင်ရင်း သင်ယူတဲ့ Learning by Doing နဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့ အဓိကထားခဲ့တာပါ။ ​၁၉၁၉ ကနေ ၁၉၂၁ ကြား Dewey တရုတ်ပြည်မှာ ဟောပြောပွဲတွေ လုပ်ခဲ့တုန်းက ဒီအတွေးအခေါ်ဟာ တရုတ်ပညာရှင်တွေကြား အတော်လေး လွှမ်းမိုးသွားခဲ့တယ်။ နောက်ပိုင်း မော်စီတုံးရဲ့ ပညာရေးအယူဝါဒပေါ်မှာပါ သွားသက်ရောက်တာတွေ့ရပါတယ်။ မော်စီတုံးက ပညာရေးဆိုတာ ရာထူးတက်ဖို့ မဟုတ်ဘူး၊ လူထုကြီးကို အကျိုးပြုရမယ်လို့ ယူဆခဲ့တာကိုး။ ဒါကြောင့် Dewey ရဲ့ လက်တွေ့သင်ယူရေးကို မာ့ခ်စ်ဝါဒနဲ့ ပေါင်းစပ်လိုက်ပြီး “စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်ရေး” ရယ်၊ “လုပ်အားပေးရင်း…

Read More

မန္တလေးမှာ လျှပ်စစ်မိန်းကြိုးတွေ ခိုးခံရမှု ခပ်စိပ်စိပ်ဖြစ်နေ

မန္တလေး၊ စက်တင်ဘာ- ၂၁- ၂၀၂၆ SA(VOM) မန္တလေးမှာ လျှပ်စစ်သွယ်တန်းထားတဲ့ မိန်းကြိုးတွေ ခိုးယူခံရမှု ခပ်စိပ်စိပ်ဖြစ်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ ညက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့နဲ့ အနောက်ရပ်ကွက် ၂၆ လမ်း၊ လမ်း ၈၀ ကနေ ၈၄ လမ်းအထိ သွယ်တန်ထားတဲ့ မိန်းကြိုးတွေခိုးယူခံရတယ်လို့ သိရပါတယ်။ ” ပြီးခဲ့တဲ့ စနေနေ့က ၈၁ လမ်း ၂၆ လမ်းထောင့်က ထရန်စဖော်မာမှာ မီးကြိုးတွေခိုးခံရတယ်၊ ထရန်စဖော်မာမှာရှိနေတဲ့ ကြေးကြိုးကြီးတွေခိုးခံရတာ၊ အခု EPC လာလုပ်နေတယ်၊ တို့ကကျ ပစ္စည်းတွေဝယ်ပေးရတာ၊ ဒီနားမှာ အိမ်သုံးဆယ်ကျော်ရှိတယ် တအိမ်ကို တသိန်းကောက်ပြီး ကိုယ်ထူကိုယ်ထ လုပ်လိုက်ရတာပေါ့၊ သိန်းသုံးဆယ်ကျော်တာပေါ့၊ အဲ့ဒီအချိန်တွေက သာမာန်လူတွေက တော်ရုံတန်ရုံ မထွက်တဲ့အချိန် ဘယ်သူတွေထွက်နေလဲ အဲ့ဒါရှင်းရှင်းပြောရရင် တရားဥပဒေစိုးမိုးဖို့လိုတယ်၊…

Read More

တန့်ယန်းမှာ စက်သုံးဆီခွဲတမ်း မလုံ​လောက်လို့ ​မှောင်ခို​ဈေးနဲ့ ထည့်​နေရ

စက်တင်ဘာ ၂၁-၂၀၂၆ CM(VOM) ရှမ်းမြောက်တန့်ယန်းမှာ စက်သုံးဆီတွေကိုQRစနစ်နဲ့ PPRDက သတ်မှတ်တဲ့ ရည်ညွန်းစျေးအတိုင်း ရောင်းပေးနေတယ်ဆိုပေမယ့် ဆီဆိုင်တဆိုင်ကို တရက်လောက်ပဲရောင်းပေးကြလို့လိုင်စင်ကားတွေဟာ အပြင်ပေါက်စျေးနဲ့ဆီထည့်နေရတယ်လို့သိရပါတယ်။ စက်တင်ဘာလ(၁၅)ရက်ကစပြီး တန့်ယန်းမြို့နယ်အတွင််းက ခွဲတမ်းရတဲ့ဆီဆိုင်(၆)ဆိုင်မှာ သက်သာတဲ့ရည်ညွှန်းစျေးအတိုင်းအလှည့်ကျ အသီးသီးရောင်းချပေးခဲ့ပါတယ်။ ဆီအရောင်းဆိုင်ရှေ့မှာလာတန်းတဲ့ကားတွေဟာ လိုင်စင်ရှိတွေရော ၊လိုင်စင်မဲ့တွေပါရောနှောတန်းစီခဲ့ပြီး ဆီထည့်ကြတာကြောင့် တရက်အတွင်းမှာပဲဆီခွဲတမ်းကုန်သွားလို့ လိုင်စင်ကားအချို့အပြင်ပေါက်စျေးအတိုင်းပဲ ဝယ်သုံးနေရတယ်လို့ ရပ်ကွက်(၄)မှာနေတဲ့ အမျိုးသားတယောက်ကပြောပါတယ်။ “ဆီထည့်ဖို့ တန်းစီတာ ကိုယ့်ရှေ့ကအစိုးရဝန်ထမ်းတွေရဲ့ကားတွေနဲ့ ဘုန်းကြီးကျောင်းတွေကကားတွေကို လိုင်စင်ရှိတာကော၊ မရှိတာတွေကိုကောထည့်ပေးတယ်။ ဆီခွဲတမ်းကုန်တာနဲ့ရပ်ပြီဆိုတော့ ကျ​​နော်တို့အလှည့်က မကျတော့ဘူး။နောက်ရက်သွားထည့်ရင် အဲ့ဒီစျေးနဲ့မရတော့လို့ကျွန်တော်တို့လို လိုင်စင်ရှိယာဉ်တွေအတွက်နစ်နာတယ်လေ”လို့သူကပြောပါတယ်။ “မြို့အနေနဲ့ရတဲ့ခွဲတမ်းကနည်းတယ်။ တမြို့လုံးအတွက်ဆီဘောက်ဆာတစီးစာလောက်ပဲရပြီး တဆိုင်ကိုတရက်ရောင်းစာလောက်ပဲရတော့ ခွဲတမ်းကုန်ရင်ရပ်ရတော့တာပေါ့။ ဝန်ထမ်းတွေရဲ့ကားတွေ၊ ဘုန်းကြီးကျောင်းကကားတွေနဲ့ ပရဟိတကားတွေကိုလည်းရောင်းပေးရတာဆိုတော့တခြားမြို့တွေပုံစံလိုအတိအကျလုပ်ဖို့အဆင်မပြေပါဘူး”လို့ ရပ်ကွက်(၅)ကဆီဆိုင်ပိုင်ရှင်တယောက်ကပြောပါတယ်။ တန့်ယန်းမှာ PPRDရည်ညွှန်းစျေးနဲ့ 92(၄၅၃၉)ကျပ်၊95(၄၆၅၅)ကျပ်၊ပရီမီယံ(၅၇၆၉)ကျပ်၊ရိုးရိုးဒီဇယ်(၄၈၅၀)ကျပ်တို့နဲ့ရောင်းပေးကြပြီးပြင်ပပေါက်စျေးတွေက92(၇၀၀၀)ကျပ်95(၈၅၀၀)ကျပ်၊ပရီမီယံ(၇၀၀၀)ကျပ်တို့ဖြစ်ပါတယ်။ ရှမ်းမြောက်မှာ လိုင်စင်ရှိယာဉ်တွေကို QRစနစ်နဲ့သက်သာတဲ့စျေးနှုန်းအတိုင်းရောင်းချပေးဖို့ခွဲတမ်းရတဲ့မြို့တွေက တန့်ယန်း၊ လားရှိုး၊နောင်ချိုနဲ့မိုင်းရယ်မြို့တို့ဖြစ်ပြီး တန့်ယန်းကလွဲတခြားမြို့တွေမှာ လိုင်စင်ကားတွေသက်သာတဲ့စျေးနှုန်းအတိုင်းဆီထည့်လို့ရနေသေးတယ်လို့ သိရပါတယ်။ “လားရှိုးမှာတော့ လိုင်စင်ရှိဆိုရင်အဲ့စျေးနှုန်းအတိုင်းထည့်လို့ရနေပြီးလိုင်စင်မဲ့တွေဆိုရင်တော့အပြင်ပေါက်စျေးနဲ့ထည့်ရတာပေါ့။ဒီကဆီစျေးတွေက သိပ်မကွာကြလို့သူ့ဟာနဲ့သူတော့အဆင်ပြေနေကြတာပဲ”လို့ လားရှိုးဒေသခံတယောက်ကပြောပါတယ်။…

Read More

ထီးချိုင့် – ကသာလမ်းပိုင်း ပိတ်ထားမှု တလနီးပါး ကြာမြင့်လာ

စက်တင်ဘာ ၂၁ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ထီးချိုင့် – ကသာ ကားလမ်းမကြီး ပိတ်ထားတာဟာ တလနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ကားကြီး အစင်းပေါင်း ၈၀၀ ဝန်းကျင် ပိတ်မိနေကြတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။ ကသာ – ထီးချိုင့် လမ်းပိုင်းကို မည်သည့်အကြောင်းပြချက်မျှ သေချာရေရာစွာ မသိရဘဲ လက်နက်ကိုင်တပ်ဖွဲ့တွေက ကြာရှည်စွာ ပိတ်ပင်ထားတာဖြစ်ပြီး ကားတွေ သွားလာလို့မရဘဲ မြို့တွင်းနဲ့ လမ်းတလျှောက်မှာ ရပ်နားထားရတယ်လို့ သိရပါတယ်။ “ဒီလမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်တာလည်း မရှိဘူး။ ဒါပေမယ့် ဘာကြောင့် ပိတ်ထားမှန်းလည်း မသိရဘူး။ လမ်းဖွင့်ဖို့ကိုပဲ စောင့်နေကြရတယ်။ လမ်းပြုပြင်ဖို့ကလည်း ထီးချိုင့်နားက နတ်အင်းချောင်းမှာ လက်နက်ကိုင်တပ်တွေ ရှိနေလို့ လမ်းမပြင်နိုင်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဇက်ကူးခအနေနဲ့…

Read More

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကနေ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် အချက် ၈ ချက်ကို သမ္မတ ဦးမင်းအောင်လှိုင်မှာကြား

နေပြည်တော်၊ စက်တင်ဘာ- ၂၁- ၂၀၂၆ SA(VOM) “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကနေ နိုင်ငံ့ထုတ်ကုန်တိုးတက် မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းက MICC I မှာ ဒီကနေ့ စက်တင် ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီဆွေးနွေးပွဲမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကနေ နိုင်ငံ့ထုတ်ကုန်တိုး တက်ရေးအတွက် အချက် ၈ ချက်ကို သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားခဲ့ပါတယ်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုး တက်မှုသို့ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲမှာ လယ်ယာကဏ္ဍကနေ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် ထုတ်လုပ်မှုကတဆင့် ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည် တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ ကွင်းဆက်တလျှောက် ချိတ်ဆက်ဖော်ဆောင်ဖို့ ဒီအချက်တွေကို မှာကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများနှင့် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် လုပ်ကိုင်သူများပြားသဖြင့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကာ ကုန်ထုတ်လုပ်မှုနဲ့ကျေးလက်ဝင်ငွေ တိုးတက်စေဖို့အတွက်…

Read More
VOM News

FREE
VIEW