လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကနေ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် အချက် ၈ ချက်ကို သမ္မတ ဦးမင်းအောင်လှိုင်မှာကြား

နေပြည်တော်၊ စက်တင်ဘာ- ၂၁- ၂၀၂၆
SA(VOM)
“လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကနေ နိုင်ငံ့ထုတ်ကုန်တိုးတက် မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းက MICC I မှာ ဒီကနေ့ စက်တင် ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီဆွေးနွေးပွဲမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကနေ နိုင်ငံ့ထုတ်ကုန်တိုး တက်ရေးအတွက် အချက် ၈ ချက်ကို သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားခဲ့ပါတယ်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုး တက်မှုသို့ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲမှာ လယ်ယာကဏ္ဍကနေ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေးအတွက် ထုတ်လုပ်မှုကတဆင့် ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည် တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ ကွင်းဆက်တလျှောက် ချိတ်ဆက်ဖော်ဆောင်ဖို့ ဒီအချက်တွေကို မှာကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူများနှင့် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍတွင် လုပ်ကိုင်သူများပြားသဖြင့် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဆောင်ရွက်ကာ ကုန်ထုတ်လုပ်မှုနဲ့ကျေးလက်ဝင်ငွေ တိုးတက်စေဖို့အတွက် အလေးထားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သလို မိရိုးဖလာစိုက်ပျိုးရေးကနေ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးကို ကူးပြောင်းပြီး မျိုး၊ မြေ၊ ရေ၊ နည်း အခြေခံအချက်တွေကိုပြည့်စုံစေရန်၊ လယ်ယာသုံးစက်ကိရိယာအသုံးပြုမှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးနဲ့ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးတို့ကို ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
နောက်တချက်အနေနဲ့ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့်သာ မရောင်းချဘဲ ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲရန် လိုအပ်ပါကြောင်းနဲ့ ဝါကို ဝါဂွမ်း၊ ချည်၊ ချည်ထည်နှင့် အဝတ်အထည်အထိ၊ ဝါးကို စက္ကူ၊ ပရိဘောဂနှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များအထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖော်ဆောင်နိုင်ရေး အလေးထားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် အခြားမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုစနစ်၊ အစာစရိတ်၊ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနဲ့ ဒေသထွက် စိုက်ပျိုးမွေးမြူရေးကုန် ကြမ်းတွေကို အခြေခံတဲ့ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးလာပါက ဒေသတွင်းအလုပ်အကိုင်၊ ဝင်ငွေနှင့် စီးပွားရေးလည်ပတ်မှု တိုးတက်နိုင်တာကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍတွေကို တန်ဖိုးကွင်းဆက်တစ်ခုအဖြစ် ချိတ်ဆက်ဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
Digital Agriculture၊ Precision Agriculture နဲ့ Artificial Intelligence နည်းပညာတွေကို မြေယာ၊ ရေ၊ ရာသီဥတု၊ သီးနှံဈေးကွက်အချက်အလက်တွေအပေါ် အခြေခံပြီး လက်တွေ့အသုံးချရန် လိုအပ်ပါကြောင်းနဲ့ အစိုးရ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်နဲ့သုတေ သနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်၍ လက်တွေ့အကော င်အထည်ဖော်နိုင်မယ့် မူဝါဒနဲ့ လုပ်ငန်းစီမံချက်တွေထွက်ပေါ်လာစေဖို့ ဆွေးနွေးသွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

Related posts

VOM News

FREE
VIEW