လောင်းလုံမှာ နာရေးကပြန်လာတဲ့ အမျိုးသမီး(၄)ဦး ဖမ်းဆီးခံရ

သြဂုတ် ၂၉-၂၀၂၁ KK(VOM)   လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက နာရေးကနေပြန်လာတဲ့ အမျိုးသမီး(၄)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ဒီကနေ့မနက်ပိုင်း စပ်ပြဲကျေးရွာက သပိတ်စစ်ကြောင်းကို ဆိုင်ကယ်တွေနဲ့ထွက်ခဲ့ပြီး လူစုခွဲပြီးနောက် အရပ်ဝတ်နဲ့စစ်သားတွေက သပိတ်မှာမပါတဲ့ နာရေးကပြန်လာတဲ့အမျိုးသမီးလေးဦးကို ဖမ်းဆီးခဲ့တာဖြစ််တယ်၊ ကလေးမလေးတွေက နာရေးကူညီမှုအသင်းမှာသွားကူပြီးပြန်လာတာကို ဖမ်းတာ”လို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။   ဖမ်းဆီးခံရသူတွေဟာ စစ်ပြဲကျေးရွာက ဒေါ်အေးချို၊ မသီတာဝင်း၊ မမီးသက်ဆောင်း၊ မအိမ့်စပါယ်ချိုတို့ဖြစ်ပြီး ဘယ်လိုကိစွနဲ့ပတ်သတ်လို့ ဖမ်းဆီးတာကို မသိရတဲ့အတွက် မိသားစုဝင်တွေကစိတ်ပူနေတယ်လို့ ကျေးရွာနေသူတွေဆီကသိရပါတယ်။   ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း လောင်းလုံမြို့ နယ်ရှိ ရပ်ကွက်အချို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ တက်ကြွလှုပ်ရှားသူလူငယ်တွေကို ဖမ်းဆီးခဲ့ပါသေးတယ်။   #voiceofmyanmar #VOM #လောင်းလုံ ပုံစာ- ယခင်က လောင်းလုံမြို့နယ်က ရပ်ကွက်တစ်ခုမှာ အရပ်ဝတ်နဲ့ဝင်ရောက်ဖမ်းဆီးပုံ

Read More

ပြည်မြို့မှာ လုယက်မှုတွေ ပိုများလာ

သြဂုတ် ၂၉-၂၀၂၁ CKC(VOM)   ပြည်မြိုမှာ ဆိုင်ကယ်တစ်စီးကို လူတစ်ယောက်သာစီးနင်းခွင့်ပြုကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်းကတည်းက ဆိုင်ကယ်စီးသူတွေအပေါ် လုယက်ခံရမှုတွေ ပိုပြီးအဖြစ်များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   လုယက်ခံရသူအများစုမှာ အမျိုးသမီးတွေကပိုများကြောင်း ၊ လုယက်ခံရစဉ်ပစ္စည်းကိုအလွယ်တကူမပေးပါက လူကိုအန္တရာယ်ပြုတဲ့အထိ အကြမ်းဖက်တာတွေကို လုပ်ဆောင်မှူရှိတယ်လို့ သိရပါတယ်။   ” မနေ့ကပေါ့ ကောင်မလေးနှစ်ယောက် ဆိုင်ကယ်စီးနေတာကို ဆိုင်ကယ်နဲ့ကောင်လေး၂ယောက်ကပဲ ဆွဲကြိုးဖြတ်လုသွားတာ ။ ပြီးခဲ့တဲ့ရက်ကလည်း လမ်းဘေးဆိုင်ကယ်ရပ်နေတဲ့ ကောင်မလေးတွေကို ဓားနဲ့ထောက်ပြီးလုတာ ပတ်ဝန်းကျင်ကသိလို့ အော်လိုက်တော့ ထွက်ပြေးသွားတယ်။ ” လို့ ပြည်မြို့မစျေးကြီးက စျေးရောင်းချနေသူတစ်ဦးကပြောပါတယ်။   အလားတူ ပြည်မြို့ပေါ်အပြင် ပြည် – ပေါက်ခေါင်းလမ်းမ တလျှောက်မှာလည်း ဆိုင်ကယ်စီးအမျိုးသမီးတွေကို လိုက်လံနှောင့်ယှက်ပြီး ဆိုင်ကယ် ၊ ဖုန်း နဲ့ ပိုက်ဆံ လုယူတဲ့အပြင် လူကိုပါအန္တရာယ်ပြုတာတွေ အထိရှိနေတယ်လို့သိရပါတယ်။   ”…

Read More

အလုပ်ရပ်စဲခံရတဲ့ အဆင့်မြင့်ပညာဦးစီးဌာန ဝန်ထမ်းတွေကို ချေးငွေပြန်တောင်း

သြဂုတ် ၂၉ -၂၀၂၁ CKC(VOM)   ပညာဝန်ကြီးဌာန ၊အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်မှာ ရာထူးကနေ ထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ ယခင်ကအတိုးမဲ့ထုတ်ချေးထားတဲ့ လစာ ၂ဆကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာပြန်လည်ပေးဆပ်ရမယ်လို့ သက်ဆိုင်ရာတက္ကသိုလ်အချို့က ကြေညာလိုက်ပါတယ်။   ” စာထုတ်တာ တွေ့လိုက်ရတယ် ။ ကျနော်တို့ကို CDM လုပ်နေလို့ဆိုပြီး အလုပ်ကရပ်နားထားခံရတာဟုတ်တယ်။ အခုတောင် စားဝတ်နေရေးကို မနည်းဖြေရှင်းနေရတာဖြစ်တယ် ။ ဒီတော့ ချေးငွေပြန်ဆပ်ဖို့ကတော့ အဆင်မပြေဘူး။” လို့ ရာထူးကနေ ရပ်နားခံထားရသူ တစ်ဦးကပြောပါတယ်။   COVID-19 ကပ်ရောဂါရဲ့သက်ရောက်မှုကို ကုစားနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ နိုင်ငံဝန်ထမ်း (အမြဲတမ်းဝန်ထမ်း)တွေကို အတိုးမဲ့ထုတ်ချေးခဲ့တဲ့ လစာ(၂)ဆကို ရာထူးကနေ ထုတ်ပယ် ( Removal) ပြစ်ဒဏ်ချမှတ်ခံရသူတွေအနေနဲ့ ပြန်လည်ပေးသွင်းဖို့…

Read More

ဧည့်စာရင်းစစ်တယ်ဆိုပြီး သင်္ဃန်းကျွန်းအပါအဝင် မြို့နယ်(၄)မြို့နယ်က လူအချို့ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၉-၂၀၂၁ KK(VOM)   ရန်ကုန်ရှိ သင်္ဃန်းကျွန်း၊မြောက်ဥက္ကလာ၊လှိုင်နဲ့ တောင်ဒဂုံမြို့နယ်တို့မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး လူငယ်အချို့ကို စစ်တပ်နဲ့ရဲတွေဟာ မနေ့ဩဂုတ်လ ၂၈ရက် ညပိုင်းက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။   သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ ၅ လမ်းမှာ မနေ့ည ၆နာရီခွဲက လူငယ်တစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   “စစ်သားတွေရော ရဲတွေရော အရပ်ဝတ်ရောပါတယ်၊ ဖမ်းမဲ့တိုက်ကို ဟိုဘက်ဒီဘက်ပိတ်ပြီး ပြေးပေါက်မရှိအောင်လုပ်ပြီး ဖမ်းတာ၊ ဘာကြောင့်ဖမ်းလဲဆိုတာ မသိရဘူး”လို့ သူကရှင်းပြပါတယ်။   မြောက်ဥက္ကလာမြို့နယ်၊ ဋရပ်ကွက်နဲ့ ၂ရပ်ကွက်မှာ မနေ့ည ၁၀ နာရီက ဥဇ္ဇနာ ၉လမ်းနဲ့ သုမာလာလမ်းက လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ၂ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။   လှိုင်မြို့နယ်၊ ၉ရပ်ကွက်၊ ကန်လမ်းမှာလည်း ဧည့်စာရင်းစစ်တယ်ဆိုပြီး…

Read More

မုံးကိုးမှာ စစ်တပ်နဲ့ KIA, MNDAA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ကတပ်ရင်းမှူး ၂ ဦးသေဆုံးခဲ့

ဩဂုတ် ၂၉-၂၀၂၁ Shy V(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်၊ ကောင်းလုံမှာ မနေ့ဩဂုတ်လ ၂၈ရက်မနက်ပိုင်းက စစ်တပ်နဲ့ KIA, MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က တပ်ရင်းမှူး ၂ ဦးအပါအဝင် အနည်းဆုံး ၄ ဦးကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကိုးကန့်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။   “မနေ့က မနက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ KIA ပဲ၊ ညနေပိုင်းတော့ MNDAA နဲ့ KIA ပူးပေါင်းတပ်၊ ကနေ့ ဩဂုတ်လ ၂၉ ရက် မနက်မှာတော့ စစ်တပ်တွေ ထမင်းစား‌နေတဲ့အချိန် ၄ နာရီခွဲ ဝန်းကျင် ဖြစ်မယ် MNDAA တွေက သွားပစ်တယ်။ ခုထိ ပစ်နေတုန်းပဲ။ မုံးကိုးမြို့နယ် ကောင်းလုံနဲ့ မန်ဆာကျေးရွာ နှစ်ရွာကြားက မန်ခွမ်ရွာမှာ။ မုံးကိုးကနေ…

Read More

ကင်းလှည့်တဲ့ စစ်သား ၁ ဦး စနိုက်ပါကျည် ထိမှန်ပြီး သေဆုံး

သြဂုတ် ၊ ၂၉ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် ၊ တုံကျေးရွာ အနီးဝန်းကျင်မှာ နယ်မြေရှင်းလင်းရေး ကင်းလှည့်နေတဲ့ စစ်သား ၁ ဦးဟာ စနိုက်ပါကျည်ဆံထိမှန်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပန်းဆက်ရွာဒေသခံ တစ်ယောက်ပြောတာက   ” ပန်းဆက် ၊ အိုးဖို ၊ ဘိုင် ၊ တုံ ဆိုပြီး ချင်းတွင်းမြစ်ဘေးမှာ ရွာစဥ်တွေရှိတယ် အဲ့ဒီ ရွာတွေကို နယ်မြေရှင်းလင်းရေး ကင်းလှည့်လာတဲ့ စစ်သားတွေနဲ့ အရပ်သားလက်နက်ကိုင်အဖွဲ့တွေ တုံရွာနားမှာ ပစ်ကြတာ ၊ သေနတ်သံနဲ့ ပေါက်ကွဲသံတွေ ရွာကနေ ကြားရတယ် ၊ အဲ့ဒီည ၈ နာရီထိုးပြီးတော့ ရွာထဲကို စစ်သားတွေရောက်လာတယ်…

Read More
VOM News

FREE
VIEW