ပြည်သူ့ထံက ပြည်သူ့အသံ

ကချင်ပြည်နယ် ရွှေကူမြို့ အထက်နား ရွှေပေါ်ကျွန်း စေတီတော်မြတ်ကြီး တည်ရှိရာ ရေလယ်ကျွန်ဦးထိပ် ငါးဘတ်ဝရွာ ရှေ့ ဧရာဝတီ မြစ်ကြောင်းထဲတွင် နိုင်ငံတော်အား အခွန်ပေးဆောင်ခြင်းလဲ မရှိပဲ ရွှေကူ မြို့နှင့် အနီးတဝိုက်မြို့နယ်များမှ ရွှေစက်လှေ ပိုင်ရှင်များသည် သဲမှုန်စုပ်များဖြင့် ရွှေ မျေားများထောင်ကာ စက်လှေ ၂၀ကျော် ၃၀ စီးဝန်ကျင်ခန့် တရားမဝင် ရွှေများတူးဖော်နေကြပါသည် ။   ၎င်းအချင်အရာအား ငါးဘတ်ဝကျေးရွာ အုပ်ချုပ်ရေးမူးမှ လက်ရှိ မြစ်ကမ်းပါး များပြိုနေသည့် အချင်းအရာ အား စိုးရိမ်သဖြင့် အုပ်စုအုပ်ချုပ်ရေးမူးနှင့် မြို့နယ် ဌာန ဆိုင်ရာ အသီးသီး သို့ အရေးယူပေးပါရန် တင်ပြသော်လဲ အရေးယူပေးခြင်းမရှိပါ ။   နေပြည်တော် တိုင်စာဌာနသို့ ဖုန်းဆက် အကြောင်း ကြားသေားအခါ မြို့နယ် စခန်းသို့တိုင်ရန်လမ်ညွန်ပါသည် ။ မြို့နယ်အဆင့်မှ လည်း…

Read More

‘NAC’ HIVကူညီစောင့်ရှောက်ရေးဂေဟာမှာ စားဝတ်နေရေးနဲ့ ဆေးဝါးတွေလိုအပ်နေ

ရန်ကုန်၊စက်တင်ဘာ ၂၀-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်ဆင်ဒူးဝါးလမ်းမှာရှိတဲ့ ‘NAC’ HIVစောင့်ရှောက်ရေးဂေဟာမှာ ကုသနေတဲ့လူနာတွေအတွက် စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ဂေဟာတာဝန်ရှိသူဆီကနေ သိရပါတယ်။   အဲ့ဒီဂေဟာမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက လူနာပေါင်း ၁၆၀ ကျော်ရှိပြီး ကလေး ၁၀၁ဦးနဲ့ လူကြီး ၆၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။   ဂေဟာတာဝန်ခံကိုစိုးရာဇာထွန်းက ” အခုကာလမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်ချက်ရှိနေတယ်၊ ကလေးက အသက်၅လကနေစပြီး အသက်၁၈နှစ်ရှိတယ်၊ လူကြီးဆို ၁၈နှစ်ကနေ ၈၂နှစ်အထိရှိတယ်၊ ဒီကာလမှာ ပိုပြီးခက်ခဲတယ်၊ နိူင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကလည်း မပြီးသေးတော့ ဆေးထုတ်ဖို့ အခက်အခဲရှိတယ်၊ ARTဆေးတောင် ထုတ်ဖို့မလွယ်ဘူး”လို့ ပြောပါတယ်။   အဲ့ဒီဂေဟာမှာ ရောဂါသက်သာလာပြီး မွေးရပ်မြေ ပြန်ချင်ပေမယ့် လမ်းစရိတ်မတက်နိူင်တာကြောင့် ဂေဟာမှာပဲနေထိုင်ကာ ကလေးတွေကို ကျန်းမာရေးပြန်လည်စောင့်ရှောက်မှုပေးတဲ့အလုပ်ကို…

Read More

အင်းစိန်မြို့နယ်မှာ ရုံးအတွင်း ဧည့်စာရင်းရေးနေတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ၂၀-၂၀၂၁ KK(VOM)   အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖွဲနုဆီစက်လမ်းနယ်မြေ(၁)ရုံးအတွင်းမှာ ဧည့်စာရင်းရေးနေတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတဲ့ဖြစ်စဉ် မနေ့ စက်တင်ဘာ ၁၉ရက်ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ရပ်ကွက်နေသူတစ်ဦးက”ရုံးထဲမှာ ရာအိမ်မှူးက အလုပ်လုပ်နေတဲ့အချိန်ပစ်တာ၊ ပြတင်းပေါက်ကနေ နားထင်ကိုထိပြီး ရုံးထဲမှာတင် ပွဲချင်းပြီးသေသွားတယ်”လို့ ရှင်းပြပါတယ်။   သေဆုံးသူဟာ အင်းစိန်ရွာမအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှူး ဦးစိုးသိန်းဖြစ်ပြီး နားထင်မှာ သေနတ်ထိမှန်ဒဏ်ရာနဲ့သေဆုံးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။   အင်းစိန်မြို့နယ်မှာ အုပ်ချုပ်ရေးပိုင်းက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့သူ(၄)ဦးရှိနေပြီး ဇွန်လကလည်း ပိန္ဒဲကုန်းရပ်ကွက်ရှိ ရာအိမ်မှူး ဦးမောင်မောင်၊ သြဂုတ်လနဲ့စက်တင်ဘာမှာ တောင်သူကုန်းရပ်ကွက်ရှိ ထွေ/အုပ်စာရေး ဦးညီညီထွေးနဲ့မြို့သစ်(က+ခ)ရပ်ကွက်ရာအိမ်မှူးဦးစိုးမြင့်ထွေးတို့ဖြစ်တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။   ဒါ့အပြင် အင်းစိန်မြို့နယ်မှာ ဌာနဆိုင်ရာရုံးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ စျေးအချို့မှာ ဗုံးပေါက်ကွဲလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်အချို့လည်းရှိခဲ့ပါတယ်။…

Read More

တန့်ဆည်နယ်မှာ ရွှေတူးဖော်ရေး လုပ်ငန်းရှင် မိသားစု ၅ ယောက် အသတ်ခံရ

စက်တင်ဘာ ၂၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် မဟာမြိုင်တောကြီးနယ်စပ်က ရွှေတူးဖော်ရေး လုပ်ကွက်ထဲမှာ လုပ်ငန်းရှင် မိသား ၁ စုကို မနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်း ၆ နာရီ ဝန်းကျင်လောက်က အသတ်ခံရတဲ့အတွက် လူ ၅ ဦး သေဆုံးသွားတယ်လို့ ရွှေလုပ်ငန်းရှင်များ အဖွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ်။   ” သေဆုံးသူတွေက ကပေါင်းကျ ရွာက မိသားစုဖြစ်တယ် ၊ သူတို့ မိသားစုက ရွှေမျှောမောင်းဖို့ လုပ်ကွက်မှာ ရှိနေတဲ့အချိန် မိသားစု အသတ်ခံရတာ ” လို့ ရွှေလုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။   သေဆုံးသူ လူ ၅ ယောက်နဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင်အဖွဲ့က…

Read More

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ်

မနီလာ၊ စက်တင်ဘာ-၂၀-၂၀၂၁ မျိုးဆက် (VOM)   ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကွီအို ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့်ဖိလစ်ပိုင် သမ္မတရွေး ကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။   ဖိလစ်ပိုင်လက်ဝဲပါတီPDP-Laban ကနေ သူ့ကို သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။ အသက် ၄၂ နှစ်အရွယ် ပက်ကွီအိုဟာ လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။   လက်ရှိသမ္မတ ဒူတာတေးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ်သက်တမ်းမှာ သမ္မတအဖြစ် ၀င်ပြိုင်လို့မရပေမယ့် ပါတီတစ်ခုကနေ ဒုသမ္မတအဖြစ်၀င်ရာက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒါဟာ အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးစားတာလို့ ဝေဖန်သူတွေကဆိုပါတယ်။   ဒုသမ္မတအဖြစ် ဒူတာတေးက၀င်ရောက်ယှဉ်ပြိုင်ရာမှာ သမ္မတလောင်းအဖြစ် မိတ်ဖက်အဖြစ် သူနဲ့ရင်းနှီးတဲ့ မဟာမိတ် ဘွန်ဂိုကို ရွေးချယ်ထားပါတယ်။ ဒါပေမယ့်သူကတော့ ဒူတာတေးရဲ့ သမ္မတနေရာကို မဆက်ခံလိုဘူးလို့ဆိုပါတယ်။   သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ရွေးချယ်တဲ့ပါတီက တိုက်တွန်းထားပြီး ဆုံးဖြတ်ချက်ပြန်မပြင်ဘူးဆိုရင်တော့…

Read More
VOM News

FREE
VIEW