အီကွေဒေါထောင်မှာ ပြိုင်ဘက်ဂိုဏ်းတွေအကြား တိုက်ခိုက်မှုတွေကြောင့် လူ ၆၈ ဦးသေဆုံး

ကွီတို၊ နို၀င်ဘာ-၁၄-၂၀၂၁
မျိုးဆက်(VOM)
 
အီကွေဒေါနိုင်ငံမှာ ပြိုင်ဘက်ဂိုဏ်းတွေအကြား စက်တင်ဘာလအတွင်းက အဓိကရုဏ်းဖြစ်ပွားမှုကြောင့် အကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့တဲ့ အကျဉ်းထောင်မှာ အလားတူလပဋိပက္ခထပ်မံဖြစ်ပွားခဲ့လို့ အကျဉ်းသား ၆၈ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။
 
အဲဒီပဋိပက္ခဟာ ဂွိုင်ယာကွေးအကျဉ်းထောင်မှာ နို၀င်ဘာ ၁၂ ရက်နေ့ ညနေပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့တာလို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ အမည်တွေကိုသိရှိနိုင်ဖို့ ဆွေးမျိုးသားချင်းနဲ့ မိတ်ဆွေတွေက ထောင်ပြင်ပမှာ စောင့်ဆိုင်းနေကြပါတယ်။
 
ဖြစ်စဉ်ကြောင့် အကျဉ်းထောင်အတွင်းကို ၀င်ရောက်သွားတဲ့ ရဲတပ်ဖွဲ့ကတော့ ထောင်ထဲမှာ သေနတ်တွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ဓါးတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
နို၀င်ဘာ ၁၃ ရက်နှောင်းပိုင်းမှာ အကျဉ်းထောင်အတွင်း နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်သားတွေဟာ ထောင်ပြင်ပမှာ သံချပ်ကာယာဉ်တွေနဲ့ လုံခြုံရေးယူခဲ့ရပါတယ်။
 
အီကွေဒေါနိုင်ငံမှာ ဒီနှစ်အတွင်း အကျဉ်းထောင်အတွင်းပဋိပက္ခတွေကြောင့် လက်ရှိချိန်ထိ အကျဉ်းသား ၃၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်ပါတယ်။
 
စက်တင်ဘာလတွင်းက ဖြစ်ပွားခဲ့တဲ့ ပြိုင်ဘက်ဂိုဏ်းတွေအကြား တိုက်ခိုက်မှုကတော့နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးဖြစ်ပါတယ်။
 
Ref: BBC
Photo:Getty Images
 
#voiceofmyanmar #VOM အီကွေဒေါအကျဉ်းထောင်

Related posts

Leave a Comment

VOM News

FREE
VIEW