တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲတွေရပ်ပေးဖို့ ကျောက်မဲစစ်ရှောင်‌တွေ ဆန္ဒဖော်ထုတ်

နိုဝင်ဘာ ၁၅-၂၀၂၁ Shy V(VOM)   တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ပေးဖို့ ကျောက်မဲစစ်ရှောင်တွေနဲ့ ရှမ်းပြည်နယ်က ပြည်သူအချို့ဟာ မနေ့နိုဝင်ဘာ၁၄ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ စစ်ရှောင် ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေကို ကူညီပေးနေတဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။   စစ်ရှောင်ပြည်သူ ၄၀၀ ကျော် အပါအဝင် ရှမ်းရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက် အမြို့မြို့အနယ်နယ်ကလာတဲ့ ဧည့်သည်တွေနဲ့ ဆရာတော်တွေ၊ လာကူတဲ့သူတွေ ပါဝင်သူအားလုံး ၈၀၀ ခန့်ရှိတယ်လို့ ဒေသခံ ၁ ဦး ဖြစ်တဲ့ ဦးစိုင်းကူးက ပြောပါတယ်။   “အဓိက စစ်ပွဲကို ရပ်ပေးဖို့၊ လူ့အသက်ထက် တန်ဖိုးရှိတာ ဘာမှမရှိဘူး ဆိုတာရယ် ငြိမ်းချမ်းရေးအတွက် စားပွဲခုံမှာ ဆွေးနွေးပေးပါဆိုတဲ့အချက်ရယ် စစ်ပွဲ အလိုမရှိ စသဖြင့် အဓိက တောင်းဆိုချက် ၄ ချက်”…

Read More

ထန်းတပင် တာဆုံရဲကင်းပစ်ခတ်မှု ဒုရဲအုပ်အပါအဝင် ရဲ(၃)ဦးသေ

ရန်ကုန်၊နိုဝင်ဘာ ၁၅-၂၀၂၁ KK(VOM)   ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တာဆုံရဲကင်းမှာ ဒီကနေ့မင်္ကအိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒုရဲအုပ်အပါအဝင် ရဲ(၃)ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဒီကနေ့မနက်ပိုင်း ထန်းတပင်တာဆုံမှာရှိတဲ့ ရဲကင်းစခန်းကို ကားတစ်စီးက လာရောက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်တဦးနဲ့ရဲတပ်သားနှစ်ဦးတို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ပစ်ခတ်မှုဖြစ်ပြီးနောက် လူမှုရေးအသင်းက ကားတွေနဲ့လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။   “သုံးဦးသေတယ်လို့ကြားတယ် ပရဟိတအဖွဲ့မှာပါတဲ့ အစ်ကိုတစ်ယောက်ပြောတာ “လို့ သူက ပြောပါတယ်။   တာဆုံရဲကင်းပစ်ခတ်မှုကြောင့် သေဆုံးသူတွေဟာ ဒုရဲအုပ် ဒုရဲအုပ်အောင်သူလွင်၊ ရဲတပ်သားလွင်မိုးနိူင်နဲ့ နိူင်နိူင်လတ် တို့ဖြစ်တယ်လို့ အမည်မဖော်လို ရဲအရာရှိတဦးက ပြောပါတယ်။   အလားတူ ဒီကနေ့မနက်ပိုင်းက တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်က ယာဥ်ထိန်းရဲကင်းနဲ့ သန်လျှင်တံတားအဆင်းက ရဲကင်းမှာလည်း ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ သန်လျှင်နဲ့ထန်းတပင်က လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး…

Read More

ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန်သတင်းသမားကို ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်

နိုဝင်ဘာ ၁၅-၂၀၂၁ KT+GH (VOM )   နိုဝင်ဘာလ ၁၂ ရက်နေ့က ထောင် ၁၁ နှစ်နဲ့ ငွေဒဏ်ချမှတ်ခံထားရတဲ့ Frontier Myanmar မဂ္ဂဇင်းက အမေရိကန်သတင်းသမား Danny Fenster ကို ဒီနေ့မနက်ပိုင်းကပဲ ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။   Danny Fenster ကိုလွှတ်ပေးပြီး ဒီနေ့မနက်ထွက်ခွာမယ့်လေယာဉ်နဲ့ သူ့နိုင်ငံကို ချက်ခြင်းပြန်ပို့ကာ ပြည်နှင်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ န.စက.ဘက်ကနေ အတည်ပြုပြောဆိုထားတာ တွေ့ရပါတယ် ။   ဒီကိစ္စနဲ့ပတ်သက်ပြိး ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ” ရန်ကုန်က သံအမတ်ကြီးတစ်ယောက်က ကျနော့်ကိုစာလှမ်းပို့တယ် သူလွတ်သွားပါပြီ၊ ကွန်ဂယက်ကျူလေးရှင်းပါလို့ စာလှမ်းပို့တယ်။အဲ့ဒါပဲ။ Officially တော့မသိရသေးဘူး။ “လို့ ပြောပါတယ်။   ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “အမေရိကန်နိုင်ငံနယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချက်ဆန်နဲ့ ဒီနေ့ ၁၅.၁၁.၂၀၂၁ မွန်းလွဲပိုင်းမှာနိုင်ငံတော်ဝန်ကြီးချူပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ သူနဲ့ကတော့ အချက်သုံးချက်ဆွေးနွေးခဲ့ပါတယ်၊…

Read More

ရန်ကုန်-စစ်တွေကားလမ်းမှာ ဘုရားဖူးကား ချောက်ထဲပြုတ်ကျလို့ ၂ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

နိုဝင်ဘာ ၁၅-၂၀၂၁ GH (VOM )   ရခိုင်ပြည်နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမှာ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ်၂ နာရီလောက်က ဘုရားဖူး Light Truck ကားတစီး ချောက်ထဲပြုတ်ကျခဲ့လို့ ၂ ဦးသေဆုံးပြီး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။   ယာဉ်တိမ်းမှောက်မှုမှာ သေဆုံးသူ အမျိုးသမီး ၂ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၂ ဦးကို ကျောက်တော်မြို့နယ်ပြည်သူ့ဆေး ရုံကိုပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာတွေကတော့ စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။   ” ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၄၀၈ နဲ့ ၄၀၉ ကြားမှာ ဖြစ်တာပါ။ကားက ကန်စောက်တောင်ကို တက်နေချိန် ဂီယာမထိန်းနိုင်ဘဲ လမ်းရဲ့ ညာဘက်က ပေ ၆၀ လောက်နက်တဲ့ ချောက်ထဲကို နောက်ပြန်ပြုတ်ကျသွားတာ။…

Read More

ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဘန်ကောက်မှာ ဆန္ဒပြကြပြန်

ဘန်ကောက်၊ နို၀င်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM)   ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူတွေဟာ မြို့တော်ဘန်ကောက်တွင် ဆန္ဒပြတာတွေ ပြုလုပ်နေပါတယ်။   နို၀င်ဘာ ၁၄ ရက်က ပြုလုပ်တဲ့ အဲဒီဆန္ဒပြပွဲမှာ လူတစ်ထောင်ကျော်ပါ၀င်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပြီး ဆန္ဒပြပွဲမှာ လူသုံးဦးဒဏ်ရာရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။   ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘဲ တော်၀င်အဖွဲ့အစည်းကို ဖြုတ်ချရန်ကြိုးပမ်းမှုဖြစ်တယ်လို့ ထိုင်းတရားရုံးက နို၀င်ဘာ ၁၀ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။   ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုမှုတွေဟာ လွန်ခဲ့တဲ့နှစ်မှစပြီး ဆက်လက်ဖြစ်ပေါ်နေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပိုမိုကြီးထွားလာခဲ့ပါတယ်။   တော်၀င်မိသားစုရဲ့ အသုံးစရိတ်ကို လျှော့ချရန်ဖို့နဲ့ တော်၀င်မိသားစုအပေါ် ဝေဖန်တာတွေကို တားမြစ်ပိတ်ပင်ထားတဲ့ အသရေဖျက်မှုဆိုင်ရာ ဥပဒေကို ဖျက်သိမ်းပေးရဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။  …

Read More

မဏိပူရနဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်မှာ အိန္ဒိယက ခြံစည်းရိုးကာရံနေ

ဒေလီ၊ နို၀င်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှ ဒုက္ခသည်တွေစိမ့်၀င်မှုနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေကို စိစစ်နိုင်ဖို့အတွက် မဏိပူရနဲ့ထိပ်စပ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာ ခြံစည်းရိုးကာရံတာကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ မဏိပူရပြည်နယ် ၀န်ကြီးချုပ် N. Biren Singh က နို၀င်ဘာ ၁၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   မဏိပူရနဲ့ထိပ်စပ်နေတဲ့ ကီလိုမီတာ ၄၀၀ ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ ခြုံစည်းရိုးကာရံတာတွေကို အိန္ဒိယပြည်ထဲရေး၀န်ကြီးဌာနက စတင်နေပြီဖြစ်ပေမယ့်လည်း အချို့နေရာတွေမှာ နယ်စပ်အငြင်းပွားမှုတွေကြောင့် လုပ်ငန်းတွေရပ်တန့်ထားရပြီး ကျန်နေရာတွေမှာတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြည်နယ်၀န်ကြီးချုပ်ကပြောပါတယ်။   PLA နဲ့ MNPF တို့က အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရတဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး Viplav Tripathi နဲ့ တပ်ဖွဲ့၀င်လေးဦးအတွက် ဂုဏ်ပြုစကားပြောပြီးနောက် ၀န်ကြီးချုပ်က သတင်းမီဒီယာတွေနဲ့ တွေဆုံချိန်မှာ အခုလိုက်ပြောကြားလိုက်တာဖြစ်ပါတယ်။   PLA နဲ့ MNPF အဖွဲ့တို့ကို…

Read More

အခြေခံလူတန်းစားတွေအတွက် ငါးရာတန် ဇလုံထမင်း

အေးချမ်းသူ(VOM)   မြောက်ဒဂုံ စုပေါင်းရုံးလမ်းက စျေးတန်းလေးအတွင်းမှာ လူတွေစည်ကားလို့နေပါတယ်။အအေးဆိုင်တွေ မုန့်ဆိုင်တွေ အချဥ်ပေါင်းဆိုင်တွေ အစရှိတဲ့မြန်မာရိုးရာအစားအသောက်တွေနဲ့ အတူ ဘေးနှစ်ဖက်မှာ ငါးရာတန်ဇလုံထမင်းဆိုတဲ့ ဗီနိုင်းပေါ်စာလုံးကြီးတွေက အခြေခံလူတန်းစားတွေအတွက် တနေ့တာဝမ်းရေးကို ဖြေရှင်းပေးနေတဲ့အမှတ်အသားတစ်ခုပင်ဖြစ်ပါတယ်။   ထူခြားတာကတော့ ဒီစျေးတန်းလေးမှာ စျေးရောင်းချနေသူတွေရဲ့စျေးနှုန်းက ငါးရာထက်ပို၍ မယူခြင်းတာပဲဖြစ်ပါတယ်။အချို့က နှစ်ရာ၊သုံးရာ အစရှိတဲ့ စျေးနှုန်းတွေနဲ့ စျေးရောင်းချတာဖြစ်ပါတယ်။   ငါးရာတန်ဇလုံထမင်းကို ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေ ဆောက်လုပ်ရေးအလုပ်သမားတွေ ကုမ္ပဏီဝန်ထမ်းတွေ ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေအပြင် ရပ်ကွက်ထဲက ဆင်းရဲနွမ်းပါးသူအချို့လည်း လာရောက်စားသုံးကြပါတယ်။   စတီးဇလုံထဲမှာ ထမင်းကိုထည့် ကြက်သား၊ငါး၊ဝက်သား၊ကြိုက်နှစ်သက်ရာ ဟင်းတစ်မျိုးကို ထည့်ပြီးပါက ငံပြာရည်ကြော်၊သရက်ချဥ်သုတ်၊ ပန်းဂေါ်ဖီကြော် သုံးမျိုးကို ထည့်ပေးကာ ငပိရည်တို့စရာအစုံ အပြင် သီးစုံပဲကုလားဟင်းတစ်ခွက်နဲ့ လူတစ်ယောက် ဝလင်အောင်စားမှ ငွေငါးရာကျပ်သာ ပေးရတယ်လို့ လာရောက်စားသုံးသူ ဆောက်လုပ်ရေးအလုပ်သမားတဦးက ပြောပါတယ်။   “တန်တာပေါ့ဗျာ ငါးရာပဲကုန်တော့ ကျနော်တို့ဆို ထမင်းချိုင့်မထည့်တော့ဘူး၊…

Read More

လစ်ဗျားအာဏာရှင် ကဒါဖီရဲ့သား သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ်

ထရိုပိုလီ၊ နို၀င်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM)   လစ်ဗျားအာဏာရှင် ကဒါဖီ၏သားဖြစ်သူဟာ လာမယ့်လမှာကျင်းပမယ့် လစ်ဗျား သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းပေးသွင်းထားပါတယ်။   သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဆိုင်ဖ်အယ်လ်အစ္စလမ်ကဒါဖီဟာ တချိန်က ဖခင်နေရာကို ဆံခံသူဖြစ်ခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ဆန္ဒပြသူတွေကို ရက်စက်စွာဖြိုခွင်းခဲ့တဲ့အတွက် သူ့အပေါ် ထောက်ခံမှုကျဆင်းခဲ့ပါတယ်။   သူဟာ ဖခင်ဖြစ်သူအုပ်ချုပ်မှုအဆုံးသတ်ပြီးမှာ စစ်တပ်မှကိုယ်တိုင်ဖမ်းဆီးခံခဲ့ပြီး ခြောက်နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။   လစ်ဗျားနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုပြီးနောက် နိုင်ငံမတည်မငြိမ်ဖြစ်ပွားလျှက်ရှိပါတယ်။   ဒီဇင်ဘာ ၂၄ ရက်တွင်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမဖြစ်မှာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။   ရွေးကောက်ပွဲကို ဟန့်တားရန်ကြိုးပမ်းသူ သို့မဟုတ် ရွေးကောက်ပွဲမသမာမှုပြုသူမှန်သမျှကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးထားပါတယ်။   Ref:…

Read More

သီပေါမြို့ပေါ်က တိုက်ပွဲရှောင် ပြည်သူ ၄၀၀ ကျော် နေရပ်နဲ့နီးရာကို ပြန်

နိုဝင်ဘာ ၁၅-၂၀၂၁ Shy V(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ အောင်မင်္ဂလာ ဘိုးတော်ကျောင်းမှာ ယာယီရှောင်တိမ်းလာခဲ့ကြတဲ့ တိုက်ပွဲရှောင် ပြည်သူ ၄၀၀ ကျော်ဟာ မနေ့ နိုဝင်ဘာ ၁၄ ရက်နေ့က နေရပ်နဲ့နီးရာကိုပြန်သွားခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေဆီက သိရပါတယ်။   ဆွန်လုံ၊ ဟာလျံ၊ ချောင်းဆုံ စတဲ့ ရွာတွေက ပြည်သူတွေဖြစ်ကြပြီး ပရဟိတအသင်းတခုက နေရပ်ပြန် ပြည်သူတွေကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ အဲ့ဒီလူမှုကူညီရေးအသင်းကနေ သိရပါတယ်။   အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ချောင်းဆုံ တရွာလုံးကတော့ ရွာထဲထိ ပြန်လို့မရဘဲ ဆွန်လုံ၊ ဟာလျံတို့မှာ ထပ်ရှောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။   ” ချောင်းဆုံအုပ်စုက ရွာထိ မပြန်နိုင်သေးဘူး။ သူတို့အရင်နေတဲ့ စခန်း အဲဒီ ဆွန်လုံအုပ်စုမှာပဲ ပြန်ပြီးတော့ စုနေကြတာရှင့်။” လို့ SNLD…

Read More

စစ်ကိုင်းတိုင်းက အုပ်ချုပ်ရေးမှူး တဝက်ကျော် အလုပ်ထွက်စာတင်

  နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၁ ဖြူနှင်းဝေ(VOM)   စစ်ကိုင်းတိုင်း ၊ မြို့နယ် ၃၇ ခုက ရပ်ကွက် နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်စာ တင်ပြကြတာ အခုလ ၁၅ ရက်အထိဆိုရင် အလုပ်ထွက်စာ တင်ပြမှုပေါင်း ၅၀ ရာခိုင်နူန်းကျော် ရှိသွားပြီလို့ ထွေအုပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။   ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အလုပ်ထွက်တာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူ တစ်ယောက် ပြောတာက   ” စစ်ကိုင်းတိုင်းမှာက ခရိုင် ၁၁ ခုနဲ့ မြို့နယ် (၃၇) မြို့နယ်၊ မြို့ပေါင်း (၅၀)၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၅) အုပ်စု နှဲ့ ရွာပေါင်း (၅၉၉၁) ရွာရှိတယ် ၊…

Read More
VOM News

FREE
VIEW