လစ်ဗျားအာဏာရှင် ကဒါဖီရဲ့သား သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ်

ထရိုပိုလီ၊ နို၀င်ဘာ-၁၅-၂၀၂၁
မျိုးဆက်(VOM)
 
လစ်ဗျားအာဏာရှင် ကဒါဖီ၏သားဖြစ်သူဟာ လာမယ့်လမှာကျင်းပမယ့် လစ်ဗျား သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းပေးသွင်းထားပါတယ်။
 
သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဆိုင်ဖ်အယ်လ်အစ္စလမ်ကဒါဖီဟာ တချိန်က ဖခင်နေရာကို ဆံခံသူဖြစ်ခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ဆန္ဒပြသူတွေကို ရက်စက်စွာဖြိုခွင်းခဲ့တဲ့အတွက် သူ့အပေါ် ထောက်ခံမှုကျဆင်းခဲ့ပါတယ်။
 
သူဟာ ဖခင်ဖြစ်သူအုပ်ချုပ်မှုအဆုံးသတ်ပြီးမှာ စစ်တပ်မှကိုယ်တိုင်ဖမ်းဆီးခံခဲ့ပြီး ခြောက်နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။
 
လစ်ဗျားနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုပြီးနောက် နိုင်ငံမတည်မငြိမ်ဖြစ်ပွားလျှက်ရှိပါတယ်။
 
ဒီဇင်ဘာ ၂၄ ရက်တွင်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမဖြစ်မှာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
 
ရွေးကောက်ပွဲကို ဟန့်တားရန်ကြိုးပမ်းသူ သို့မဟုတ် ရွေးကောက်ပွဲမသမာမှုပြုသူမှန်သမျှကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးထားပါတယ်။
 
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ထရိုပိုလီ

Related posts

Leave a Comment

VOM News

FREE
VIEW