ထန်းတပင် တာဆုံရဲကင်းပစ်ခတ်မှု ဒုရဲအုပ်အပါအဝင် ရဲ(၃)ဦးသေ

ရန်ကုန်၊နိုဝင်ဘာ ၁၅-၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တာဆုံရဲကင်းမှာ ဒီကနေ့မင်္ကအိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒုရဲအုပ်အပါအဝင် ရဲ(၃)ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒီကနေ့မနက်ပိုင်း ထန်းတပင်တာဆုံမှာရှိတဲ့ ရဲကင်းစခန်းကို ကားတစ်စီးက လာရောက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်တဦးနဲ့ရဲတပ်သားနှစ်ဦးတို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ပစ်ခတ်မှုဖြစ်ပြီးနောက် လူမှုရေးအသင်းက ကားတွေနဲ့လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
“သုံးဦးသေတယ်လို့ကြားတယ် ပရဟိတအဖွဲ့မှာပါတဲ့ အစ်ကိုတစ်ယောက်ပြောတာ “လို့ သူက ပြောပါတယ်။
 
တာဆုံရဲကင်းပစ်ခတ်မှုကြောင့် သေဆုံးသူတွေဟာ ဒုရဲအုပ် ဒုရဲအုပ်အောင်သူလွင်၊ ရဲတပ်သားလွင်မိုးနိူင်နဲ့ နိူင်နိူင်လတ် တို့ဖြစ်တယ်လို့ အမည်မဖော်လို ရဲအရာရှိတဦးက ပြောပါတယ်။
 
အလားတူ ဒီကနေ့မနက်ပိုင်းက တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်က ယာဥ်ထိန်းရဲကင်းနဲ့ သန်လျှင်တံတားအဆင်းက ရဲကင်းမှာလည်း ပစ်ခတ်မှုဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ သန်လျှင်နဲ့ထန်းတပင်က လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #တာဆုံရဲကင်းပစ်ခတ်မှု #ရဲသုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW