ကလေးဝ-တန့်ဆည်ကားလမ်းမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်း မိုင်းဆွဲခံရ

နိုဝင်ဘာ ၊ ၁၉-၂၀၂၁ နှင်းဝေဖြူ (VOM)   စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ ကလေးဝ-တန့်ဆည်ကားလမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ယာဉ်တန်း မိုင်းဆွဲခံရတယ်လို့ အောင်ချမ်းသာကျေးရွာခံတွေက ပြောပါတယ်။   ” တန်ဆောင်မုန်းလပြည့်နေ့မှာ နှစ်စဥ်ကျင်းပတဲ့ မဟာမြိုင် ရွှေတိဂုံပုံတူ လေးကျွန်းရန်အောင် ဘုရားပွဲကနေ အပြန် အောင်ချမ်းသာရွာကနေ ကလေးဝဘက်ကို ၁၃ မိုင်အကြားနေရာလောက်မှာ မိုင်းဆွဲခံရတာပါ ၊ လမ်းဘေးထောင် မြေမြုတ်မိုင်း သုံးလေးလုံးပေါက်ကွဲတယ် ၊ ယာဥ်တန်းကျော်ပြီးမှ ပေါက်တာပါ ၊ မပေါက်သေးတဲ့ မိုင်းတွေလည်း ရှင်းလင်းဖယ်ရှား သက်မဲ့ လုပ်ခဲ့တယ် ” လို့ အဲ့ဒီကားတန်းမှာ လိုက်ပါခဲ့တဲ့ ယာဥ်မောင်းတယောက်က ပြောပါတယ်။   ဒါ့အပြင် အဲ့ဒီကားတန်းကို မိုင်းခွဲခံရအပြီးမှာ ကားတန်းအဖွဲ့က သေနတ်နဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး လူ…

Read More

ဆောမြို့နယ်မှာ မြေပြင်ရော ဝေဟင်ပါ ပစ်ခတ်မှုတွေဖြစ်ပေါ်ပြီး ရွာ ၂ ရွာက လူတွေ တိမ်းရှောင်နေရ

နိုဝင်ဘာ ၊ ၁၉ -၂၀၂၁ နှင်းဖြူဝေ(VOM)   မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ကျိန်ချောင်းရွာနဲ့ တောမရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီး အဲ့ဒီရွာတွေက လူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။   ဒီမနက် ပစ်ခတ်တာတွေနဲ့ ပတ်သက်ပြီး ဆောမြို့နယ် ၊ တောမရွာခံတယောက်က ” စစ်ရေးပြင်နေတာက လေးငါးရက်ရှိနေပြီ ၊ ဆောမြို့ပေါ်က ဆေးရုံကျန်းမာရေး ဝန်ထမ်းတွေကို အခုလ ၁၄ ရက် နောက်ဆုံးထားပြီး CDM မှာပါဝင်ဖို့ ဒေသလက်နက်ကိုင်အဖွဲ့တွေက ကြေညာတာတွေလုပ်ပြီးနောက်ပိုင်း ၊ အဲ့ဒီ အဖွဲ့တွေနဲ့ စစ်တပ်တွေအကြား တင်းမာမှုတွေဖြစ်နေခဲ့တာပါ ၊ အခုလ ၁၅ ရက်နောက်ပိုင်းမှာ ၂ ဘက် ပစ်ခတ်မှုတွေ နေရာ အတော်များများမှာဖြစ်တယ် ၊ ၂ ဘက်…

Read More

ပေကျင်းအိုလံပစ်ကို သပိတ်မှောက်ဖို့ အမေရိကန်စီစဉ်နေ

၀ါရှင်တန်၊ နို၀င်ဘာ-၁၉-၂၀၂၁ မျိုးဆက်(VOM)   တရုတ်နိုင်ငံ ပေကျင်းမှာကျင်းပမယ့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နို၀င်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဒီလို သံတမန်ရေးအရ သပိတ်မှောက်ဖို့အစီအစဉ်နဲ့ပတ်သက်ပြီး စဉ်းစားနေကြောင်း မက္ကဆီကို၊ ကနေဒါခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲမကျင်းပမီ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောပါတယ်။   သံတမန်ရေးအရ သပိတ်မှောက်တာဟာ အဲဒီအားကစားပြိုင်ပွဲသို့ အမေရိကန်အရာရှိတွေကို စေလွှတ်ခြင်းမပြုတာဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးတင်းမာနေစဉ်မှာ အမေရိကန်သမ္မတက ယခုကဲ့သို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။   နှစ်နိုင်ငံသမ္မတနှစ်ဦးဟာ သူတို့ရဲ့ ပထမဆုံးထိပ်သီးဆွေးနွေးပွဲကို နို၀င်ဘာ ၁၅ ရက်မှာ အွန်လိုင်းမှကျင်းပခဲ့ပြီး သုံးနာရီကြာဆွေးနွေးပွဲမှာတော့ အိုလံပစ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး မဆွေးနွေးခဲ့ဘူးလို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။   တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ သပိတ်မှောက်ဖို့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်…

Read More

မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှု ထိုင်းနိုင်ငံခြားရေး၀န်ကြီး မထုတ်ပြန်

ဘန်ကောက်၊ နို၀င်ဘာ-၁၉-၂၀၂၁ မျိုးဆက်(VOM)   ထိုင်းနိုင်ငံခြားရေး၀န်ကြီး ဒွန်ပရာမွတ်ဝီနိုင်းဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နစကဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နို၀င်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပြီး ဆွေးနွေးမှုအသေးစိတ်တွေကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။   ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် နိုင်ငံအချို့က ထိပ်တန်းတာ၀န်ရှိသူတွေလာရောက်ခဲ့ရာမှာ ထိုင်းနိုင်ငံခြားရေး၀န်ကြီးလည်းပါ၀င်ခဲ့ပါတယ်။   ဆွေးနွေးမှုအသေးစိတ်တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ရေးဆွေးနွေးခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အကူအညီတွေပေးဖို့ သဘောတူထားတယ်လို့ သူကဆိုပါတယ်။   ထိုင်းပုဂ္ဂလိကကဏ္ဍကနေ မြန်မာနိုင်ငံအတွက်ပေးအပ်တဲ့ ပစ္စည်း ၁၇ တန်ကို ခရီးစဉ်အတွင်း မြန်မာနိုင်ငံကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးကဆိုပါတယ်။   ဒါပေမယ့် မြန်မာအာဏာကပိုင်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတော့ သူက တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။   သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်ကို သတင်းဌာနတွေက ဖော်ပြပြီးနောက်မှာတော့ ခရီးစဉ်အပေါ် အများပြည်သူတွေ အာရုံစိုက်ခဲ့ပြီး ထိုင်းအစိုးရအနေနဲ့ ပိုမိုပွင့်လင်းမြင်သာရှိဖို့ ကာဇက်စတန်နဲ့…

Read More

တရုတ်-အာဆီယံဆွေးနွေးပွဲ နကစဥက္ကဌကိုဖိတ်ကြားရေး တရုတ်ကြိုးပမ်းမှု ကန့်ကွက်မှုတွေကြုံနေရ

ဘန်ကောက်၊ နို၀င်ဘာ-၁၉-၂၀၂၁ မျိုးဆက်(VOM)   လာမယ့်သီတင်းပတ်မှာ တရုတ်သမ္မတကလက်ခံကျင်းပမယ့် တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ နစကကောင်စီဥက္ကဌတက်ရောက်ခွင့်ပြုဖို့ တရုတ်အထူးသံတမန်ရဲ့ ကြိုးပမ်းမှုတွေဟာ ကန့်ကွက်မှုတွေနဲ့ ကြုံနေရတယ်လို့ သံတမန်သတင်းရင်းမြစ်တွေက နို၀င်ဘာ ၁၈ ရက်မှာပြောပါတယ်။   မြန်မာနိုင်ငံမှာ နိုင်ငံရေးအကြပ်အတည်း၊ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေကို ဖိအားပေးမှုအဖြစ် ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာတာ၀န်ရှိသူတွေကို အစည်းအဝေးကနေ ဖယ်ထုတ်ပြီး အာဆီယံအဖွဲ့က ဖိအားပေးခဲ့ပါတယ်။   လက်ရှိမှာလည်း နို၀င်ဘာ ၂၂ ရက်မှာပြုလုပ်မယ့် တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ နစကကောင်စီဥက္ကဌကို မဖိတ်ဖို့ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနဲ့ စင်ကာပူတို့က ကန့်ကွက်ထားတယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။   အဲဒီလေးနိုင်ငံဟာ အာဆီယံထိပ်သီးဆွေးနွေးပွဲကလိုပဲ မြန်မာနိုင်ငံကို အစည်းအဝေးမဖိတ်ဖို့ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲဖို့ သဘောတူထားကြောင်း အမည်မဖော်လိုတဲ့ သံတမန်ရင်းမြစ်တွေက ဆိုပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနနဲ့…

Read More

အမေဇုန်သစ်တောပြုန်းတီးမှု (၁၅ )နှစ်အတွင်း အဆိုးရွားဆုံးဖြစ်နေ

ဘရာဆီးလီးယား၊ နို၀င်ဘာ-၁၉-၂၀၂၁ မျိုးဆက်(VOM)   ဘရာဇီးနိုင်ငံရှိ အမေဇုန်သစ်တောသစ်တောပြုန်းတီးမှုဟာ ၁၅ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိနေတယ်လို့ တရား၀င်ထုတ်ပြန်တဲ့ အချက်အလက်တွေမှာဖော်ပြထားပါတယ်။   ဘရာဇီးနိုင်ငံ အာကာသသုတေသနအေဂျင်စီရဲ့ အစီရင်ခံစာအရ အမေဇုန်သစ်တောပြုန်းတီးမှုဟာ တစ်နှစ်အတွင်း ၂၂ ရာခိုင်နှုန်းထိ တိုးမြင့်လာတယ်လို့ ဆိုပါတယ်။   အခုအချက်အလက်တွေဟာ စိန်ခေါ်မှုတစ်ရပ်ကို ကိုယ်စားပြုနေပြီး သစ်တောပြုန်းတီးမှုနဲ့ ဆက်နွယ်တဲ့ရာဇ၀တ်မှုတွေကို ပိုမိုကိုင်တွယ်သွားရမှာဖြစ်ကြောင်း ဘရာဇီးသဘာ၀ပတ်၀န်းကျင်၀န်ကြီးကပြောပါတယ်။   ဘရာဇီးနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ သစ်တောပြုန်းတီးမှုကို အဆုံးသတ်ဖို့ COP26 ရာသီဥတုပြောင်းလဲမှုညီလာခံမှာ ကတိပြုထားတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။   အမေဇုန်သစ်တောမှာ အပင်၊ တိရိစ္ဆာန်မျိုးစိတ်ပေါင်း သုံးသန်းခန့်ရှိပြီး ဌာနေတိုင်းရင်းသား တစ်သန်းခန့်နေထိုင်နေကြကာ ကမ္ဘာကြီးပူနွေးလာမှုအရှိန်ကို နှေးကွေးစေတဲ့ အရေးပါတဲ့ ကာဗွန်ထိန်းသိမ်းပေးရာ သစ်တောဖြစ်ပါတယ်။   Ref: BBC Photo:AFP #voiceofmyanmar #VOM #ဘရာဆီးလီးယား

Read More

နယ်စည်းမခြား ရာသီဥတု ပြောင်းလဲမှုများကို သတိပြုဖို့ လိုပြီ

သွေး (စစ်ကိုင်း) ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာအထိ ပိုပြီး ခံစားနေကြရပါပြီ။ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ တောမီးလောင်မှု၊ ကမ္ဘာကြီး ပိုမိုပူနွေးလာမှု၊ ရေခဲတောင်တွေ အရည်ပျော်ကျမှုတွေက လူသားတွေရဲ့ ရှင်သန်, ရပ်တည်မှုကိုပါ ခြိမ်းခြောက်လာနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုကို တားဆီးနိုင်ဖို့ နည်းလမ်းတွေကို ကမ္ဘာတဝှမ်းက အလေးအနက်ထား စဉ်းစားလာကြရပါပြီ။ မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ COP 26 ကုသလမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံမှာ နိုင်ငံပေါင်း ၂၀၀ ကျော်က သဘောတူညီချက်အသစ် ချမှတ်နိုင်ခဲ့ကြပါတယ်။ ၁၉၉၂ ခုနှစ်က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပခဲ့တဲ့ မြေကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲကနေ UNFCCC လို့ ခေါ်တဲ့ United Nations Framework Convention on Climate Change (ရာသီတု…

Read More
VOM News

FREE
VIEW