အမေဇုန်သစ်တောပြုန်းတီးမှု (၁၅ )နှစ်အတွင်း အဆိုးရွားဆုံးဖြစ်နေ

ဘရာဆီးလီးယား၊ နို၀င်ဘာ-၁၉-၂၀၂၁
မျိုးဆက်(VOM)
 
ဘရာဇီးနိုင်ငံရှိ အမေဇုန်သစ်တောသစ်တောပြုန်းတီးမှုဟာ ၁၅ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိနေတယ်လို့ တရား၀င်ထုတ်ပြန်တဲ့ အချက်အလက်တွေမှာဖော်ပြထားပါတယ်။
 
ဘရာဇီးနိုင်ငံ အာကာသသုတေသနအေဂျင်စီရဲ့ အစီရင်ခံစာအရ အမေဇုန်သစ်တောပြုန်းတီးမှုဟာ တစ်နှစ်အတွင်း ၂၂ ရာခိုင်နှုန်းထိ တိုးမြင့်လာတယ်လို့ ဆိုပါတယ်။
 
အခုအချက်အလက်တွေဟာ စိန်ခေါ်မှုတစ်ရပ်ကို ကိုယ်စားပြုနေပြီး သစ်တောပြုန်းတီးမှုနဲ့ ဆက်နွယ်တဲ့ရာဇ၀တ်မှုတွေကို ပိုမိုကိုင်တွယ်သွားရမှာဖြစ်ကြောင်း ဘရာဇီးသဘာ၀ပတ်၀န်းကျင်၀န်ကြီးကပြောပါတယ်။
 
ဘရာဇီးနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ သစ်တောပြုန်းတီးမှုကို အဆုံးသတ်ဖို့ COP26 ရာသီဥတုပြောင်းလဲမှုညီလာခံမှာ ကတိပြုထားတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။
 
အမေဇုန်သစ်တောမှာ အပင်၊ တိရိစ္ဆာန်မျိုးစိတ်ပေါင်း သုံးသန်းခန့်ရှိပြီး ဌာနေတိုင်းရင်းသား တစ်သန်းခန့်နေထိုင်နေကြကာ ကမ္ဘာကြီးပူနွေးလာမှုအရှိန်ကို နှေးကွေးစေတဲ့ အရေးပါတဲ့ ကာဗွန်ထိန်းသိမ်းပေးရာ သစ်တောဖြစ်ပါတယ်။
 
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဘရာဆီးလီးယား

Related posts

Leave a Comment

VOM News

FREE
VIEW