ပေကျင်းအိုလံပစ်ကို သပိတ်မှောက်ဖို့ အမေရိကန်စီစဉ်နေ

၀ါရှင်တန်၊ နို၀င်ဘာ-၁၉-၂၀၂၁
မျိုးဆက်(VOM)
 
တရုတ်နိုင်ငံ ပေကျင်းမှာကျင်းပမယ့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နို၀င်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ဒီလို သံတမန်ရေးအရ သပိတ်မှောက်ဖို့အစီအစဉ်နဲ့ပတ်သက်ပြီး စဉ်းစားနေကြောင်း မက္ကဆီကို၊ ကနေဒါခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲမကျင်းပမီ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောပါတယ်။
 
သံတမန်ရေးအရ သပိတ်မှောက်တာဟာ အဲဒီအားကစားပြိုင်ပွဲသို့ အမေရိကန်အရာရှိတွေကို စေလွှတ်ခြင်းမပြုတာဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးတင်းမာနေစဉ်မှာ အမေရိကန်သမ္မတက ယခုကဲ့သို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။
 
နှစ်နိုင်ငံသမ္မတနှစ်ဦးဟာ သူတို့ရဲ့ ပထမဆုံးထိပ်သီးဆွေးနွေးပွဲကို နို၀င်ဘာ ၁၅ ရက်မှာ အွန်လိုင်းမှကျင်းပခဲ့ပြီး သုံးနာရီကြာဆွေးနွေးပွဲမှာတော့ အိုလံပစ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး မဆွေးနွေးခဲ့ဘူးလို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
 
တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ သပိတ်မှောက်ဖို့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေကလည်း တောင်းဆိုထားပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW