တရုတ်-အာဆီယံဆွေးနွေးပွဲ နကစဥက္ကဌကိုဖိတ်ကြားရေး တရုတ်ကြိုးပမ်းမှု ကန့်ကွက်မှုတွေကြုံနေရ

ဘန်ကောက်၊ နို၀င်ဘာ-၁၉-၂၀၂၁
မျိုးဆက်(VOM)
 
လာမယ့်သီတင်းပတ်မှာ တရုတ်သမ္မတကလက်ခံကျင်းပမယ့် တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ နစကကောင်စီဥက္ကဌတက်ရောက်ခွင့်ပြုဖို့ တရုတ်အထူးသံတမန်ရဲ့ ကြိုးပမ်းမှုတွေဟာ ကန့်ကွက်မှုတွေနဲ့ ကြုံနေရတယ်လို့ သံတမန်သတင်းရင်းမြစ်တွေက နို၀င်ဘာ ၁၈ ရက်မှာပြောပါတယ်။
 
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကြပ်အတည်း၊ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေကို ဖိအားပေးမှုအဖြစ် ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာတာ၀န်ရှိသူတွေကို အစည်းအဝေးကနေ ဖယ်ထုတ်ပြီး အာဆီယံအဖွဲ့က ဖိအားပေးခဲ့ပါတယ်။
 
လက်ရှိမှာလည်း နို၀င်ဘာ ၂၂ ရက်မှာပြုလုပ်မယ့် တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ နစကကောင်စီဥက္ကဌကို မဖိတ်ဖို့ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနဲ့ စင်ကာပူတို့က ကန့်ကွက်ထားတယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
 
အဲဒီလေးနိုင်ငံဟာ အာဆီယံထိပ်သီးဆွေးနွေးပွဲကလိုပဲ မြန်မာနိုင်ငံကို အစည်းအဝေးမဖိတ်ဖို့ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲဖို့ သဘောတူထားကြောင်း အမည်မဖော်လိုတဲ့ သံတမန်ရင်းမြစ်တွေက ဆိုပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနနဲ့ မြန်မာဘက်က မှတ်ချက်ပြုပြောဆိုထားမျိုးမရှိပါဘူး။
 
Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW