ယူကရိန်းမှာ အာဏာသိမ်းဖို့ကြံစည်နေ

ကိဗ်ယက်၊ နိုဝင်ဘာ ၂၆-၂၀၂၁
မျိုးဆက်(VOM)
 
လာမယ့်ရက်အနည်းငယ်အတွင်း ယူကရိန်းအစိုးရကိုဖြုတ်ချဖို့ ရုရှားကျောထောက်နောက်ခံပြုတဲ့ ကြံစည်မှုရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်အတွင်း ယူကရိန်းမှာ အာဏာသိမ်းမယ့် သတင်းအချက်အလက်တွေကို တာဝန်ရှိသူတွေက ရရှိထားတယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတက ပြောပါတယ်။
 
ဒီလို ရုရှားကျောထောက်နောက်ခံပြုပြီး အာဏာသိမ်းမယ်ကိစ္စကို ဆွေးနွေးနေတဲ့အသံမှတ်တမ်းတွေ ရရှိထားတယ်လို့ သူကဆိုပါတယ်။
 
ဒီလိုကြံစည်မှုနဲ့ပတ်သက်ပြီး အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ သမ္မတက ပြောဆိုထားပြီး ဒါဟာ ရုရှားနဲ့လက်ရှိစစ်ရေးတင်းမာမှုထက် ပိုပြီး အန္တရယ်များတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
 
ဒီလိုကြံစည်မှုမျိုးတွေမှာ ရုရှားအနေနဲ့ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူးလို့ ရုရုားအစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
 
Ref: RT
Photo: Reuters
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW