ယူကရိန်းမှာ အာဏာသိမ်းဖို့ကြံစည်နေ

ကိဗ်ယက်၊ နိုဝင်ဘာ ၂၆-၂၀၂၁ မျိုးဆက်(VOM)   လာမယ့်ရက်အနည်းငယ်အတွင်း ယူကရိန်းအစိုးရကိုဖြုတ်ချဖို့ ရုရှားကျောထောက်နောက်ခံပြုတဲ့ ကြံစည်မှုရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်အတွင်း ယူကရိန်းမှာ အာဏာသိမ်းမယ့် သတင်းအချက်အလက်တွေကို တာဝန်ရှိသူတွေက ရရှိထားတယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတက ပြောပါတယ်။   ဒီလို ရုရှားကျောထောက်နောက်ခံပြုပြီး အာဏာသိမ်းမယ်ကိစ္စကို ဆွေးနွေးနေတဲ့အသံမှတ်တမ်းတွေ ရရှိထားတယ်လို့ သူကဆိုပါတယ်။   ဒီလိုကြံစည်မှုနဲ့ပတ်သက်ပြီး အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ သမ္မတက ပြောဆိုထားပြီး ဒါဟာ ရုရှားနဲ့လက်ရှိစစ်ရေးတင်းမာမှုထက် ပိုပြီး အန္တရယ်များတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။   ဒီလိုကြံစည်မှုမျိုးတွေမှာ ရုရှားအနေနဲ့ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူးလို့ ရုရုားအစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။   Ref: RT Photo: Reuters #voiceofmyanmar #VOM #ကိဗ်ယက်

Read More

ရမည်းသင်းမြို့က မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ ဓားပြတိုက်ခံရ

ရန်ကုန်၊နိုဝင်ဘာ ၂၆၊၂၀၂၁ KK(VOM)   ရမည်းသင်းမြို့နယ် ဝါတိုရပ်ကွက် လမ်းမတော်လမ်းက မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ် ပွားခဲ့ပြီး သိန်းထောင်ချီပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဝါတိုရပ်ကွက်နေသူတစ်ဦးကတော့ “နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ်တာ ရဲတွေရော စစ်တပ်ရော အများကြီးပဲ သိန်းတစ်ထောင်ကျော်လောက် ပါသွားတယ်လို့ကြားတယ် “လို့ ပြောပါတယ်။   ရမည်သင်းမြို့နယ်က မြန်မာ့ရှေဆောင်ဘဏ်ခွဲအတွင်း မှာ သေနတ်ကိုင်ဆောင်ထားသူ နှစ်ဦးက ဝန်ထမ်းများကို သေနတ်နဲ့ချိန်ကာ ငွေကြေးများကို ယူဆောင်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ဓားပြတိုက်ခံရမှုဖြစ်စဥ်နဲ့ပါတ်သတ်ပြီး VOM သတင်းဌာနအနေနဲ့ ရမည်းသင်းမြို့နယ် မြန်မာ့ရှေဆောင်ဘဏ်ခွဲကို ဖုန်းနဲ့ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ရမည်းသင်းမြို့အဝင်အထွက်နဲ့ ဘဏ်နဲ့နီးရာရပ်ကွက်နဲ့လမ်းဆုံတွေက ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ပြီးခဲ့တဲ့ နိုဝင်ဘာ ၅…

Read More

ရုရှားကျောက်မီးသွေးတွင်း မီးလောင်မှု လူ ၅၂ ဦးသေဆုံး၊ ၄၀ကျော်ဒဏ်ရာရ

မော်စကို၊ နို၀င်ဘာ-၂၆-၂၀၂၁ မျိုးဆက်(VOM)   ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်းမီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၂ ဦးထိမြင့်တက်လာပြီး ဒါဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး သတ္တုတွင်းမတော်တဆမှုတစ်ခုဖြစ်ပါတယ်။   အဲဒီမတော်တဆမှုဟာ ကျောက်မီးသွေးတွင်းလေ၀င်လေထွက်ပေါက်ရှိ ကျောက်မီးသွေးအမှုန်တွေ မီးလောင်ရာမှ စတင်ဖြစ်ပွားခဲ့တာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။   မီးလောင်မှုဖြစ်ပွားပြီး ညပိုင်းအချိန်ရောက်တဲ့အခါမှာတော့ ပျောက်ဆုံးနေတဲ့ အလုပ်သမားဒါဇင်များစွာနဲ့ ကယ်ဆယ်ရေးသမားတွေအကြား အဆက်သွယ်ပြတ်သွားပြီးနောက် အလုပ်သမားတွေဟာ အသက်ရှူကြပ်ကာ သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။   ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ၄၉ ဦးကိုဆေးရုံတင်ထားရပြီး အချို့ကတော့မီးခိုးဆိပ်သင့်ခဲ့ကာသူတို့ထဲက လေးဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။   အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအမံတွေ ပျက်ကွက်တယ်ဆိုပြီး သတ္တုတွင်း ညွှန်ကြားရေးမှူးအပါအ၀င် လူသုံးဦးကို ဖမ်းဆီးထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။   Ref: BBC Photo:Getty Images   #voiceofmyanmar…

Read More

တောင်အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုး ထပ်မံတွေ့ရှိကြောင်း အတည်ပြု

ကိပ်တောင်း၊ နို၀င်ဘာ-၂၆-၂၀၂၁ မျိုးဆက်(VOM)   တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုးကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး တာ၀န်ရှိသူတွေက နို၀င်ဘာ ၂၅ ရက်မျာအတည်ပြုပြောဆိုလိုက်ပြီး လက်ရှိကာကွယ်ဆေးတွေဟာ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကို တိုက်ဖျက်ဖို့ထိရောက်မှုအပေါ် စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။   အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကို မြို့တော်ပရီတိုရီးယားနဲ့ဂျိုဟန်နက်စ်ဘတ်တို့တည်ရှိရာ ဂေါ့တန်ပြည်နယ်မှာ တွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။   လက်ရှိချိန်ထိ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသူ ၇၇ ဦးရှိနေပြီး ကူးစက်မှုနှုန်းလျှင်မြန်စွာ မြင့်တက်လာကြောင်းနဲ့် ဂေါ့တန်ပြည်နယ်ပြင်ပမှာလည်း ကူးစက်လာနိုင်တယ်လို့ သူတို့ကပြောပါတယ်။   ဗိုင်းရပ်စ်မျိုးကွဲသစ်နဲ့ပတ်သက်၍ ရှင်းလင်းစွာမသိရသေးကြောင်း၊ သုတေသီတွေကတော့ ကုထုံးတွေနဲ့ ကာကွယ်ဆေးများအတွက် ဗိုင်းရပ်စ်ရဲ မျိုးရိုးဗီဇပြောင်းလဲမှုကို လေ့လာနေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ်-၁၉ ရောဂါ နည်းပညာဆိုင်ရာအကြီးအကဲကပြောပါတယ်။   တွေ့ရှိထားတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ လေ့လာရမယ့် မျိုးကွဲသို့မဟုတ် စိုးရိမ်ပူပန်ရမယ့်မျိုးကွဲသစ်အဖြစ် သတ်မှတ်ဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။   Ref: NHK…

Read More

မြန်မာပလာဇာမှာ ဆန္ဒပြလူငယ်တွေကို ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ယာယီပိတ်သိမ်းတဲ့ ဆိုင်ခန်း ၃၀ ကျော်ရှိလာ

ရန်ကုန်၊နိုဝင်ဘာ ၂၆၊၂၀၂၁ KK(VOM)   ရန်ကုန်က မြန်မာပလာဇာမှာ မနေ့နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ဆန္ဒပြလူငယ်တွေကို လုံခြုံရေးဝန်ထမ်းတွေက ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ပလာဇာအတွင်းဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေယာယီပိတ်သိမ်းနေကြပါတယ်။   အမည်မဖော်လိုတဲ့ဆိုင်ခန်းပိုင်ရှင်တဦးက “ဆန္ဒမပြရဘူးဆိုလည်းခလေးတွေကို အေးဆေးပြောပြလေ သားသမီးချင်းကိုယ်ချင်းမစာရိုက်နှက်ပြီးဖမ်းတာ အစ်မတို့ကတော့ ပလာဇာက ဆိုင်ကို ယာယီပိတ်ထားတယ် ဘယ်လောက်ကြာမယ်ဆိုတာ ပြောပြလို့မရဘူး”လို့ VOM ကို ပြောပါတယ်။   မနေ့ ညနေပိုင်းက လူငယ်တွေက မြန်မာပလာဇာမှာ သပိတ်ပြုလုပ်နေချိန်မှာ ဆန္ဒပြလူငယ် ၂ ယောက်ကို ပလာဇာလုံခြုံ ရေးဝန်ထမ်းတွေက ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိပြီးနောက်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အငှားယာဥ်မောင်းတဦးက ပြောပါတယ်။   “မိန်းခလေးတစ်ယောက်ဆို မျက်ခုံးတွေရော လက်တွေရော ဒူးတွေမှာရော ထိတယ် မိန်းခလေးကိုတော့ အဲ့လောက်ထိလုပ်ဖို့မသင့်ပါ ဘူး”လို့ သူရဲ့အမြင်ကိုပြောပါတယ်။   ရန်ကုန်က တက္ကစီဆရာအများစုကလည်း မြန်မာပလာဇာကို ငှားရမ်းတဲ့ ခရီးစဉ်မှန်သမျှ…

Read More

ငါန်းဇွန်မြိုက လွတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ရဲ့ ညီဖမ်းခံရ

နိုဝင်ဘာ၂၆-၂၀၂၁ VOM   ငါန်းဇွန်မြို့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ရဲ့ မိဘနေအိမ်နဲ့ အမဖြစ်သူရဲ့နေအိမ်တွေကိုနိုဝင်ဘာ(၂၅)မနက် ၉နာရီအချိန်က နယ်မြေခံရဲနဲ့ပူးပေါင်းအဖွဲ့တွေက ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ပြီးတော့ ဦးကျော်စိုးနိုင်ရဲ့ ညီဖြစ်သူ ကိုညို ကို ခေါ်သွားတာမှာ ဒီနေ့ သတင်းတင်ဆက်ချိန်ထိ ပြန်မလွှတ်သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။   လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင် ကတော့ တိမ်းရှောင်နေရတာဖြစ်ပါတယ်။ ဦးကျောစိုးနိုင်ကိုဖမ်းမမိလို့ ဇူလိုင်လ ၂၀ရက်နေကလည်း ဇနီး၊ သားနဲ့ သမီးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဇူလိုင် ၂၂ရက်နေမှာ ပြန်လည်လွတ်ပေးခဲ့ပါတယ်။   အဲဒီတုန်းကတော့ မိသာစုဝင်တွေအနေနဲ့ အိမ်မှာဘဲ အေးအေးဆေးဆေး နေလို့ရကြောင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပေမယ့် ခုတခါ ညီဖြစ်သူသည်ကို ဖမ်းဆီးပြန်တာဖြစ်ပါတယ်။   ” ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိုညိုဟာ ရွှေပန်းထိမ်လုပ်ငန်းလုပ်သလို လူမှုရေးအသင်းကို ဦးဆောင်လုပ်ကိုင်ပေးနေပြီး အသက် ၉၀ ကျော်မိခင်နဲ့ အတူနေထိုင်ကာ အနေအေးသူဖြစ်တယ်”လို့…

Read More

မြောင် ပရိမ္မကားလမ်းအနီးမှာ မိုင်းပေါက်ကွဲလို့ ရဲအုပ် ၁ ယောက်သေ

နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်းအတွင်းက မြောင်မြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ ချောင်းဦး တွင်းကြီး ပရိမ္မ မြောင် ကားလမ်နဲ့ မုံရွာ မန္တလေး မြောင် စတဲ့ ပင်မ ကားလမ်းတွေမှာ မိုင်းအန္တရာယ်တွေရှိတဲ့အတွက် သွားလားခြင်း မပြုလုပ်ဖို့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သတိပေး ရေးသားထားတာတွေ ထွက်ပေါ်လာပြီးနောက် မိုင်းပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။   မြောင်မြို့နယ် ၊နဘတ်ကြီးကျေးရွာနဲ့ ဆွဲလွဲအိုကျေးရွာအကြား မြောင် ပရိမ္မ ကားလမ်းအနီး ယာခင်းထဲမှာ မနေ့ နိုဝင်ဘာ ၂၅ ညနေပိုင်းက မိုင်းပေါက်ကွဲလို့ ရဲအုပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။   ” ခန္ဓာကိုယ်ရဲ့ လက်ယာဘက်ခြမ်းက နံကြားမှာ မိုင်းစထိမှန်ပြီး သေဆုံးသွားခဲ့တာပါ ၊ အဲ့ဒီ…

Read More
VOM News

FREE
VIEW