မြောင် ပရိမ္မကားလမ်းအနီးမှာ မိုင်းပေါက်ကွဲလို့ ရဲအုပ် ၁ ယောက်သေ

နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်းအတွင်းက မြောင်မြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ ချောင်းဦး တွင်းကြီး ပရိမ္မ မြောင် ကားလမ်နဲ့ မုံရွာ မန္တလေး မြောင် စတဲ့ ပင်မ ကားလမ်းတွေမှာ မိုင်းအန္တရာယ်တွေရှိတဲ့အတွက် သွားလားခြင်း မပြုလုပ်ဖို့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သတိပေး ရေးသားထားတာတွေ ထွက်ပေါ်လာပြီးနောက် မိုင်းပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
 
မြောင်မြို့နယ် ၊နဘတ်ကြီးကျေးရွာနဲ့ ဆွဲလွဲအိုကျေးရွာအကြား မြောင် ပရိမ္မ ကားလမ်းအနီး ယာခင်းထဲမှာ မနေ့ နိုဝင်ဘာ ၂၅ ညနေပိုင်းက မိုင်းပေါက်ကွဲလို့ ရဲအုပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။
 
” ခန္ဓာကိုယ်ရဲ့ လက်ယာဘက်ခြမ်းက နံကြားမှာ မိုင်းစထိမှန်ပြီး သေဆုံးသွားခဲ့တာပါ ၊ အဲ့ဒီ သေဆုံးသူက ရဲသူရိန် အပတ်စဥ် ၇၆၊ ကိုယ်ပိုင်နံပါတ် လ/ ၂၅၃ ၆၅၁ ရဲအုပ် ဇော်ဇော်မိုး ဖြစ်တယ် ” လို့ သေဆုံးသူနဲ့ နီးစပ်တဲ့ လုပ်ဖော်ကိုင်ဖက် တွေက ပြောပါတယ်။
 
သေဆုံးသူ ရဲအုပ် ဇော်ဇော်မိုး ပါဝင်လိုက်ပါခဲ့တဲ့ နယ်မြေရှင်းလင်းရေး လှုပ်ရှားတပ်ဖွဲ့ဟာ မနေ့က မြောင်မြို့နယ် အုန္နဲဘုတ် ၊ ကျောက်ရစ် ၊ နဘတ်ကြီး ၊ ဆွဲလွဲအို စတဲ့ကျေးရွာတွေဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ သွားရောက်လုပ်ကိုင်ရင်း မိုင်းစထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။
 
” ပခုက္ကူ ရေစကြို ချောင်းဦး သွားတဲ့ ဆင်ဖြူရှင် ကားလမ်းပေါ်က မြောင်နယ်အပိုင် မကျည်းဘုတ်ရွာနားမှာလည်း မကြာခဏ မိုင်းကွဲတယ် ၊ တခါ မုံရွာ မန္တလေး ကားလမ်းကနေခွဲပြီး မြောင်ဘက်ကို လာတဲ့ လမ်းမှာလည်း မိုင်းကွဲတာတွေရှိတယ် ၊ ပြီးခဲ့တဲ့ အောက်တိုဘာထဲက အဲ့ဒီ လမ်းပိုင်း ကျော့မင်းရွာနားမှာ ကားတန်း မိုင်းကွဲလို့ ရဲချုပ်ရဲ့ကား မိုင်းစထိမှန် ပျက်စီးတာတွေရှိတယ် ” လို့ မြောင်နယ်ခံ တစ်ယောက်က ပြောပါတယ်။
 
#voiceofmyanmar #VOM #မြောင် #မိုင်းပေါက်လို့ရဲအုပ်သေ

Related posts

Leave a Comment

VOM News

FREE
VIEW