ငါန်းဇွန်မြိုက လွတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ရဲ့ ညီဖမ်းခံရ

နိုဝင်ဘာ၂၆-၂၀၂၁
VOM
 
ငါန်းဇွန်မြို့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ရဲ့ မိဘနေအိမ်နဲ့ အမဖြစ်သူရဲ့နေအိမ်တွေကိုနိုဝင်ဘာ(၂၅)မနက် ၉နာရီအချိန်က နယ်မြေခံရဲနဲ့ပူးပေါင်းအဖွဲ့တွေက ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ပြီးတော့ ဦးကျော်စိုးနိုင်ရဲ့ ညီဖြစ်သူ ကိုညို ကို ခေါ်သွားတာမှာ ဒီနေ့ သတင်းတင်ဆက်ချိန်ထိ ပြန်မလွှတ်သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင် ကတော့ တိမ်းရှောင်နေရတာဖြစ်ပါတယ်။ ဦးကျောစိုးနိုင်ကိုဖမ်းမမိလို့
ဇူလိုင်လ ၂၀ရက်နေကလည်း ဇနီး၊ သားနဲ့ သမီးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဇူလိုင် ၂၂ရက်နေမှာ ပြန်လည်လွတ်ပေးခဲ့ပါတယ်။
 
အဲဒီတုန်းကတော့ မိသာစုဝင်တွေအနေနဲ့ အိမ်မှာဘဲ အေးအေးဆေးဆေး နေလို့ရကြောင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပေမယ့် ခုတခါ ညီဖြစ်သူသည်ကို ဖမ်းဆီးပြန်တာဖြစ်ပါတယ်။
 
” ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိုညိုဟာ ရွှေပန်းထိမ်လုပ်ငန်းလုပ်သလို လူမှုရေးအသင်းကို ဦးဆောင်လုပ်ကိုင်ပေးနေပြီး အသက် ၉၀ ကျော်မိခင်နဲ့ အတူနေထိုင်ကာ အနေအေးသူဖြစ်တယ်”လို့ မြို့ခံတယောက်က ပြောပါတယ်။
 
ခုဖမ်းခံရတဲ့ ကိုညိုကို ဘယ်နေရာ ဖမ်းဆီးခေါ်ဆောင်သွားမယ်ဆိုတာ မိသားစုဝင်တွေက မသိရလို့ စိုးရိမ်ပူပန်နေကြောင်းလည်း သိရပါတယ်။
 
ဒီလို အလားတူ ယောင်္ကျားမမိလို့ မိန်းမဖမ်း၊ သားမမိလို့ အမေဖမ်း ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ မကြာခဏဆိုသလို ကြားသိနေရပါတယ်။
 
#voiceofmyanmar #VOM #ငါန်းဇွန်

Related posts

Leave a Comment

VOM News

FREE
VIEW