တောင်အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုး ထပ်မံတွေ့ရှိကြောင်း အတည်ပြု

ကိပ်တောင်း၊ နို၀င်ဘာ-၂၆-၂၀၂၁
မျိုးဆက်(VOM)
 
တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်မျိုးကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး တာ၀န်ရှိသူတွေက နို၀င်ဘာ ၂၅ ရက်မျာအတည်ပြုပြောဆိုလိုက်ပြီး လက်ရှိကာကွယ်ဆေးတွေဟာ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကို တိုက်ဖျက်ဖို့ထိရောက်မှုအပေါ် စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။
 
အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကို မြို့တော်ပရီတိုရီးယားနဲ့ဂျိုဟန်နက်စ်ဘတ်တို့တည်ရှိရာ ဂေါ့တန်ပြည်နယ်မှာ တွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
 
လက်ရှိချိန်ထိ ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသူ ၇၇ ဦးရှိနေပြီး ကူးစက်မှုနှုန်းလျှင်မြန်စွာ မြင့်တက်လာကြောင်းနဲ့် ဂေါ့တန်ပြည်နယ်ပြင်ပမှာလည်း ကူးစက်လာနိုင်တယ်လို့ သူတို့ကပြောပါတယ်။
 
ဗိုင်းရပ်စ်မျိုးကွဲသစ်နဲ့ပတ်သက်၍ ရှင်းလင်းစွာမသိရသေးကြောင်း၊ သုတေသီတွေကတော့ ကုထုံးတွေနဲ့ ကာကွယ်ဆေးများအတွက် ဗိုင်းရပ်စ်ရဲ မျိုးရိုးဗီဇပြောင်းလဲမှုကို လေ့လာနေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ်-၁၉ ရောဂါ နည်းပညာဆိုင်ရာအကြီးအကဲကပြောပါတယ်။
 
တွေ့ရှိထားတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ လေ့လာရမယ့် မျိုးကွဲသို့မဟုတ် စိုးရိမ်ပူပန်ရမယ့်မျိုးကွဲသစ်အဖြစ် သတ်မှတ်ဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
 
Ref: NHK
Photo:Getty Images
 
#voiceofmyanmar #VOM #တောင်အာဖရိက #ကိုရိုနာဗိုင်းယပ်စ်မျိုးကွဲသစ်

Related posts

Leave a Comment

VOM News

FREE
VIEW