ရမည်းသင်းမြို့က မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ ဓားပြတိုက်ခံရ

ရန်ကုန်၊နိုဝင်ဘာ ၂၆၊၂၀၂၁
KK(VOM)
 
ရမည်းသင်းမြို့နယ် ဝါတိုရပ်ကွက် လမ်းမတော်လမ်းက မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ်
ပွားခဲ့ပြီး သိန်းထောင်ချီပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဝါတိုရပ်ကွက်နေသူတစ်ဦးကတော့
“နေ့လယ်ပိုင်းက ဓားပြတိုက်မှုဖြစ်တာ ရဲတွေရော စစ်တပ်ရော အများကြီးပဲ သိန်းတစ်ထောင်ကျော်လောက် ပါသွားတယ်လို့ကြားတယ် “လို့ ပြောပါတယ်။
 
ရမည်သင်းမြို့နယ်က မြန်မာ့ရှေဆောင်ဘဏ်ခွဲအတွင်း မှာ သေနတ်ကိုင်ဆောင်ထားသူ နှစ်ဦးက ဝန်ထမ်းများကို သေနတ်နဲ့ချိန်ကာ
ငွေကြေးများကို ယူဆောင်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
ဓားပြတိုက်ခံရမှုဖြစ်စဥ်နဲ့ပါတ်သတ်ပြီး VOM သတင်းဌာနအနေနဲ့ ရမည်းသင်းမြို့နယ် မြန်မာ့ရှေဆောင်ဘဏ်ခွဲကို ဖုန်းနဲ့ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ရမည်းသင်းမြို့အဝင်အထွက်နဲ့ ဘဏ်နဲ့နီးရာရပ်ကွက်နဲ့လမ်းဆုံတွေက ကားနဲ့ဆိုင်ကယ်တွေကို
စစ်ဆေးရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းကလည်း ရေတာရှည်မြို့နယ် CB ဘဏ် ဓားပြတိုက်ခံခဲ့ရပြီး သိန်းရာချီ ပါသွားခဲ့သလို ရန်ကုန်၊ ပဲခူး၊ ကျောက်မဲ စတဲ့မြို့တွေက ပုဂ္ဂလိက ဘဏ်ခွဲတချို့လည်း ဓါးမြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရမည်းသင်း #MAB

Related posts

Leave a Comment

VOM News

FREE
VIEW