ကလေးမြို့မှာ ချင်းဘာသာနဲ့ ရုပ်သံထုတ်လွှင့်နေတဲ့ ဇို ဟေဆာ ကေဘယ်လ် မီဒီယာ အဖမ််းခံရ

နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက် ၊ ဗန္ဓုလလမ်းနဲ့ သဇင်လမ်းဆုံအနီမှာရှိတဲ့ ချင်းဘာသာနဲ့ ထုတ်လွှင့်ပေးနေတဲ့ Zo Heisa Cable ဇို ဟေဆာ ကေဘယ်လ် မီဒီယာရုံးကို မနေ့ နိုဝင်ဘာ ၂၇ ရက် နေ့ခင်းက စစ်တပ်နဲ့ရဲတွေ ပါဝင်တဲ့ ပူးပေါင်းက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ မီဒီယာ အသိုင်းအဝိုင်းက VOM ကို ပြောပါတယ်။
 
” ရုပ်သံထုတ်လွှင့်ရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်းသွားတာ မြင်လိုက်ရတယ် ၊ နေ့ခင်း ၁၂ နာရီကျော်လောက်ကပေါ့ ” လို့ တောင်ဇလပ်ရပ်ကွက်ခံ တစ်ယောက်ကပြောပါတယ်။
 
ဒါ့အပြင် ကလေးမြို့နယ် ကောင်စီရုံးနဲ့ နီးစပ်သူ တယောက်ပြောတာက ” မီဒီယာလုပ်ငန်းနဲ့ ပတ်သက်ပြီး ပြဌာန်းချက်တွေ ပြီးခဲ့တဲ့လက တရားဝင် ကြေညာထားပြီးပြီ ၊ အဲ့ဒီ ပြန်ဌာန်းချက် မကိုက်ညီတာကြောင့် အရေးယူတာပါ ” လို့ ဖြစ်ပါတယ်။
 
အဲ့ဒီ ဇို ဟေဆာ ကေဘယ်ဘယ်လ် ရုပ်သံ မီဒီယာ ထုတ်လွှင့်တဲ့နေရာကို သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေ စစ်ဆေးတဲ့အခါ ရုပ်သံဖမ်းစက် ၆၆ လုံး ၊ ရုပ်သံထုတ်လွှင့်စက် ၈၂ လုံး ၊ ကွန်ပျူတာ ၆ စုံ ၊ ဖိုက်ဘာထုတ်လွှင့်စက် ၊ ၄ လုံး ၊ TaTa အမျိုးအစား စလောင်းဘမ်း ၁၃ ချပ် ၊ DVD ရုပ်သံစက် ၆ လုံး ၊ ဖိုက်ဘာပါဝါစက် ၁ လုံး ၊ စတဲ့ ဆက်စပ်ပစ္စည်း ၂၈ မျိုးကို ရှာဖွေသိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
 
” ဇို ဟေဆာ ရုပ်သံလိုင်းက ကလေး ဒေသရဲ့ ဒေသန္တရ မီဒီယာ တခုဖြစ်ပါတယ် ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အဓိက ဦးတည်ပြီး တိုင်းရင်းသား ရိုးရာယဥ်ကျေးမှုကို အခြေခံလို့ ဒေသတွင်း သတင်းစီးဆင်းမှုကို လျင်မြန်ဖို့ လုပ်ပေးနေတဲ့ မီဒီယာပါ ၊ ပြန်ကြားရေးမှာ တရားဝင် မှတ်ပုံတင်ခဲ့ပေမယ့် အခုထိ ခွင့်ပြုချက်ရတာမျိုးတော့ မရှိဘူးလို့ ကြားရတယ် ၊ အသေအချာတော့ မသိဘူး ” လို့ ကလေးမြို့ တာဟန်းရပ်ကွက်နေ ချင်းအမျိုးသား တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ဇိုဟေဆာ ကေဘယ်လ်ရုပ်သံ မီဒီယာနဲ့ ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဦးမန်းရှာမန်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် VOM က သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
 
စစ်ကိုင်းတိုင်းထဲက ပြန်ကြားရေးဌာနမှာ တရားဝင် မှတ်ပုံတင် လျှောက်ထား လုပ်ကိုင်နေတဲ့ မုံရွာဂေဇက် ၊ ဇေယျာတိုင်မ်း ၊ မျက်မှောက်ခေတ် စတဲ့ သတင်းဌာန ၃ ခုအနက် ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နောက်ပိုင်းမှာ မုံရွာဂေဇက် နဲ့ မျက်မှောက်ခေတ်ဟာ ယာယီရပ်နားထားကြပြီး ဇေယျာတိုင်မ်း သတင်းဌာနက အယ်ဒီတာတချို့ ဖမ်းခံထားရတယ်လို့ သိရပါတယ် ။
 
ဒါ့အပြင် မနေ့က ကလေးမြို့နယ်ရဲ့ ဒေသန္တရ သတင်းမီဒီယာဖြစ်တဲ့ ဇို ဟေဆာ ရုပ်သံဌာန ထပ်မံဖမ်းဆီးခံရတာကြောင့် စစ်ကိုင်းတိုင်းအတွင်း ဒေသန္တရ မီဒီယာ မရှိသလောက်ဖြစ်သွားပြီလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဇိုဟေဇာ #ကလေးမြို့

Related posts

Leave a Comment

VOM News

FREE
VIEW