မြောက်ဥက္ကလာက ရွှေဘိုသူ ငါးရာတန်အဝစားထမင်းဆိုင်

အေးချမ်းသူ(VOM) မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးတလျှောက် ဆိုက်ကားတွေ ဆိုင်ကယ်တွေ စက်ဘီးတွေ အိမ်စီးကားတွေနဲ့ပြည့်ကျပ်လို့နေပါတယ်။ မလှမ်းမကမ်းမှာတော့ ထမင်းစားဖို့စောင့်ဆိုင်းရင်း တန်းစီနေတဲ့ အခြေခံလူတန်းစားမျိုးစုံပါဝင်တဲ့ လူအုပ်ကြီးကလည်း ရှိနေပါတယ်။ ထမင်းစားဖို့စောင့်နေတဲ့ လူတွေဟာ ကားဂိတ်နဲ့လည်းနီး ဆိုင်ကယ် ကယ်ရီသမားတွေအများစုလည်းရှိ စက်မှုဇုန်နဲ့ နီးပြီး အခြေခံလူတန်းစားအများစုနေထိုင်ရာ မြောက်ဥက္ကလာ (ည)ရပ်ကွက်၊ သုနန္ဒာလမ်းက ရွှေဘိုသူ ငါးရာတန်ထမင်းဆိုင်ကို ထမင်းစားဖို့လာကြတာပဲဖြစ်ပါတယ်။ ဗီနိုင်းစနဲ့ပြုလုပ်ကာ ချိတ်ဆွဲထားတဲ့ “ရွှေဘိုသူ ငါးရာတန် ထမင်းဆိုင်”ရဲ့ ဆိုင်းဘုတ်အောက်မှာတော့ တီရှပ်အမဲရောင်ကို တူညီစွာဝတ်ဆင်ထားတဲ့ ဝန်ထမ်းတွေဟာ ဝက်သား၊ မြစ်ငါးတန်၊ ကုလားပဲ ကြာဇံချက်၊ ငပိရည်ဖျော်၊ တို့စရာ စတာတွေ ထည့်ထားတဲ့ ဒန်အိုးကြီးတွေရှေ့မှာ စားသုံးသူတွေကို ဟင်းထည့်ပေးဖို့စောင့်နေတာပဲဖြစ်ပါတယ်။ စီတန်းထားတဲ့ လူတန်းကြီးကို တစ်ယောက်လျှင် ချစ်တီးထမင်းဆိုင်များတွင် အသုံးပြုလေ့ရှိသော စတီပန်းကန်များကို ကမ်းပေးရင်း ဟင်းထည့်သူ၊ ပဲကြာဇံချက်ထည့်ပေးသူ၊ ငပိရည်တို့စရာ ထည့်ပေးသူ ထမင်းထည့်ပေးသူနဲ့ ငါးရာတန်ထမင်းဆိုင်ကို စတင်ရောင်းချပါတော့တယ်။ ငါးရာတန်အဝစားထမင်းဆိုင်ကို သုနန္ဒာလမ်းမကြီးပေါ်မှာ…

Read More

မြိုင်မြို့က မြသီတာ ကန်ဘောင်ပေါ် မှာ မိုင်းပေါက်ကွဲပြီး ကလေး ၃ ယောက်သေ ၊ ၁ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊၂၈ -၂၀၂၁ နှင်းဖြူဝေ (VOM)   မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ မြိုင် – ကိုင်းတောမ သွားကားလမ်းအနီး မြသီတာ ကန်ဘောင်ပေါ်မှာရှိတဲ့ အမှိုက်ပုံထဲကနေ ပေါက်ကွဲမှုဖြစ်ပေါ်တဲ့အတွက် ကလေး ၃ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။   ” ပေါက်ကွဲတာက မနေ့ နိုဝင်ဘာ ၂၇ ညနေပိုင်း ၅ နာရီကျော် ၆ နာရီလောက်မှာဖြစ်တာပါ ၊ ပေါက်ကွဲတဲ့နေရာက အများပြည်သူ အပန်းဖြေအနားယူတဲ့ မြသီတာ ကန်ဘောင်ပေါ် အမှိုက်ပုံးထဲကနေ ပေါက်ကွဲတာ ” လို့ မြိုင်နယ်ခံတယောက်က ပြောပါတယ်။   အဲ့ဒီ ပေါက်ကွဲမှုကြောင့် အမှိုက်ပုံးထဲက ရေဗူးခွံကောက်ယူနေတဲ့ မောင်ငြိမ်းသာအောင် အသက် ၇ နှစ်နဲ့ မောင်အောင်ထိုက်…

Read More

ကလေးမြို့မှာ ချင်းဘာသာနဲ့ ရုပ်သံထုတ်လွှင့်နေတဲ့ ဇို ဟေဆာ ကေဘယ်လ် မီဒီယာ အဖမ််းခံရ

နိုဝင်ဘာ ၊ ၂၈ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက် ၊ ဗန္ဓုလလမ်းနဲ့ သဇင်လမ်းဆုံအနီမှာရှိတဲ့ ချင်းဘာသာနဲ့ ထုတ်လွှင့်ပေးနေတဲ့ Zo Heisa Cable ဇို ဟေဆာ ကေဘယ်လ် မီဒီယာရုံးကို မနေ့ နိုဝင်ဘာ ၂၇ ရက် နေ့ခင်းက စစ်တပ်နဲ့ရဲတွေ ပါဝင်တဲ့ ပူးပေါင်းက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ မီဒီယာ အသိုင်းအဝိုင်းက VOM ကို ပြောပါတယ်။   ” ရုပ်သံထုတ်လွှင့်ရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်းသွားတာ မြင်လိုက်ရတယ် ၊ နေ့ခင်း ၁၂ နာရီကျော်လောက်ကပေါ့ ” လို့ တောင်ဇလပ်ရပ်ကွက်ခံ တစ်ယောက်ကပြောပါတယ်။   ဒါ့အပြင် ကလေးမြို့နယ် ကောင်စီရုံးနဲ့ နီးစပ်သူ တယောက်ပြောတာက…

Read More

NLD ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် ကွယ်လွန်

ရန်ကုန်၊နိုဝင်ဘာ ၂၈-၂၀၂၁ KK(VOM)   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ဟာ ဒီကနေ့ မနက် ၆နာရီခွဲ တာမွေမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။   နှလုံးရောဂါနဲ့ နိုဝင်ဘာ၂၁ရက်မှာ ဆေးရုံတက်ခဲ့ရပြီး တစ်ပါတ်အကြာမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။   မုံရွာအောင်ရှင်ဟာ ဖေဖော်ဝါရီလ ၁ ရက်က ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။   မုံရွာအောင်ရှင်ဟာ ၁၉၆၄ ခုနှစ်မှာ ထိန်းသိမ်းခံခဲ့ရသလို၊ ၁၉၈၈ နောက်ပိုင်း နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသူတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၇၇ နှစ်ရှိပြီဖြစ်ပါတယ်။   NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြား ရေးကော်မတီဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို၊ ဆရာဦးဝင်းတင်ဦးစီးခဲ့တဲ့ ဒီလှိုင်းဂျာနယ်ကိုလည်း ဦးဆောင်ထုတ်ဝေခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။   #voiceofmyanmar #VOM #NLD #မုံရွာအောင်ရှင်…

Read More

ချင်းပြည်နယ်မှာ ငလျင်လှုပ်ခတ်ပြီးနောက် ကျေးရွာတချို့ အရေးပေါ် ပြောင်းရွှေ့နေရ

နိုဝင်ဘာ ၊ ၂၈-၂၀၂၁ နှင်းဖြူဝေ (VOM)   ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်အားအနည်းငယ်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း မနေ့ နိုဝင်ဘာ ၂၇ရက်မနက်ပိုင်းမှာ မြေအက်ကွဲကြောင်းတွေ ဖြစ်လာတဲ့အတွက် ကျေးရွာတချို့ကလူတွေ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ ချင်းပရဟိတအဖွဲ့ကနေ သိရပါတယ်။   ချင်းပရဟိတ စေတနာ့ဝန်ထမ်း ပါးဝုန်ဒိုထန်း ” မြေအက်ကွဲကြောင်းတွေဖြစ်လာလို့ မနေရဲတဲ့အတွက် ရွာပြောင်းရွှေ့ပေးနေရတာ ” လို့ VOM ကို ပြောပါတယ်။   ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ အန်းလန့်ကျေးရွာမှာ မနေ့မနက် အစောပိုင်းကစပြီး အကျယ် ၈ လက်မနဲ့ ၆ လက်မ အကြား အရွယ်အစားရှိတဲ့ မြေအက်ကွဲကြောင်းကြီးဖြစ်ပေါ်လာပြီး မြေအောက် ဘယ်လောက်နက်တယ်ဆိုတာ အဖြေမသိနိုင်တာကြောင့် သဘာဝဘေးအန္တရာယ် တခုခုကျရောက်လာမှာကို စိုးရိမ်ပြီး ရွာလုံးကျွတ်နီးပါး ပြောင်းနေကြတာလို့…

Read More
VOM News

FREE
VIEW