ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ထောင် ၃ နှစ် ထပ်မံအမိန့်ချ

ဒီဇင်ဘာ ၂၂-၂၀၂၁ KK(VOM)   ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဒီကနေ့ မနက်ပိုင်းက ဘားအံထောင်တွင်း အထူးတရားရုံးကနေ ရွေးကောက်ပွဲမဲမသမာမှုဥပဒေပုဒ်မ ၁၃၀ -က နဲ့ ထောင်ဒဏ်သုံးနှစ်ထပ်မံချမှတ်ခဲ့တယ်လို့ NLD ပါတီအသိုင်းအဝိုင်းဆီက သိရပါတယ်။   “နောက်ဘယ်အမှုတွေနဲ့ ထပ်ချအုံးမလဲ မသိဘူး အခုဆို ထောင်ချတာ နှစ်၈၀ ရှိပြီ၊ ကျန်းမာရေးကလည်းကောင်းတာမဟုတ်ဘူး”လို့ NLDပါတီဝင်တဦးကပြောပါတယ်။   ဒေါ်နန်းခင်ထွေးမြင့်ကို နိုဝင်ဘာလ ၉ရက်က ဘားအံအကျဥ်းထောင် အထူးတရားရုံးမှာပဲ အဂတိလိုက်စားမှုအပါအဝင် အမှု(၅)မှုအတွက် ထောင်ဒဏ် ၇၅ နှစ်ကို ချမှတ်ခဲ့ပါသေးတယ်။   အလားတူ မေလ ၃ဝ ရက်ကလည်း နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါသေးတယ်။   လက်တလော ဒေါ်နန်းခင်ထွေးမြင့်ဟာ ယခင်ချမှတ်ထားတဲ့ ထောင်ဒဏ် ၂နှစ် ၊၇၅နှစ်နဲ့ ယနေ့ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၃ နှစ်ပေါင်းပါက…

Read More

နှစ်ပေါင်း ၆၆ သန်းက ဒိုင်နိုဆောသန္ဓေသားလောင်း တရုတ်နိုင်ငံမှာ တွေ့ရှိ

ပေကျင်း၊ ဒီဇင်ဘာ-၁၂-၂၀၂၁ မျိုးဆက်(VOM)   ကြက်လိုမျိုး ဥမှသားပေါက်ဖို့ ပြင်ဆင်နေတဲ့ အကောင်းတိုင်းပုံစံရှိနေသေးတဲ့ ဒိုင်နိုဆောသန္ဓေသားလောင်းကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၂၁ ရက်မှာပြောပါတယ်။   အဲဒီဒိုင်နိုင်ဆောသန္ဓေသားလောင်းကို တရုတ်နိုင်ငံတောင်ပိုင်း ကွန်ကျိုးမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၆၆ သန်း သက်တမ်းရှိနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။   ဒါဟာ သွားမပါတဲ့ ဒိုင်နိုဆောအမျိုးအစား သို့မဟုတ် အိုဗီရပ်တိုရိုဆော လို့ယူဆရပြီး Baby Yingliang လို့ သုတေသီတွေက အမည်ပေးထားပါတယ်။ ဒိုင်နိုဆောဟာ ခေါင်းမှအမြီးထိ ၁၀ ဒသမ ၆လက်မရှည်လျားပြီး ၆ ဒသမ ၇ လက်မရှိဥထဲမှာ တည်ရှိပါတယ်။   အဲဒီကျောက်ဖြစ်ရုပ်ကြွင်ဟာ သမိုင်းတစ်လျှောက်တွေ့ရှိခဲ့သမျှ ဒိုင်နိုဆောသန္ဓေသားလောင်းတွေထဲမှာ အကောင်းဆုံးနဲ့ အပြည့်စုံဆုံးဖြစ်ကြောင်း သုတေသီတွေကပြောပါတယ်။   ယခုရှာဖွေတွေ့ရှိမှုကြောင့် ဒိုင်နိုဆောတွေနဲ့ ခေတ်သစ်ငှက်တွေအကြား ဆက်နွယ်မှုကို သုတေသီတွေပိုမိုသိရှိ…

Read More

မြန်မာ့ပဋိပက္ခ နောက်ဆက်တွဲသက်ရောက်မှု ထိုင်းစစ်တပ် ကြိုတင်ပြင်ဆင်ထား

ဘန်ကောက်၊ ဒီဇင်ဘာ-၂၂-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိုင်းနယ်စပ်ကို ပိုမိုတင်းကြပ်ဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ထိုင်းလုံးခြုံရေးတပ်ဖွဲ့၀င်တွေကို အစိုးရက ညွှန်ကြားထားပါတယ်။   ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကရင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာဒုက္ခသည် လေးထောင်နီးပါးဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြပြီး ထိုင်းတာ၀န်ရှိသူတွေက အမိုးအကာတွေနဲ့ လက်ခံထားခဲ့ရပါတယ်။   မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေအတွက် ထိုင်းစစ်ဘက်က ကြိုတင်ပြင်ဆင်ထားတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kongcheep Tantravanich ကသတင်းထောက်တွေကို ပြောပါတယ်။   ထိုင်းလုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ အထောက်အထားမဲ့ တရားမ၀င်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုလည်း တားဆီးသွားမှာဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့နေရာမှာရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် ထိုင်းစစ်တပ်က ကူညီပေးနေတယ်လို့ သူကဆိုပါတယ်။   Photo:Reuters #voiceofmyanmar #VOM #ဘန်ကောက်

Read More

အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး မြန်မာနိုင်ငံသို့ ယနေ့လာရောက်မယ်

ဒေလီ၊ ဒီဇင်ဘာ-၂၂-၂၀၂၁ မျိုးဆက်(VOM)   အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး Harsh Vardhan Shringla ဟာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်စတင်မယ်လို့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။   ဒါဟာ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံ ထိပ်တန်းတာ၀န်ရှိသူတဦးရဲ့ ပထမဆုံးမြန်မာခရီးစဉ်လည်းဖြစ်ပါတယ်။   မစ္စတာ Shringla ဟာ သူ့ရဲ့နှစ်ရက်ကြာခရီးစဉ်အတွင်း နစက တာ၀န်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ နိုင်ငံခြားရေး၀န်ကြီးဌာရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   ဒါ့အပြင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စတွေ၊ လုံခြုံရေးဆိုင်ရာ၊ အိန္ဒိယ-မြန်မာ နယ်စပ်အရေးနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။   မဏိပူရနဲ့ နာဂါလန်းဒေသတို့မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ စစ်သွေးကြွတွေရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မစ္စတာ Shringla ကမြန်မာအာဏာပိုင်တွေနဲ့ အဓိကဆွေးနွေးသွားဖို့ရှိနေပါတယ်။   မြန်မာနိုင်ငံဟာ…

Read More

တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက် ၈ ခုက ကျူးကျော်တွေဖျက်သိမ်းပေးဖို့ အမိန့်စာထုတ်

ရန်ကုန်၊ဒီဇင်ဘာ ၂၂-၂၀၂၁ KK(VOM)   ရန်ကုန်​မြို့၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက် ၈ ခုက ကျူးကျော်နေအိမ်တွေကို ၇ ရက်အတွင်း အပြီးဖျက်သိမ်းပြောင်းရွှေပေးဖို့ မြို့နယ်စည်ပင်က မနေ့ဒီဇင်ဘာ ၂၁ရက်မှာ စာပေးပို့ခဲ့တယ်လို့ ကျူးကျော်နေသူတွေဆီက သိရပါတယ်။   တောင်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက် ၄၊၅၊၇၊၁၀၊၁၁၊၁၂၊၁၃၊၁၄ အစရှိတဲ့ရပ်ကွက်တွေက ကျူးကျော်နေထိုင်သူအားလုံးကို မနေ့က မြို့နယ်စည်ပင်က စာပေးပို့ခဲ့တာဖြစ်တယ်လို့ ၁၄ ရပ်ကွက်ကျူးကျော်နေသူတဦးကပြောပါတယ်။   “လက်တလော ဘာလုပ်ရမှန်းမသိဘူး၊ စာကလည်းဒီဇင်ဘာ၂၇ နောက်ဆုံးဆိုတော့ တပတ်ပဲအချိန်ရ မှာ အိမ်ရှာရမှာပဲ”လို့ သူကပြောပါတယ်။   မြို့နယ်စည်ပင်က စာမပေးပို့မီ အောက်တိုဘာ ၂၃ ရက်ကလည်း အဆိုပါ ရပ်ကွက် ၈ ခုကကျူးကျော်နေထိုင်သူတွေကို မြို့နယ်ထွေအုပ်ကလည်း စာပေးပို့ခဲ့တာရှိတယ်လို့ ၁၂ ရပ်ကွက်နေသူတဦးက ပြောပါတယ်။   “ရှေ့လက ထွေ/အုပ်က စာပို့ထားသေးတယ် ဖျက်ပေးဖို့ ထပ်မဆောက်ဖို့၊…

Read More

ရွာလုံးကျွတ် တိမ်းရှောင်နေကြရလို့ အရာတော်နယ်မှာ ရာသီပေါ်သီးနှံတွေ အခုထိ ရိတ်သိမ်းနိုင်ခြင်း မရှိသေး

ဒီဇင်ဘာ ၊ ၂၂-၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်နယ်က ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်တာတွေနဲ့ လူနေအိမ်တွေ မီးလောင်ခဲ့တာကြောင့် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို ပုန်းခိုနေရတဲ့အတွက် ရာသီပေါ်စိုက်ခင်းတွေ ရိတ်သိမ်းချိန်တန်ပေမယ့် အခုထိ ရိတ်သိမ်းနိုင်တာမရှိသေးဘူးလို့ ကဲသာရွာခံတွေထံက သိရပါတယ်။   ” စပါးခင်းတွေနဲ့ မြေပဲခင်းတွေဟာ ရိတ်သိမ်းချိန် ရာသီရောက်နေပြီ ၊ အခုထိ ရိတ်သိမ်းနိုင်တာ မရှိသေးဘူး ၊ ရွာကလူတွေ အားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ “လို့ အရာတော်နယ်ခံ တယောက်က ပြောပါတယ်။   ပြီးခဲ့တဲ့ရက်ပိုင်းတွေက အရာတော်နယ်က ရွာတချို့မှာ ပစ်ခတ်တာ ၊ ဖမ်းဆီးတာ နဲ့ လူနေအိမ်တချို့ မီးလောင်တဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီး ရွာခံ တောင်သူတွေဟာ သူတို့စိုက်ပျိုးထားတဲ့…

Read More

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ

ဒီဇင်ဘာ ၂၂-၂၀၂၁ GH ( VOM )   ဖားကန့်မြို့၊ မှော်စီစာ ကျေးရွာအနီး၊ သာယာကျေးရွာက ကုမ္ပဏီလုပ်ကွက်‌တခုမှာ မြေစာပုံပြိုကျလို့ လူပေါင်း ၁၀၀ ကျော်လောက် ပျောက်ဆုံးမှု ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပရဟိတအသင်းတခုဆီက သိရပါတယ်။   ပျောက်ဆုံးတဲ့ လူပေါင်း ၁၀၀ ထဲမှာ ရေမဆေးကျောက်ရှာဖွေသူတွေ ၊ စျေးရောင်းချသူတွေ ပါဝင်ကြောင်း ကနဦးသတင်းအချက်အလက်တွေအရ သိရပါတယ်။   ” ဟုတ်တယ် အခုသွားမလို့ ၊မြေစာပုံပြိုကျတာ ကနဦးသိရှိချက်အရ လူ ၁၀၀ ကျော်လောက်လို့သိရတယ်။အခုသွားဖို့လူစုနေတာပါ ၊”လို့ ကယ်ဆယ်ရေးသွားမယ့် သုခဒါယီအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။   လက်ရှိမှာ မြေစာပုံပြိုကျရာကိုရောက်ရှိနေတဲ့ ပရဟိတအဖွဲ့တွေနဲ့တာဝန်ရှိသူတွေက ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေကြတယ်လို့သိရပါတယ်။   ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့်ခွင့်ပိတ်ထားပေမယ့် ဒေသခံတွေအနေနဲ့က ကျောက်စိမ်းရှာဖွေတဲ့အလုပ်ကိုသာ အဓိကလုပ်ကိုင်ရတာကြောင့် ရေမဆေးကျောက်ရှာဖွေနေကြရတာဖြစ်တယ်လို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW