ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီးဟောင်းကို ထောင်ဒဏ် ၃၈နှစ်ချမှတ်

ရန်ကုန်၊ဒီဇင်ဘာ ၃၀၊၂၀၂၁ KK(VOM)   NLD အစိုးရလက်ထက်က ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့သူ ဦးစိုးညွန့်လွင်ကိုဒီကနေ့ ဒီဇင်ဘာ ၃၀ရက် နေ့လယ်ပိုင်းက ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခဲ့တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။   ဦးစိုးညွန့်လွင်ကို တောင်ကြီးခရိုင်တရားရုံးက နိူင်ငံတော်ပုန်ကန်မှုအပါအဝင် အမှုငါးမှုအတွက်ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခဲ့တာဖြစ်တယ် လို့ NLDပါတီဝင်တဦးက ပြောပါတယ်။   “ဝန်ကြီးကို ထောင်ဒဏ် ၃၈ နှစ် လွိုင်လင်NLD ပါတီဥက္ကဋ္ဌကို ထောင်ဒဏ် ၁၉နှစ်ချတာ အလုပ်ကြမ်းပါတယ် ငွေဒဏ်တွေရော”လို့ ပြောပါတယ်။   တောင်ကြီးခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)အတွက် ထောင်ဒဏ် နှစ် ၂၀၊ ပုဒ်မ ၁၂၄(က)အတွက် ထောင်ဒဏ် ၇နှစ်နဲ့ ဒဏ်ငွေတသိန်း၊ ပုဒ်မ ၁၂၄(ဃ)အတွက် ထောင်ဒဏ် ၇နှစ်နဲ့ ဒဏ်ငွေတသိန်း၊ ၅၀၅ ပုဒ်မအမှုနှစ်မှုအတွက်…

Read More

သရုပ်ဆောင်ပြေတီဦး၊အိန္ဒြာကျော်ဇင်နဲ့ အဆိုတော် ပိုပို၊ စောဖိုးခွားတို့ကို ထောင်ဒဏ်အသီးသီးချမှတ်

ဒီဇင်ဘာ ၃၀၊၂၀၂၁ KK(VOM)   ရုပ်ရှင်သရုပ်ဆောင်ပြေတီဦး၊အိန္ဒြာကျော်ဇင်နဲ့အဆိုတော် စောဖိုးခွား၊ပိုပို တို့ကို ဒီကနေ့ နေ့လယ်ပိုင်း အင်းစိန်အထူးတရားရုံးကနေ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။   ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကို ဒီကနေ့ နေ့လယ်ပိုင်း အင်းစိန်အကျဥ်းထောင်ကနေ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တယ်လို့ တရားလွတ်တော်ရှေ့နေတဦးကပြောပါတယ်။   အဆိုတော်စောဖိုးခွားနဲ့ပိုပိုတို့ကိုလည်း ပုဒ်မ ၅၀၅ (က)နဲ့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထောင်ဒဏ်သုံး နှစ်ချမှတ်ခဲ့တယ်လို့ သူကပြောပါတယ်။   ဗြူးတီးဘလော့ဂါ ၀င်းမင်းသန်း ကိုလည်း ပုဒ်မ ၅၀ ၅ (က)၊မတရားအသင်းအက်ဥပဒေ ၁၇(၁)နဲ့ အမှုနှစ်ခုလုံးအတွက် ဒီကနေ့ အင်းစိန်အကျဥ်းထောင်မှာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တယ်လို့ ရှေ့နေတဦးကပြောပါတယ်။   ဒီကနေ့မနက်ပိုင်းကလည်း ရုပ်ရှင်သရုပ်ဆောင်လူမင်းနဲ့ရဲတိုက်ကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှာပဲ့ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ်စီချမှတ်ခဲ့ပါသေးတယ်။   ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း…

Read More

NLDအစိုးရလက်ထက်က မကွေးတိုင်းဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကို ထောင်ဒဏ်အသီးသီးချမှတ်

ဒီဇင်ဘာ ၃၀၊၂၀၂၁ KK(VOM)   NLDအစိုးရလက်ထက်က ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကို ဒီကနေ့ မနက်ပိုင်းက မကွေးအကျဥ်းထောင်ကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ်တွေကိုချမှတ်လိုက်တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။   မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို ဒီကနေ့ မနက်ပိုင်းက မကွေးအကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ထောင်ဒဏ်၁၈နှစ်ချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတဦးက ပြောပါတယ်။   “အဂတိပုဒ်မ ၅၅နဲ့ ၆ မှုအတွက် ၁၈နှစ်ချတာပါ၊ အသက်ကြီးပြီဗျာ အရင်က ပုဒ်မ ၅၀၅နဲ့လည်း ၂နှစ်ချထားတယ် အားလုံးပေါင်းရင် အနှစ်၂၀ ရှိပြီ”လို့ သူကပြောပါတယ်။   ဒေါက်တာအောင်မိုးညိုကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်ကလည်း ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါသေးတယ်။   တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာကို အဂတိပုဒ်မ ၅၅ နှစ်မှုအတွက် တစ်မှုကိုထောင်ဒဏ် ၃နှစ်နဲ့ ၂ အမှုအတွက် ထောင်ဒဏ် ၆ချမှတ်ခဲ့ပါတယ်။  …

Read More

သံလွင်သွေးချင်းသတင်းမီဒီယာ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံကို ထောင်ဒါဏ် (၂) ချမှတ်

ဒီဇင်ဘာ ၃၀-၂၀၂၁ Voice Of Myanmar   တောင်ကြီးအခြေစိုက် သံလွင်သွေးချင်းမီဒီယာရဲ့ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံကို ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) တရားရုံးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒါဏ် (၂) နှစ် ချမှတ်လိုက်ပါတယ်။   ဒေါ်မြဝန်းရံနှင့်တကွ အမျိုးသမီးသတင်းထောက်များဖြစ်ကြတဲ့ မနေနန်းနွယ်နှင့် ယသော်တို့ကို ဂျူလိုင်လ ၂၀ ရက်နေ့က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဂျူလိုင်လ ၂၇ ရက်နေ့မှာ မနေနန်းနွယ်နှင့် ယသော်တို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဒေါ်မြဝန်းရံကိုတော့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုထားခဲ့ပါတယ်။   ဒါ့အပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ရှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူကိုတင်အောင်ကျော်နှင့် မိသားစုဝင်…

Read More

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်သုံးဦးနဲ့ကျောင်းသားခေါင်းဆောင်နှစ်ဦးကို ထောင်ဒဏ်အသီးသီးချမှတ်

ဒီဇင်ဘာ ၃၀၊၂၀၂၁ KK(VOM)   NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်နှစ်ဦးနဲ့ ကျောင်းသားခေါင်းဆောင်နှစ်ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။   NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်နှစ်ဦးဖြစ်တဲ့ ဦး ဟံသာမြင့်နဲ့ဒေါက်တာမျိုးညွန့်ကို ဒီကနေ့နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်အတွင်းရှိ အထူးတ ရားရုံးကနေ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ်၂နှစ်စီချမှ တ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦး က ပြောပါတယ်။   သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၇ ရက်နဲ့၁၃ ရက်ကထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်နှစ်စောင်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅ (ခ)နဲ့တရားစွဲဆိုခံရတာဖြစ််တယ်လို့ NLD ပါတီဝင်တွေဆီက သိရပါတယ်။   NLDပါတီရဲ့ ၂၀၂၀ ဗဟိုအောင်နိူင်ရေးအဖွဲ့ရဲ့ဘဏ္ဍာရေးမှူးတဦးဖြစ်တဲ့ ဦးသိန်းဦးကိုလည်း ဒီကနေ့မနက်ပိုင်းမှာပဲ အင်းစိန်အကျဥ်းထောင် အထူးတရားရုံးမှာ ပုဒ်မ၅၀၅(ခ)နဲ့ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါသေးတယ်။   ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ဗကသ)ရဲ့ အလုပ်အမှုဆောင် ဗဟိုကော်မတီဝင်ဟောင်း ကိုမင်းသွေးသစ်ကိုလည်း ဒီကနေ့မနက်ပိုင်းက…

Read More

သရုပ်ဆောင် လူမင်း နဲ့ ရဲတိုက်ကို ထောင်ဒဏ်၃နှစ်စီချမှတ်

ဒီဇင်ဘာ ၃၀-၂၀၂၁ KK(VOM)   ရုပ်ရှင်သရုပ်ဆောင် လူမင်း နဲ့ ရဲတိုက်ကို ဒီကနေ့မနက်ပိုင်း အင်းစိန်အကျဥ်းထောင်ရှိ အထူးတရာရုံးကနေ နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၃)နှစ်စီချမှတ်လိုက်တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။   တရားလွှတ်တော်ရှေနေတဦးက”ပုဒ်မ ၅၀၅(က)နဲ့ သုံးနှစ်ချတာ များတယ်၊ အမြင့်ဆုံးပြစ်ဒဏ်ပုံစံဖြစ်နေတယ်၊ အလုပ်ကြမ်းပါထည့်ထားတာ”လို့ ပြောပါတယ်။   ရုပ်ရှင်သရုပ်ဆောင်လူမင်းကို စစ်တပ်က မတ်လမှာ ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။   အလားတူ ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ကိုလည်း စစ်တပ်က ဧပြီလမှာဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။   ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှာပဲ သရုပ်ဆောင်ပိုင်တံခွန်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပါသေးတယ်။   #voiceofmyanmar #VOM #လူမင်း #ရဲတိုက် #ထောင်သုံးနှစ်ချ

Read More

မြန်မာနယ်စပ်က လက်နက်ကိုင်ပဋိပက္ခ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ထိုင်းနိုင်ငံတိုက်တွန်း

ဘန်ကောက်၊ ဒီဇင်ဘာ-၃၀-၂၀၂၁ မျိုးဆက်(VOM)   နယ်စပ်မှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ ပါ၀င်ပတ်သက်နေတဲ့အဖွဲ့ အစည်းတွေအားလုံးကို ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။   ထိုင်း-မြန်မာနယ်စပ်မှာဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေဟာ နိုင်ငံကိုအကျိုးမရှိဖြစ်စေပြီး နေထိုင်သူတွေကိုလည်း ဘေးအန္တရာယ်ဖြစ်စေတယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tanee Sangrat ကပြောပါတယ်။   ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးမှုဖြင့် အခြေအနေတွေကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းဖို့ ပဋိပက္ခမှာပါ၀င်နေတဲ့ အဖွဲ့အစည်းတွေအားလုံးကို တိုက်တွန်းတယ်လို့သူကဆိုပါတယ်။   ထိုင်းအာဏာပိုင်တွေအနေနဲ့က မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာတွေ ထောက်ပံ့ပေးဖို့ တာ့ခ်ခရိုင်က ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။   မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ကူညီရာမှာ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထိုင်းနိုင်ငံက ထောက်ခံတယ်လို့ Tanee Sangrat ကပြောပါတယ်။   နယ်စပ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်စဉ်တွေမှာ ထိုင်းစစ်တပ်က ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ ပူးပေါင်းဆောင်ရွက်တာမရှိကြောင်းနဲ့ ဒါဟာမြန်မာ့အရေးသာဖြစ်တယ်လို့ ထိုင်းတာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။…

Read More

အိုမီခရွန်နဲ့ ဒယ်လ်တာတို့ကြောင့် ကိုဗစ် ဆူနာမီ ဖြစ်လာနိုင်တယ်လို့ WHO သတိပေး

ဂျီနီဗာ၊ ဒီဇင်ဘာ-၃၀-၂၀၂၁ မျိုးဆက်(VOM)   ကမ္ဘာတစ်၀န်းမှာ အိုမီခရွန်နဲ့ ဒယ်လ်တာ ဗိုင်းရပ်စ်တို့ကြောင့် ကိုဗစ်-၁၉ ဆူနာမီ ဖြစ်ပေါ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ဒီဇင်ဘာ ၂၉ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။   အမေရိကန်နဲ့ ဥရောပတစ်၀န်းရှိ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုသစ်တွေ စံချိန်တင်ဖြစ်ပွားနေချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က ယခုကဲ့သို့ သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။   ဥရောပရဲ့ ကူးစက်မှုအများဆုံး ပြင်သစ်နိုင်ငံမှာတော့ နေ့စဉ်ကူးစက်မှုအမြင့်ဆုံး ဒုတိယမြောက်နေ့အဖြစ် ကူးစက်မှု ၂၀၈၀၀၀ ဦးထိ စံချိန်တင်ခဲ့ပါတယ်။   ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ အဆိုအရ အမေရိကန်မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက နေ့စဉ်ကူးစက်မှုနှုန်းမှာ ပျမ်းမျှအားဖြင့် ၂၆၅၄၂၇ ထိစံချိန်တင်ခဲ့ပါတယ်။   ဒိန်းမတ်၊ ပေါ်တူဂီ၊ ဗြိတိန်နဲ့ သြစတြေးလျတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင်နေပါတယ်။ ပိုလန်မှာတော့ ဒီဇင်ဘာ ၂၉ ရက်က ဗိုင်းရပ်စ်ကြောင့် ၇၉၄ ဦးသေဆုံးခဲ့ပြီး…

Read More

မူဆယ်မှာ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်လို့လူ ၃ ဦးသေဆုံးကာ ၊ ၇ ဦး အဖမ်းခံရ

ဒီဇင်ဘာ ၊ ၃၀ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ပေါ်မှာ ဒီဇင်ဘာ၂၉ ရက် ၊ မနေ့က ည ၉ နာရီဝန်းကျင်က သေနတ်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီး သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေရှိခဲ့တယ်လို့ မူဆယ်မြို့ခံတွေဆီက သိရပါတယ်။   ” ပထမ ဖြစ်ပေါ်တာက မင်္ဂလာ မူဆယ် ၊ ပရိုက်တစ်ကွင်း အပေါ်က ရှင်းဂန့်ဘားမှာ ပစ်ခတ်တယ် ၊ ပစ်ခတ်တဲ့အဖွဲ့ထဲက လူ ၇ ယောက်ဝန်းကျင် အဖမ်းခံရတယ် ၊ ဒုတိယက 97 ဆပ်ပြာမှုန့် စက်ရုံဝန်းကျင်နားမှာပါ ၊ တတိယကတော့ ပန်ခမ်းတံတားဘက်မှာ ပစ်ခတ်ကြတာပါ ” လို့ မူဆယ်မြို့ခံ တစ်ယောက်ကပြောပါတယ်။   အဲ့ဒီ ပစ်ခတ်မှုမှာ နယ်ခံ ပြည်သူ့စစ်တွေဖြစ်ကြတဲ့ ပန်ဆေး အဖွဲ့နဲ့…

Read More

ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဝေယံဖြိုးမိုး ကို ထောင်ဒဏ် ၂နှစ်ချမှတ်

ဒီဇင်ဘာ ၂၉-၂၀၂၁ KK(VOM)   ဗမာနိူင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်ရဲ့ဒု-ဥက္ကဌ ဝေယံဖြိုးမိုးကို ဒီကနေ့ နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉နဲ့ ပုဒ်မ ၅၀၅(ခ) အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ်၂နှစ် ၁လချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။   တရားလွှတ်တော်ရှေ့နေတဦးက” ငြိမ်းစုစီ ၁၉ အတွက် တလချတယ် ၅၀၅ (ခ)အတွက် ၂ နှစ်ချတယ်၊အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချတာ ၂ နှစ်နဲ့ ၁လက ချုပ်ရက်ကို ခံစားခွင့်မပေးဘူး”လို့ ရှင်းပြပါတယ်။   ကိုဝေယံဖြိုးမိုးကို မြို့နယ်သုံးခုက တရားစွဲဆိုထားတာဖြစ်ပြီး ကျောက်တံတားမြို့နယ်မှာ အမိန့်ချပြီးပါက မရမ်းကုန်းနဲ့ ကမာရွတ်မြို့နယ်က တရားစွဲဆိုထားတဲ့ ၅၀၅(က)အမှုနှစ်ခုအတွက် ထပ်မံရင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။   ဒါ့အပြင် အင်းစိန်အကျဥ်းထောင်အတွင်း ဒီဇင်ဘာ ၁၀ ရက်က Silent Strike မှာ သပိတ်မှောက်ဆန္ဒပြခဲ့လို့ အကျဥ်းထောင်အတွင်းရိုက်နှက်ခံရကာ တိုက်ပိတ်ခံသူတဦးလည်းဖြစ်ပါတယ်။   မတ်လ ၃…

Read More
VOM News

FREE
VIEW