မြန်မာနယ်စပ်က လက်နက်ကိုင်ပဋိပက္ခ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ထိုင်းနိုင်ငံတိုက်တွန်း

ဘန်ကောက်၊ ဒီဇင်ဘာ-၃၀-၂၀၂၁
မျိုးဆက်(VOM)
 
နယ်စပ်မှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ ပါ၀င်ပတ်သက်နေတဲ့အဖွဲ့ အစည်းတွေအားလုံးကို ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။
 
ထိုင်း-မြန်မာနယ်စပ်မှာဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေဟာ နိုင်ငံကိုအကျိုးမရှိဖြစ်စေပြီး နေထိုင်သူတွေကိုလည်း ဘေးအန္တရာယ်ဖြစ်စေတယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tanee Sangrat ကပြောပါတယ်။
 
ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးမှုဖြင့် အခြေအနေတွေကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းဖို့ ပဋိပက္ခမှာပါ၀င်နေတဲ့ အဖွဲ့အစည်းတွေအားလုံးကို တိုက်တွန်းတယ်လို့သူကဆိုပါတယ်။
 
ထိုင်းအာဏာပိုင်တွေအနေနဲ့က မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာတွေ ထောက်ပံ့ပေးဖို့ တာ့ခ်ခရိုင်က ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
 
မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ကူညီရာမှာ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထိုင်းနိုင်ငံက ထောက်ခံတယ်လို့ Tanee Sangrat ကပြောပါတယ်။
 
နယ်စပ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်စဉ်တွေမှာ ထိုင်းစစ်တပ်က ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ ပူးပေါင်းဆောင်ရွက်တာမရှိကြောင်းနဲ့ ဒါဟာမြန်မာ့အရေးသာဖြစ်တယ်လို့ ထိုင်းတာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
 
ဒါပေမယ့်လည်း တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲကို လက်နက်ကြီးတွေမကျရောက်ဖို့အတွက် လက်နက်အသုံးပြုတာနဲ့ပတ်သက်ပြီး မြန်မာဘက်ကို သတိပေးထားတယ်လို့ ထိုင်းတာ၀န်ရှိသူတွေက ပြောပါတယ်။
 
Photo: TMFA
#voiceofmyanmar #vom #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW