NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်သုံးဦးနဲ့ကျောင်းသားခေါင်းဆောင်နှစ်ဦးကို ထောင်ဒဏ်အသီးသီးချမှတ်

ဒီဇင်ဘာ ၃၀၊၂၀၂၁
KK(VOM)
 
NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်နှစ်ဦးနဲ့ ကျောင်းသားခေါင်းဆောင်နှစ်ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။
 
NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်နှစ်ဦးဖြစ်တဲ့ ဦး
ဟံသာမြင့်နဲ့ဒေါက်တာမျိုးညွန့်ကို ဒီကနေ့နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်အတွင်းရှိ အထူးတ
ရားရုံးကနေ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ်၂နှစ်စီချမှ
တ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦး
က ပြောပါတယ်။
 
သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၇ ရက်နဲ့၁၃ ရက်ကထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်နှစ်စောင်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅ (ခ)နဲ့တရားစွဲဆိုခံရတာဖြစ််တယ်လို့ NLD ပါတီဝင်တွေဆီက သိရပါတယ်။
 
NLDပါတီရဲ့ ၂၀၂၀ ဗဟိုအောင်နိူင်ရေးအဖွဲ့ရဲ့ဘဏ္ဍာရေးမှူးတဦးဖြစ်တဲ့ ဦးသိန်းဦးကိုလည်း ဒီကနေ့မနက်ပိုင်းမှာပဲ အင်းစိန်အကျဥ်းထောင် အထူးတရားရုံးမှာ ပုဒ်မ၅၀၅(ခ)နဲ့ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါသေးတယ်။
 
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ဗကသ)ရဲ့ အလုပ်အမှုဆောင် ဗဟိုကော်မတီဝင်ဟောင်း ကိုမင်းသွေးသစ်ကိုလည်း ဒီကနေ့မနက်ပိုင်းက အင်းစိန်အကျဥ်းထောင်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၅) နဲ့ထောင်ဒဏ်(၁)နှစ် အမိန့်ချမှတ်ခဲ့ပါသေးတယ်။
 
၁၉၉၆-၁၉၉၇ ကျောင်းသားဟောင်းဖြစ်တဲ့ ကိုအေးအောင်ကိုလည်း အင်းစိန်ထောင် အထူးတရားရုံးကနေ ဒီကနေ့မှာ ပုဒ်မ ၅၀၅(က)နဲ့အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း NLDပါတီဝင်တွေနဲ့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ရုပ်ရှင်သရုပ်ဆောင်တွေကို ထောင်ဒဏ်အသီးသီးအမိန့်ချမှတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #vom #NLD #ကျောင်းသားခေါင်းဆောင် #ထောင်ဒဏ်ချမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW