ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီးဟောင်းကို ထောင်ဒဏ် ၃၈နှစ်ချမှတ်

ရန်ကုန်၊ဒီဇင်ဘာ ၃၀၊၂၀၂၁
KK(VOM)
 
NLD အစိုးရလက်ထက်က ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့သူ ဦးစိုးညွန့်လွင်ကိုဒီကနေ့ ဒီဇင်ဘာ ၃၀ရက် နေ့လယ်ပိုင်းက ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခဲ့တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။
 
ဦးစိုးညွန့်လွင်ကို တောင်ကြီးခရိုင်တရားရုံးက နိူင်ငံတော်ပုန်ကန်မှုအပါအဝင် အမှုငါးမှုအတွက်ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခဲ့တာဖြစ်တယ် လို့ NLDပါတီဝင်တဦးက ပြောပါတယ်။
 
“ဝန်ကြီးကို ထောင်ဒဏ် ၃၈ နှစ် လွိုင်လင်NLD ပါတီဥက္ကဋ္ဌကို ထောင်ဒဏ် ၁၉နှစ်ချတာ အလုပ်ကြမ်းပါတယ် ငွေဒဏ်တွေရော”လို့ ပြောပါတယ်။
 
တောင်ကြီးခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)အတွက် ထောင်ဒဏ် နှစ် ၂၀၊ ပုဒ်မ ၁၂၄(က)အတွက် ထောင်ဒဏ် ၇နှစ်နဲ့ ဒဏ်ငွေတသိန်း၊ ပုဒ်မ ၁၂၄(ဃ)အတွက် ထောင်ဒဏ် ၇နှစ်နဲ့ ဒဏ်ငွေတသိန်း၊ ၅၀၅ ပုဒ်မအမှုနှစ်မှုအတွက် ၄နှစ် စုစုပေါင်း ၃၈နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
ဦးစိုးညွန့်လွင်မှာ ထောင်ဒဏ် ၃၈ နှစ်အမိန့်ချခံရပြီးပေမယ့်လည်း ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နဲ့အမှုတွဲထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မ ၅၅ ကိုလည်း ထပ်မံတရားရင်ဆိုင်ရမှာဖြစ်တယ်လို့ NLD ပါတီဝင်တွေဆီက သိရပါတယ်။
 
အလားတူပင် ဒီကနေ့ မနက်ပိုင်းကလည်း လွိုင်လင်မြို့နယ် NLD ပါတီဥက္ကဌဦးရဲလှိုင်ကိုလည်း တောင်ကြီးမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ ၊ပုဒ်မ ၁၂၄(ဃ)ပုဒ်မ ၁၂၃ တို့အတွက် ထောင်ဒဏ် ၁၉နှစ်နဲ့ငွေဒဏ်တသိန်းကို ချမှတ်ခဲ့ပါသေးတယ်။
 
ဒီကနေ့မှာပဲ မကွေးတိုင်းမှာလည်း ဝန်ကြီးချုပ်နဲ့ဝန်ကြီးသုံးဦးကို ထောင်ဒဏ်တွေအမိန့်ချခဲ့သလို ကချင်ပြည်နယ်မှာလည်း ဝန်ကြီးတွေကို အမိန့်ချခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရှမ်းပြည်နယ်စီမံဝန်ကြီး #ဦးစိုးညွန့်လွင်

Related posts

Leave a Comment

VOM News

FREE
VIEW