သရုပ်ဆောင် လူမင်း နဲ့ ရဲတိုက်ကို ထောင်ဒဏ်၃နှစ်စီချမှတ်

ဒီဇင်ဘာ ၃၀-၂၀၂၁
KK(VOM)
 
ရုပ်ရှင်သရုပ်ဆောင် လူမင်း နဲ့ ရဲတိုက်ကို ဒီကနေ့မနက်ပိုင်း အင်းစိန်အကျဥ်းထောင်ရှိ အထူးတရာရုံးကနေ နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၃)နှစ်စီချမှတ်လိုက်တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။
 
တရားလွှတ်တော်ရှေနေတဦးက”ပုဒ်မ ၅၀၅(က)နဲ့ သုံးနှစ်ချတာ များတယ်၊ အမြင့်ဆုံးပြစ်ဒဏ်ပုံစံဖြစ်နေတယ်၊ အလုပ်ကြမ်းပါထည့်ထားတာ”လို့ ပြောပါတယ်။
 
ရုပ်ရှင်သရုပ်ဆောင်လူမင်းကို စစ်တပ်က မတ်လမှာ ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
 
အလားတူ ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ကိုလည်း စစ်တပ်က ဧပြီလမှာဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှာပဲ သရုပ်ဆောင်ပိုင်တံခွန်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #လူမင်း #ရဲတိုက#ထောင်သုံးနှစ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW