ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဝေယံဖြိုးမိုး ကို ထောင်ဒဏ် ၂နှစ်ချမှတ်

ဒီဇင်ဘာ ၂၉-၂၀၂၁
KK(VOM)
 
ဗမာနိူင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်ရဲ့ဒု-ဥက္ကဌ ဝေယံဖြိုးမိုးကို ဒီကနေ့ နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉နဲ့ ပုဒ်မ ၅၀၅(ခ) အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ်၂နှစ် ၁လချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။
 
တရားလွှတ်တော်ရှေ့နေတဦးက” ငြိမ်းစုစီ ၁၉ အတွက် တလချတယ် ၅၀၅ (ခ)အတွက် ၂ နှစ်ချတယ်၊အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချတာ ၂ နှစ်နဲ့ ၁လက ချုပ်ရက်ကို ခံစားခွင့်မပေးဘူး”လို့ ရှင်းပြပါတယ်။
 
ကိုဝေယံဖြိုးမိုးကို မြို့နယ်သုံးခုက တရားစွဲဆိုထားတာဖြစ်ပြီး ကျောက်တံတားမြို့နယ်မှာ အမိန့်ချပြီးပါက မရမ်းကုန်းနဲ့ ကမာရွတ်မြို့နယ်က တရားစွဲဆိုထားတဲ့ ၅၀၅(က)အမှုနှစ်ခုအတွက် ထပ်မံရင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။
 
ဒါ့အပြင် အင်းစိန်အကျဥ်းထောင်အတွင်း ဒီဇင်ဘာ ၁၀ ရက်က Silent Strike မှာ သပိတ်မှောက်ဆန္ဒပြခဲ့လို့ အကျဥ်းထောင်အတွင်းရိုက်နှက်ခံရကာ တိုက်ပိတ်ခံသူတဦးလည်းဖြစ်ပါတယ်။
 
မတ်လ ၃ ရက်နေ့က ဗကသများအဖွဲ့ချုပ်ဒုဥက္ကဌဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားများ၊ နိူင်ငံရေးတက်ကြွလှုပ်ရှားသူများကို ရန်ကုန်က သပိတ်စစ်ကြောင်းတစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
 
အခုရက်ပိုင်းအတွင်း ရွှေညဝါဆရာတော်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊သရုပ်ဆောင်ပိုင်တံခွန် တို့ကိုလည်း ပုဒ်မ ၅၀၅(က)၊(ခ)တို့နဲ့ ထောင်ဒဏ်အသီးသီး အမိန့်ချမှတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ဗကသအဖွဲ့ချုပ် #ဒုဥက္ကဌဝေယံဖြိုးမိုး #ထောင်ဒဏ်နှစ်နှစ်ချမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW