ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဝေယံဖြိုးမိုး ကို ထောင်ဒဏ် ၂နှစ်ချမှတ်

ဒီဇင်ဘာ ၂၉-၂၀၂၁ KK(VOM)   ဗမာနိူင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်ရဲ့ဒု-ဥက္ကဌ ဝေယံဖြိုးမိုးကို ဒီကနေ့ နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉နဲ့ ပုဒ်မ ၅၀၅(ခ) အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ်၂နှစ် ၁လချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။   တရားလွှတ်တော်ရှေ့နေတဦးက” ငြိမ်းစုစီ ၁၉ အတွက် တလချတယ် ၅၀၅ (ခ)အတွက် ၂ နှစ်ချတယ်၊အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချတာ ၂ နှစ်နဲ့ ၁လက ချုပ်ရက်ကို ခံစားခွင့်မပေးဘူး”လို့ ရှင်းပြပါတယ်။   ကိုဝေယံဖြိုးမိုးကို မြို့နယ်သုံးခုက တရားစွဲဆိုထားတာဖြစ်ပြီး ကျောက်တံတားမြို့နယ်မှာ အမိန့်ချပြီးပါက မရမ်းကုန်းနဲ့ ကမာရွတ်မြို့နယ်က တရားစွဲဆိုထားတဲ့ ၅၀၅(က)အမှုနှစ်ခုအတွက် ထပ်မံရင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။   ဒါ့အပြင် အင်းစိန်အကျဥ်းထောင်အတွင်း ဒီဇင်ဘာ ၁၀ ရက်က Silent Strike မှာ သပိတ်မှောက်ဆန္ဒပြခဲ့လို့ အကျဥ်းထောင်အတွင်းရိုက်နှက်ခံရကာ တိုက်ပိတ်ခံသူတဦးလည်းဖြစ်ပါတယ်။   မတ်လ ၃…

Read More

အိန္ဒိယမှာ လူမျက်နှာနဲ့ဆိတ်သားပေါက်တကောင် ထူးဆန်းစွာ မွေးဖွား

ဒေလီ၊ ဒီဇင်ဘာ-၂၉-၂၀၂၁ မျိုးဆက်(VOM)   အိန္ဒိယနိုင်ငံ ကျေးလက်ဒေသ ရွာတရွာက လယ်သမားတဦးပိုင်ဆိုင်တဲ့ ဆိတ်မတကောင်ဟာ လူမျက်နှာနဲ့ဆင်တူတဲ့ ထူးထူးခြားခြား ဆိတ်သားပေါက်တကောင်မွေးဖွာခဲ့ပါတယ်။   ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ဂန်ဂါပါရွာမှာဖြစ်ပြီး အဲဒီဆိတ်သားပေါက်ကို ကြည့်ရှုဖို့ ရွာသားတွေ တန်းစီစောင့်ဆိုင်းခဲ့ရပါတယ်။   လူမျက်နှာနဲ့ဆင်တူတဲ့ အဲဒီဆိတ်သားပေါက်ဟာ မွေးဖွားချိန်မှာ အသက်ရှင်လျှက်ဖြစ်ပေမယ့် များမကြာမီ သေဆုံးသွားတယ်လို့ ဆိတ်ပိုင်ရှင်ဖြစ်သူ အသက် ၄၆ နှစ်အရွယ် ရှန်ကာဒက်ကပြောပါတယ်။   ဆိတ်သားပေါက်ရဲ့ မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တို့ဟာ လူမျက်နှာနဲ့ဆင်တူပြီး ရှေ့လက်နှစ်ချောင်းသာ ပါ၀င်ပါတယ်။ သူ့မှာ အမြီးလဲပါ၀င်ခြင်းမရှိဘဲ နားရွက်ကတော့ ပုံစံပျက်နေကာ အမွှေးမပါဘဲ မွေးဖွားလာတာဖြစ်ပါတယ်။   အိန္ဒိယနိုင်ငံမှာတော့ လူ သို့မဟုတ် တိရိစ္တာန်တွေ ပုံစံပျက်မွေးဖွားတာဟာ မကောင်းတဲ့အတိတ်နိမိတ် သို့မဟုတ် ကံဆိုးစေတတ်တယ်လို့ ယုံကြည်ကြပါတယ်။   Ref: Mirror Photo:…

Read More

အမေရိကန်နဲ့ ပြင်သစ်မှာ ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်နေ

၀ါရှင်တန်၊ ဒီဇင်ဘာ-၂၉-၂၀၂၁ မျိုးဆက်(VOM)   ကမ္ဘာတ၀န်းမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနေချိန်မှာ အမေရိကန်နဲ့ ပြင်သစ်တို့မှာ ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်နေပါတယ်။   အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတွင်းမှာ ဒီဇင်ဘာ ၂၇ ရက်က ကူးစက်မှု လေးသိန်းလေးသောင်းကျော်ထိ ရှိခဲ့တယ်လို့ဆိုပါတယ်။   ဒါပေမယ့်လည်း ခရစ်စမတ်ကာလအတွင်း ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ အစီရင်ခံမှုတွေနှောင့်နှေးတာကြောင့် အခုလိုကိန်းဂဏန်းအရေအတွက် များစွာခန့်မှန်းမိနိုင်တယ်လို့လည်း တာ၀န်ရှိသူတွေကပြောပါတယ်။   ပြင်သစ်နိုင်ငံမှာလည်း ကူးစက်မှုမြင့်တက်နေပြီး ဥရောပဒေသမှာ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်မှာ ၁၇၉၈၀၇ ဦးထိရှိခဲ့တယ်လို့ ပြင်သစ်ကျန်းမာရေး၀န်ကြီးကပြောပါတယ်။   ဒါ့အပြင် အီတလီ၊ ဂရိ၊ ပေါ်တူဂီနဲ့ အင်္ဂလန်တို့မှာလည်း ကူးစက်မှုအမြင့်ဆုံးအခြေအနေမှာရှိနေပါတယ်။   အိုမီခရွန်ဗိုင်းရပ်စ်ဟာ ဒယ်လ်တာဗိုင်းရပ်စ်ထက် ပိုမိုပျော့ပြောင်းပြီး ကူးစက်ခံရသူတွေ ဆေးရုံတက်ရမှုမှာ ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ နည်းပါးပါတယ်။…

Read More

မြန်မာ – အိန္ဒိယ နယ်စပ်မှာ အိုမီခရွန် သံသယ လူနာတွေ စတွေ့ရလို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ တိတ်ဆိတ်နေ

ဒီဇင်ဘာ ၊ ၂၉ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ဒေသဖြစ်တဲ့ မဏိပူရ်ပြည်နယ် ၊ အင်ဖား (Inphal) မြို့မှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ အိုမီခရွန်လို့ သံသယ လူနာတွေ တွေ့ထားရတာကြောင့် ပြန်လည်ဖွင့်လှစ်ဖို့ အရှိန်ယူနေတဲ့ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း ကိစ္စဟာလည်း ဒီရက်ပိုင်းမှာ တိတ်ဆိတ်သွားတယ်လို့ မိုးရေးမြို့ အခြေစိုက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   ” အိန္ဒိယပြည်တော်ပြန် လူ ၁ ယောက်နဲ့ သူ့မိသားစုဝင် ၃ ယောက်ကို အိုမီခရွန် ကိုဗစ်ရောဂါ သံသယလူနာအဖြစ် အင်ဖားလ် ဆေးရုံမှာ စောင့်ကြပ်ကုသနေတယ် ၊ အခုလ ၂၇ ရက် နေ့ခင်းပိုင်းကစလို့ ချန်ဒဲလ်…

Read More
VOM News

FREE
VIEW