သံလွင်သွေးချင်းသတင်းမီဒီယာ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံကို ထောင်ဒါဏ် (၂) ချမှတ်

ဒီဇင်ဘာ ၃၀-၂၀၂၁
Voice Of Myanmar
 
တောင်ကြီးအခြေစိုက် သံလွင်သွေးချင်းမီဒီယာရဲ့ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံကို ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) တရားရုံးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒါဏ် (၂) နှစ် ချမှတ်လိုက်ပါတယ်။
 
ဒေါ်မြဝန်းရံနှင့်တကွ အမျိုးသမီးသတင်းထောက်များဖြစ်ကြတဲ့ မနေနန်းနွယ်နှင့် ယသော်တို့ကို ဂျူလိုင်လ ၂၀ ရက်နေ့က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဂျူလိုင်လ ၂၇ ရက်နေ့မှာ မနေနန်းနွယ်နှင့် ယသော်တို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဒေါ်မြဝန်းရံကိုတော့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုထားခဲ့ပါတယ်။
 
ဒါ့အပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ရှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူကိုတင်အောင်ကျော်နှင့် မိသားစုဝင် စိုင်းစည်သူတို့ကို ညောင်ရွှေအကျဉ်းထောင်(တောင်လေးလုံးထောင်)တရားရုံးကပဲ ထောင်ဒါဏ် (၃)နှစ်စီ ချမှတ်ခဲ့ပါတယ်။
 
ဖေဖော်ဝါရီ (၁)ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးအတိုင်းအတာဖြင့် သတင်းသမား စုစုပေါင်း ၁၁၀ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိတွင် ၄၀ ဦးကျော်ဟာ ဆက်လက်ထိန်းသိမ်းခံရဆဲဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #သံလွင်သွေးချင်း #မြဝန်းရံ

Related posts

Leave a Comment

VOM News

FREE
VIEW