စစ်တွေမှာ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး လုပ်ကြံခံရ

နိုဝင်ဘာ ၇- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်မှာ မနေ့ နိုဝင်ဘာလ ၆ ရက်၊ ညနေပိုင်း ၇ နာရီကျော်လောက်က ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသက်ဦး(၆၀) နှစ်ကို သေနတ်နဲ့ အနီးကပ်လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာဟာ စစ်တွေမြို့ ၊ရှုခင်းသာလမ်း၊ ကစ္စပနဒီမြစ်ကမ်းဘေးက RV (River Valley) စားသောက်ဆိုင်မှာ မိသားစုနဲ့အတူရှိနေစဉ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သေနတ်ဒဏ်ရာ (၄) ချက်ရရှိသွားကာ ဦးခေါင်းမှာ တချက်၊ လည်ပင်းသေနတ် ဒဏ်ရာတချက်၊ ပါးကျည်ဖောက်ဒဏ်ရာတချက်နဲ့ လည်ပင်းဓားဒဏ်ရာတချက် တို့ ဖြစ်ကြောင်း သိရပါတယ်။ သူရဲ့ဒဏ်ရာအခြေအနေဟာ လက်ရှိမှာ ခွဲစိပ်ကုသမှုခံယူပြီးလို့ အခြေအနေ ကောင်းမွန်ကြောင်းပြောပေမယ့် အသက်အန္တရာယ်နဲ့ ပတ်သက်ပြီး ပြောရခက်ကြောင်း ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောပါတယ်။ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတာဝန်ရှိသူတဦးက “ဖြစ်တာက RV ထဲမှာပါ။…

Read More

တာဝတိံသာပွဲ

ဆူးငှက် ” နဂါးလိမ် မိလ္လာသိင်္ဂါညွန့်မှာ၊ တိမ်ပြာဇာတွန့်မြအရောင် … ချိန်ခါ ဝါစွန့် လတန်ဆောင်ငယ် သရဒဦးသျှောင် ခေါင်ရတု။ ရှစ်ဋ္ဌာန်ဝန်းဝိုက် ပြိုတော့မည်လို လျှပ်ခြည်နတ်စည် ခြိမ့်ညောင်းဆော်ခဲ့ခု…” မသိုးကထိန် တန်ဆောင်ညီးလို့ တန်ဆောင်မုန်းကိုရှေးစာဆိုတို့က ဤသို့ဖွဲ့ခဲ့သည်။ တန်ဆောင်မုန်းမှာ မြောက်ပြန်လေညှင်းညှင်းသင့်သည်။ နှင်းဝတ်မှုန်တို့ ဖွဲဖွဲလွင့်သည်။ ခဝဲဖူးတို့ လူးလူးလွန့်သည်။ ထိုကာလ ထိုရာသီတွင် ကထိန်ပွဲမှာ ခင်းကျင်းကပ်လှူကြသည်။ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ခင်းကျင်းအပ်သော ကထိန်ပွဲတော်များကား ရတနာပုံမ်ခေတ်ကတည်းက မန္တလေးတွင် ဝှဲချီးကျင်းပသည့် ပွဲတော်များဖြစ်သည်။ ဤကထိန် ပွဲတော်များကား မန္တလေးထုံးတမ်းစဉ်လာအတိုင်းတန်ဆောင်မုန်းလဆန်း ၇ရက်၊ ၈ ရက်မှသည် လဆန်း၁၄ ရက်(လပြည့်အဖိတ်)အထိ အစဉ်အဆက် ကျင်းပကြခြင်းဖြစ်၏။ ထိုကထိန်ပွဲတော်နှင့်အတူ တန်ဆောင်တိုင်ဆီမီးပူဇော်ကြပုံများကိုလည်း ” မသိုးကထိန် တန်ဆောင်ညီးလို့၊ အာကာသမီးသီးသီးလှူတော်၊ မမိုးသိမ့်သိမ့် ကျာ်”ဟုစပ်ဆိုကြသည်။ ရတနာပုံမ်မန္တလေးခေတ်ကတည်းက ၁၂လရာသီ ပွဲတော်များအနက် ကထိန်ပွဲတော်ကို အထူးတလည်…

Read More
VOM News

FREE
VIEW