ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ထိုင်၀မ်အရေး အဓိကပါ၀င်ဖွယ်ရှိနေ

ဝါရှင်တန်၊ နို၀င်ဘာ-၁၁-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် သမ္မတအဖြစ်တာ၀န်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်သမ္မတရှီကျင်းပင်နဲ့ လာမယ့် သီတင်းပတ်မှာ လူချင်းတွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း အိမ်ဖြူတော်က နို၀င်ဘာ ၁၀ ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးအထူးယိုယွင်းနေချိန်နဲ့ ထိုင်၀မ်အရေးအပြင် ဒေသတွင်မှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးဖို့ အားထုတ်မှုတွေတိုးပွားနေချိန်မှာ သမ္မတနှစ်ဦးတွေ့ဆုံဖို့ စီစဉ်နေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ဒေသတွင်းလှုပ်ရှားမှုတွေကို တုံ့ပြန်မှုအဖြစ် အမေရိကန်က ချစ်ပ်နည်းပညာတွေ တရုတ်ကုမ္ပဏီတွေကို ရောင်းချအသုံးပြုခွင့် ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်ရေးအင်အားအသုံးပြုမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

တကယ်လို့ တရုတ်က ထိုင်၀မ်ကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုပြုလာမယ်ဆိုရင် အမေရိကန်က ခုခံကာကွယ်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW