ကာမိုင်းမြို့နယ် ထွေ / အုပ်ရုံးမှာ လက်နက်ကြီးကျည်ရောက်ပေါက်ကွဲလို့ ရုံးဝန်ထမ်း ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၄ ၊ ၂၀၂၂
SP( VOM)

ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ ကာမိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနားမှာ ဒီကနေ့ နိုဝင်ဘာ ၂၄ရက်နေ့လယ်၁၂ နာရီဝန်းကျင်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရုံး ဝန်ထမ်း တချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ကာမိုင်းမြို့ခံတွေဆီက သိရပါတယ်။

” ဖြစ်တာက နေ့လယ်ပိုင်း ထမင်းစား နားတဲ့အချိန် ၁၂ ဝန်းကျင်လောက်ဖြစ်တာ ၊ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲတာဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်း အကြီးတန်းစာရေး ဦးခွန်နော်ထူး ဆိုသူက စပန်ဒါ စထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ် ၊ အဲ့ဒိအပြင် ရုံးစာရေး ဦးမိုးကျော်သန်း ဆိုသူကတော့ ခြေတောက် ၂ ဘက် ပြတ်တောက်ဒဏ်ရာရတယ် ၊ နောက်ပြီး ရုံးအထွေထွေလုပ်သား ဒေါ် အေးငြိမ်းစု ကတော့ ပုခုံးပေါက်ပြဲဒဏ်ရာရတယ် ” လို့ ကာမိုင်း ထွေ / အုပ် အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် မိုးညှင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်ပြောပြတာက

” ကနဦး ခန့်မှန်းရတာက ၆၀ မမ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ဖြစ်နိုင်တယ် ၊ သေဆုံး ၁ ဦးနဲ့ ဒဏ်ရာရ ၂ ဦးကို ဆေးရုံမှာ ပို့ဆောင်ထားတယ် ၊ လူနာ ၂ ယောက်ထဲက ၁ ယောက်က စိုးရိမ်ရတဲ့အခြေအနေရှိပေမယ့် ကျန် ၁ ယောက်ကတော့ မစိုးရိမ်ရဘူး ” လို့ ပြောပါတယ်။

ကာမိုင်း ထွေ / အုပ်ရုံးနားကို ကျရောက်ပေါက်ကွဲတယ်ဆိုတဲ့ လက်နက်ကြီးကျည်ဟာ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာ VOM အနေနဲ့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

#voiceofmyanmar #VOM #ကာမိုင်းပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW