ဘုတ်ပြင်းမြို့မရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သား ၅ယောက် ထွက်ပြေးသွားမှုဖြစ်ပွါး

နိုဝင်ဘာ ၂၃ ၊ ၂၀၂၂
SP (VOM)

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်သားတွေထဲက ၊ အချုပ်သား ၅ ဦးဟာ မနေ့ နိုဝင်ဘာ ၂၂ ရက် ၊ မနက်အစောပိုင်းက ဖောက်ထွင်းထွက်ပြေးသွားတယ်လို့ ဘုတ်ပြင်းမြို့ခံတွေဆီက သိရပါတယ်။

” ဘုတ်ပြင်းမြို့မရဲစခန်းမှာရှိတဲ့ အချုပ်ခန်းကို ဖောက်ပြီး အဲ့ဒီအချုပ်ခန်းထဲက အချုပ်သား ၅ ဦး ထွက်ပြေးသွားတာလို့ ကြားရတယ် ၊ ပြေးသွားတဲ့ အချုပ်သားတွေထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မနဲ့ အချုပ်ခံထားရသူ ၁ ဦး ၊ CDM လုပ်ပြီးနောက် ပြန်ဖမ်းမိထားတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း ၁ ဦး ပါဝင်တယ် “လို့ ဘုတ်ပြင်မြို့ခံ တယောက်က ပြောပါတယ်။

ဘုတ်ပြင်းမြို့မရဲစခန်းနဲ့ နီးစပ်သူ တယောက်က ” မနေ့က မနက်ပိုင်း ၃ နာရီဝန်းကျင်က ဖြစ်ပွားတယ်လို့ ခန့်မှန်းရတယ် ၊ ရဲစခန်းဘက်က သေနတ်သံ သုံးလေးချက် ကြားလိုက်ရတယ် ၊ ဒီမနက်သိရတာက အချုပ်ခန်း တန်းကိုဟပြီး အဲ့ဒီကနေ အချုပ်သား ၅ ဦး ပြေးသွားတာ “လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိတော့ ဆက်သွယ် မရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက် မနက် ၃ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့ ၊ ခန္တီးမြို့မရဲစခန်းမှာ ရှိတဲ့ အချုပ်ခန်းဖောက်ခံရပြီး အချုပ်သား ၁၄ ယောက်ထွက်ပြေးတဲ့အခါ ၅ ဦးပြန်မိပြီး ၉ ဦး လွတ်မြောက်သွားတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဘုတ်ပြင်း

Related posts

Leave a Comment

VOM News

FREE
VIEW