AYA Bank ကို အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ လုပ်နေ

နိုဝင်ဘာ ၂၉-၂၀၂၂
GG (VOM)

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က သူပိုင်တဲ့ AYA Bank ကို အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

AYA Bank ကို အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့အတွက် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံကိုလည်း တင်ပြထားပြီး​ဖြစ်တယ်လို့ နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

” အများပိုင်ပြောင်းလိုက်ပြီဆိုတော့ မကြာခင် ရှယ်ယာတွေထုတ်ရောင်းတော့မယ့်သဘောပေါ့။ ကုမ္ပဏီဘက်ကရှေ့နေကလည်း ပြောထားတာတွေ့လိုက်တယ် ရှယ်ယာတွေ ပြည်သူတွေကိုထုတ်ရောင်းဖို့ရည်ရွယ်လုပ်တဲ့အကြောင်းပေါ့ “လို့ စီးပွားရေး လုပ်ငန်းရှင်တဦးကပြောပါတယ်။

ပြန်တမ်းမှာဖော်ပြထားတာကတော့ ဧရာဝတီဘဏ်လီမိတက်အနေနဲ့ အများနဲ့မသက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ်ကနေ အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီအဖြစ်ကို အမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြထားပြီး မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီမှ တင်ပြတဲ့ လျှောက်ထားခြင်းကို ကျေနပ်လက်ခံပြီး တရားရုံးရဲ့ အမိန့်တစ်ရပ်ရပ်အရ တားမြစ်ခြင်းမရှိရင် ကုမ္ပဏီရဲ့ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေ ကို ပြောင်းလဲပေးမယ်လို့ ရေးသားထားပါတယ်။

ဦးဇော်ဇော်ဟာ ဧရာဝတီဘဏ်ကို ဗဟိုဘဏ်ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ပုဂ္ဂလိကဘဏ်တစ်ခုလည်းဖြစ်ပါတယ်။

AYA Bankရုံးချုပ်က ရန်ကုန်တိုင်းမှာရှိပြီး ပြည်တွင်းက မြို့နယ်အသီးသီးမှာ ဘဏ် ခွဲပေါင်း ၂၆၀ ကျော်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #AYAbank

Related posts

Leave a Comment

VOM News

FREE
VIEW